မြှားနတ်မောင်
မြှားနတ်မောင် (အချစ်နှင့် ခံစားမှုသီးသန့်) ဖိုရမ်အား လာရောက်လည်ပတ်ပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်။ ဖိုရမ်တွင်းဝင်ရောက်လိုပါက log in ကို click နှိပ်ပေးခြင်းဖြင့်လည်းကောင်း၊ အသင်းသားအဖြစ် မှတ်ပုံတင်လိုပါက Register ကို click နှိပ်ခြင်းဖြင့် လည်းကောင်း၊ ဧည့်သည်တော်အနေဖြင့် အသုံးပြုလိုပါက Do not display again ကိုနှိပ်၍ လည်းကောင်းအသုံးပြုနိုင်ပါသည်။
မြှားနတ်မောင်


 
email အသုံးပြုရန်email အသုံးပြုရန်  HomeHome  Portal*Portal*  GalleryGallery  RegisterRegister  Log in  email အသုံးပြုရန်email အသုံးပြုရန်  
"မြှားနတ်မောင်(အချစ်နှင့် ခံစားမှုသီးသန့်) ဖိုရမ်အား လာရောက်လည်ပတ်ပေးတဲ့ Guest တစ်ယောက် ကိုယ် စိတ် နှလုံး သုံးပါးလုံး ရွှင်လန်းချမ်းမြေ့ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးပါတယ်ခင်ဗျာ။"
Log in
Username:
Password:
Log in automatically: 
:: I forgot my password
ဧည်သည်တော်အတွက်လမ်းညွှန်
ဖိုရမ်စာမျက်နှာများ
ဖိုရမ်ရေးသားချက်များသို့ ၀င်ရန်




ရေးသားချက်အသစ်များ
» နဲနဲလေးတွေးရအောင် .....
2nd August 2013, 10:23 pm by

» မင်းအတွက်....
2nd August 2013, 10:15 pm by

» ကျွန်မကတော့
31st July 2013, 11:49 pm by

» အချစ်ဟာတစ်ခါတစ်လေ ပူလောင်တတ်လား?
25th May 2013, 4:44 pm by

» အချစ်ကိုခံစားဖူးသူတွေအတွက်..
25th May 2013, 4:36 pm by

» စရိုက်များတဲ့ ဘဝစာမျက်နှာ
23rd December 2012, 1:20 am by

» ရှားတော့မယ်ထင်ပါရဲ့
30th July 2012, 12:28 am by

» အချစ်ဆိုတာ
27th May 2012, 4:41 pm by

» သူငယ်ချင်းအားလုံးဘဲ မင်္ဂလာပါ
27th May 2012, 3:44 pm by


 

ကျေနပ်ပါသည်

View previous topic View next topic Go down 
Author Message
ဘာကိုမှမသိချင်သူ
နားလည်စအရွယ်
နားလည်စအရွယ်


လိင်(ကျား/မ) : Female Cancer ရေးသားချက်ပေါင်း : 23
ရမှတ်ပေါင်းမှာ : 69
ရေးသားချက် သဘောကျခံရမှု : 0
ဖိုရမ် ပြိုင်ပွဲများမှ ဆုရရှိမှုများ :
မှတ်ပုံတင်သည့်နေ့ : 2011-08-18
အသက် : 30
တည်နေရာ : Yangon
အလုပ်အကိုင်/၀ါသနာ : writting & Internet

