Admin
Administrator
လိင်(ကျား/မ) :
ရေးသားချက်ပေါင်း : 12
ရမှတ်ပေါင်းမှာ : 43
ရေးသားချက် သဘောကျခံရမှု : 0
ဖိုရမ် ပြိုင်ပွဲများမှ ဆုရရှိမှုများ :
မှတ်ပုံတင်သည့်နေ့ : 2009-03-13
အသက် : 33
တည်နေရာ : Lashio
အလုပ်အကိုင်/၀ါသနာ : Student
|
Subject: ဖိုရမ်ထိန်းများလိုက်နာရမည့် စည်းကမ်းများ။ 28th April 2009, 12:03 am |
|
|
(၁) ဖိုရမ်ထိန်း တာဝန်ပေးအပ်ထားခြင်းမှာ လိုအပ်သော လုပ်ဆောင်ချက်များ ပြုလုပ်ရန်သာဖြစ်သည်။ (၂) ဖိုရမ်၏ ဂုဏ်ပုဒ်တို့ကို ညိုးနွမ်းစေနိုင်သော စကားလုံး၊ အရေးအသားများ၊ ပြောဆိုချက်များရှိပါက adminထံသို့ ချက်ချင်းတိုင်ကြား ရမည်။ (၃) အကောင့်ပိတ်သိမ်းနိုင်လောက်သည့် ရေးသားချက်မျိုးရှိပါက admin အား ချက်ချင်းအကြောင်းကြားရမည်။ (၄) တားမြစ်အပ်သော ရေးသားချက်များကို ဖျက်ပစ်မည်ဆိုပါက ထိုစာကို မိမိထံတွင် တစ်ခုထားရှိပြီး admin အား တစ်ခု mail ဖြင့် ပေးပို့ထားရမည်။ (၅) အခါအားလျော်စွာ ထုတ်ပြန်သော စည်းကမ်းများကို လိုက်နာရမည်။ (၆) မိမိအနေဖြင့် အသင်းဝင်များအတွက် စည်းကမ်းချက်အသစ်များ ထုတ်ပြန်လိုပါက admin အား အကြောင်းကြား၍ admin ၏ ခွင့်ပြုချက်ရရှိမှ ရေးသားရမည်။ (၇) အခါအားလျော်စွာ ပေးအပ်ထားသော တာဝန်များကိုလည်း လိုက်နာနိုင်ရမည်။ (၈) စည်းကမ်းချက်များကို မဖျောက်ဖျက်ပဲ ပုဂ္ဂိုလ်ရေး မကျေမနပ်ချက်များဖြင့် ထိုပုဂ္ဂိုလ်၏ ရေးသားချက်များကို ဖျက်ပစ်ခြင်းများ မလုပ်ရပါ။ (၉) ဖိုရမ်ထိန်းတစ်ယောက်သည် ဖိုရမ်ကို တစ်လတိတိ ပြင်ဆင်ခြင်း၊ ၀င်ရောက်ခြင်းမရှိပါက ဖိုရမ်ထိန်းအဖြစ်မှ ထုတ်ပယ်မည်။ ပျက်ကွက်မည့် အကြောင်းတစ်စုံတစ်ရာ ရှိပါက admin သို့ ကြိုတင်အကြောင်းကြားထားရမည်။ အကြောင်းကြားခြင်းမရှိပဲ ပျက်ကွက်ပါက နောင်တစ်ချိန်တွင်လည်း ဖိုရမ်ထိန်းတာဝန်ကို လုံးဝ လုံးဝ ပေးအပ်တော့မည်မဟုတ်ကြောင်း အသိပေးအပ်သည်။ (၁၀) ဖိုရမ်ထိန်းသည် အသင်းဝင်များအတွက်သတ်မှတ်ထားသော စည်းကမ်းများကိုလည်း လိုက်နာရမည်ဖြစ်သည်။ အထက်ပါ စည်းကမ်းချက်များသည် ဖိုရမ်ထိန်းများ မဖြစ်မနေ လိုက်နာရမည့် စည်းကမ်းချက်များဖြစ်ပါသည်။ သတ်မှတ်ချက်များကို လိုက်နာခြင်းမရှိပါက ဖိုရမ်ထိန်းအဖြစ်မှ ထုတ်ပယ်မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Admin မြှားနတ်မောင်(အချစ်နှင့် ခံစားမှုသီးသန့် ဖိုရမ်)
|
|