PostSubject: ကျေနပ်ပါသည်   21st August 2011, 1:15 pm

ဝရန်တာဝယ်ရပ်ရင်း လမင်းကို မော့ကြည့်မိတော့ လကလည်းတော်တော်လေးကို သာနေသည်။ ဒီကမ္ဘာမှာ သူ့လောက် အလှပအတင့်တယ်ဆုံးသူ မရှိဘူး ဆိုသည့် အဓိပ္ပါယ်နှင့် ကြွားကြွားရွားရွား ဝိုင်းစက်ဝင်းလက်လို့။ ကြယ်လေးတွေကလည်း ဒီညကျမှပဲ လမင်းကိုခစားနေလိုက်ပုံများ။ စုံစုံလင်လင်နှင့်။ လမင်းရဲ့ အေးမြတဲ့ ဝင်းလဲ့လဲ့အရောင်က လက်ရှိ သူနေထိုင်နေတဲ့ ကမ္ဘာတစ်ခြမ်းပေါ် ဖြန့်ကျက်ထားလေရဲ့။ ဒီလရောင်ကိုငေးနေရင်း ငြိမ်းချမ်းနေသူတွေလည်း ရှိနိုင်ပါသည်။ သူကတော့ ဒီလရောင်အောက်မှာ၊ ကောင်းကင်ရဲ့ ငြိမ်းချမ်းမှုအောက်မှာ မအေးချမ်းနိုင်သူတစ်ဦးသာ။ တစ်ချို့တစ်ချို့သော နေရာတွေမှာလည်း အကြောင်းပြချက်မတူညီစွာဖြင့် သူ့လိုပင် တူညီစွာမငြိမ်းချမ်းနိုင်သူတွေ မအေးချမ်းနိုင်သူတွေ ရှိနေပါလိမ့်မည်။
သူ့တွင်လည်း ကြယ်စုံလစုံသော ကောင်းကင်ရှိပါလျှက် နွေးထွေးခြင်း၊ အေးမြခြင်းတို့ ကင်းမဲ့နေသည်လေ။
……………………………………………………………………………………………………………………………
“မေမေ၊ ဖေဖေ သားအဆင့်တစ် ရတယ်၊ လပတ်စာမေးပွဲမှာ”
“သြော် အေးအေး ပြီးမှ ရီပို့ကဒ်မှာ လက်မှတ်ထိုးပေးမယ်နော် မေမေတို့ အလုပ်ရှုပ်နေလို့ …ဗိုက်ဆာရင် မီးဖိုချောင်ထဲမှာ ထမင်းကော၊ ဟင်းကောရှိတယ် သားဘာသာ သား ခူးစားလိုက်တော့ ကြားလား”
ရီပို့ကဒ်လေးကိုင်ကာ ချီးကျူးစကားမျှော်လင့်နေသူ ကလေးငယ် မှိုင်သွား၏။
“ဟုတ်” …ဟု ဖြေဆိုရင်း မိဘနှစ်ပါးကိုကြည့်လိုက်တော့ စားပွဲပေါ်ဝယ် စာရင်းဇယားများစွာတို့နှင့် မအားမလပ်ဖြစ်နေကြသည်။
……………..
ထိုကတည်းကများ သူ စာကြိုးစားသည်ဖြစ်စေ၊ စာမကြိုးစားသည်ဖြစ်စေ သူ့မိဘနှစ်ပါးအတွက် အရေးမကြီး ဟု မှတ်ယူခဲ့လေသလား။ ဟုတ်သည်ထင်ပါသည်။ ထိုနောက်ပိုင်းဝယ် သူအမှတ်နည်းသွားသော်လည်း မိဘနှစ်ပါး၏ လက်မှတ်ကိုတော့ မှန်မှန်ရခဲ့ဆဲ။ မေးခွန်းကင်းလွတ်စွာ။
……………………………
“မေမေ နက်ဖြန် ကျောင်းပိတ်တယ်…..ရုပ်ရှင်လိုက်ပြ…နေပြည်တော်ရုံမှာ”
“သားရယ်နောက်တစ်ခေါက်မှပေါ့….”
“ဖေဖေ့”
”နက်ဖြန်ရုံးကိစ္စစာရင်းတွေ အပြီးသတ်ဖို့ အရေးကြီးတယ်နော် မခိုင်၊ သားရယ် နောက်မှသွားရအောင်”
“ဟုတ်တယ် အစ်ကိုရေ…သားရယ် နောက်မှနော်”
ရုံးဝတ်စုံကို လဲလှယ်နေသော မိဘနှစ်ပါးရှေ့မှ ကလေးငယ် ထွက်လာခဲ့မိပြီ။ ဘွားအေဖြစ်သူက
“သားသွားချင်ရင် ဘွားဘွား လိုက်ပို့ပေးမယ်လေ”
“သားက မေမေတို့နဲ့ သွားချင်တာ..သားသူငယ်ချင်း အောင်နိုင်ဆို အဲလို ခဏခဏသွားနေကျ သူ့ဖေဖေက ဘာဝယ်ပေးတယ်..သူ့မေမေက ဘာလုပ်ပေးတယ်ဆိုပြီး အမြဲပြန်ပြောပြတယ်”

ကလေးငယ် စကားသံလေးတွေ တိမ်ဝင်သွားကာ ဘွားအေရင်ခွင်ထဲတိုးဝင်သွား၏။ ဘွားအေဖြစ်သူက သမီးဖြစ်သူနှင့် သားမက်ဖြစ်သူလင်မယားကို ကြည့်မိတော့ နှစ်ယောက်သား စာရင်းတွေဇယားတွေနှင့် အလုပ်ရှုပ်နေကြပြန်သည်။ နှစ်ယောက်လုံးက ဘာသိဘာသာနေတတ်သူတွေဆိုသော်ငြား၊ အလုပ်ကို ခင်တွယ်သူတွေ ဆိုသော်ငြား ကိုယ့် သားလေးကိုယ်တော့ ဂရုစိုတ်သင့်ပါသည်လေ။ ကိုယ်ပြော၍လည်းရမည်မဟုတ်။ ကလေးငယ်ကို ပွေ့ဖတ်ထားသော ဘွားအေ သက်ပြင်းတစ်ချက်ခိုးချလိုက်မိသည်။
…………………………………………………………………..
သူ့ကိုယ်သူပင် အသေအချာမသိနိုင်အောင် ဖေဖေ၊ မေမေ ဆိုသည့် ဝေါဟာရကို မည်သည့်အချိန်ကများ အဖေ၊ အမေ ဟု ပြောင်းလဲခဲ့ပါသလဲ။ သူ သတိမထားမိခဲ့ပါ။ အဖေနှင့် အမေလည်း သတိထားမိမည်မထင်ပါ။ ဘာပဲဖြစ်ဖြစ် သူ့အပေါ် အစွမ်းကုန်ဂရုစိုတ်ခဲ့သော ဘွားအေကိုတော့ သူအလွန်အင်မတန်မှပင် တွယ်တာခဲ့ပါသည်လေ။
……….
“အောင်နိုင်ရာ..ငါမသွားချင်ဘူး…ငါတို့သွားရင် ဘွားဘွားနဲ့ တွေ့ရတော့မှာမဟုတ်ဘူး…ဘွားက ဒီမှာပဲ ဒေါ်လေးနဲ့ နေခဲ့မှာ..တဲ့”
သူငယ်ချင်းဖြစ်သူကို နားလည်စွာကြည့်ရင်း အောင်နိုင်ဆိုသူကလေးငယ်က…
“မင်းအမေနဲ့အဖေက ရာထူးတိုးတာလား”
“သိဘူး..အဖေက ပရိုမိုးရှင်းတဲ့..အမေက ထရန်စဖာ တဲ့..ဘာလဲတော့မသိဘူး..နောက်တစ်ပတ်ဆိုရင်တော့ ရန်ကုန်ကိုသွားရတော့မှာသေချာတယ်“”
“အေးကွာ..ငါ့ဆီလည်း စာရေးဦးနော်”
“အင်း”..။ ခေါင်းကို ခပ်လေးလေး ငြိမ့်ပြရင်း ကလေးငယ် ငိုင်သွားပြန်ပါသည်။
…………………………………………
သူ လရောင်ကို ပြန်ငေးကြည့်နေမိပြန်ပါသည်။ နွေးထွေးမှုဆိုတာကိုမပေးနိုင်ပဲနှင့် ဘာ့ကြောင့်များ သူ့ကို မွေးဖွားခဲ့သလဲ။ ဘာလိုလိုနှင့် သူ ရန်ကုန်ကိုရောက်တာ နှစ်နှစ်တောင်ကျော်ပြီ။ အမေနှင့် အဖေကတော့ ယခင်အတိုင်း မပြောင်းမလဲ။ ရောက်စက ကျောင်းကို သုံးခါလောက်လိုက်ပို့ပေးသည်မှစ၍ သူ့အတွက် အချိန်မပေးနိုင်ကြတော့။ သူပင် ရှစ်တန်းအောင်လို့ ကိုးတန်းကျောင်းသားဖြစ်နေချေပြီ။
ဘွားဘွား ကတော့ သူ့ကို ခဏခဏပြောသည်။ လူကြီးတွေက အလုပ်များလို့ပါတဲ့။ သူလက်ခံပါသည်။ သို့သော် မိဘနှင့်အတူလာသော ကျောင်းသားတွေ တွေ့တော့ သူလည်း အားကျမိသည်သာ။ အရွဲ့မတိုက်ပဲ စာကြိုးစားပါ မြေးရယ်..တဲ့။ တမင်တကာ အရွဲ့တိုက်နေတာကိုမဟုတ်ပဲ စာကျက်ချင်စိတ်တို့ ပျောက်ဆုံးနေခြင်း။
ဒီရန်ကုန်မှာ သူ သူငယ်ချင်းအသစ်တွေ ရပါသည်။
မင်းလွင်။
မင်းလွင် အမေက ဆိုလျှင် မင်းလွင်ကို တအားချစ်သည်။ မင်းလွင် အဖေကမူ နည်းနည်း မိန်းမရှုပ်သည်။ သို့သော်လည်း အားလပ်ရက်နေ့ ဆှိုလျင် မင်းလွင်တို့ မောင်နှမ သုံးယောက်ကို တိရိစ္ဆာန်ဥယျာဉ်သို့ လိုက်ပို့သည်။ ရွှေတိဂုံဘုရားသို့ လိုက်ပို့သည်တဲ့။ သူတို့လည်းသွားဖြစ်ပါသည်။ သို့သော် တစ်နှစ်မှ နှစ်ခေါက်လောက်သာ။
မင်းလွင်တို့ မောင်နှမသုံးယောက် စာကြည့်သည့်အချိန်ဝယ် မင်းလွင်အမေက အနားမှ စောင့်ကာ စာကြည့်ပေးသည်တဲ့။ အားကျလိုက်ပါဘိခြင်း။
အောင်လွင် ကျတော့ တစ်မျိုး။ ဖအေနှင့် မအေက ကွဲနေသည်။ သို့သော် အောင်လွင် လိုရာဖြည့်ဆည်းပေးဖို့ ငွေထုပ်ပစ်ပေးထားသည်လေ။ ဒီတော့ အောင်လွင်နှင့် သူ တွဲဘက်ဖြစ်သွားသည်မှာ မဆန်းပါလေ။ သို့သော် အောင်လွင်က သူရှုပ်သလို သူ့ကိုတော့ မရှုပ်စေပါ။ မကောင်းသည့်အရာ မလုပ်ရန်တားသည်သာ။ ဒီနေ့တော့ အောင်လွင် ဆေးလိပ်သောက်နေတာတွေ့၍ အောင်လွင် တားသည့်ကြားက သူလည်း စမ်းရန် တစ်လိပ်တောင်းလာခဲ့မိသည်။ ဘူးထဲမှာကလည်း ရှားရှားပါးပါး တစ်လိပ်သာကျန်တော့သည်ဆိုတော့ ဘူးနှင့်ပါပေးလိုက်သည်လေ။
ဆေးလိပ်ကို အောင်လွင် သောက်သလို နှုတ်ခမ်းမှာ ခဲလိုက်ရင်း မီးညှိလိုက်ချိန်ဝယ်..ရုတ်တရက် နှုတ်ခမ်းမှ ဆေးလိပ်ကို ဆွဲယူခြင်းခံလိုက်ရသည်။ ကြည့်လိုက်တော့ အဖေ။ မီးဝင်းဝင်းတောက်နေသည့် မျက်လုံးများနှင့်။ ထို့နောက်……
“ခွပ်”
ပါးပေါ်ဝယ် လက်သီးရာ ထင်သွားမလား။ ထင်သွားလောက်ပါသည်။ သူခံလိုက်ရတာတော်တော်ပြင်းသည်။ ပါးစပ်ကနေ ကြိမ်းမောင်းနေသည့် အဖေ့စကားတို့ကို ကြားတစ်ချက်မကြားတစ်ချက်။
“ပျက်စီးရေးလမ်းစပေါ်ရောက်နေပြီလားကွ..ဟေ ငါသိတယ်…အောင်လွင်လို လူပေါ်ကြော့နဲ့ တွဲနေတာ တစ်နေ့ပျက်စီးမယ်ဆိုတာ”
သူငယ်ချင်းရေ တောင်းပန်ပါတယ်။ ငါ့အတွက် မင်းအပြောခံရပြီ။
စိတ်ထဲဝယ် အောင်လွင်ကို တောင်းပန်လိုက်ရင်း သူ မကျေနပ်သည့်ပုံနှင့် အဖေ့ရှေ့ ဆက်ရပ်နေသေးသည်။ ထို့နောက် အဖေအပြင်ထွက်သွားပြန်သည်။ သူလည်း သူ့အိပ်ခန်းသို့ဝင်လိုက်ကာ တံခါးကို လောခ့်ချထားလိုက်မိ၏။ ပါးက ဒဏ်ရာကို အဝတ်ဖြင့် ကျပ်ဖုထိုးရင်း ကျေနပ်စွာ ပြုံးမိလိုက်ပြန်သည်။ ကြည်နူးစွာ ရယ်မိပြန်သည်။ ဒါသည် အဖေ၏ ပထမဆုံးသော သူ့အပေါ် စိတ်ဝင်စားမှု။
ဟော..အသံတွေ ကြားသည်။ အဖေနှင့် အမေ ပြန်လာပြီထင်သည်။ တံခါးကို အသာအယာဟကြည့်လိုက်မိတော့ နှစ်ယောက်လုံးမျက်နှာမကောင်း။ စိတ်တော့မကောင်းပါ။ သို့သော် သူကျေနပ်နေပါသည်။
ဟော အမေ့လက်ထဲမယ် ဆေးလိပ်ဘူးခွံ။ အောင်လွင်ပေးလိုက်သော ဆေးလိပ်ဘူးခွံ။
……………………………..
နှစ်လခန့်ကြာသော် ဧည့်ခန်းထဲဝယ် ဇယားတစ်ခု။
အဖေဖြစ်သူက ကျောင်းလိုက်ပို့ရန်နေ့။ အမေဖြစ်သူက ကျောင်းလိုက်ပို့ရန်နေ့။
ညပိုင်းဝယ် သားဖြစ်သူနှင့် အတူစာကျက်ရန် အချိန်ဇယား။ ….စသဖြင့်…
ကိုးတန်းကျောင်းသားလေးတစ်ယောက်ကတော့ ထိုဇယားကို ကြည့်ဖြစ်သည့် အချိန်တိုင်း ပြုံးနေလေ့ရှိပြီး ပါးတစ်ဖက်ကို ပွတ်သပ်လေ့ရှိသည်။ ကျောင်းရောက်သည့်အချိန်ဝယ် သူ့သူငယ်ချင်းတစ်ယောက်ကတော့ သူ့ကိုနားလည်စွာ ငေးကြည့်နေမြဲ။ သူကလည်း ထိုသူငယ်ချင်းကို တောင်းပန်နေသော မျက်လုံးမျိုးများနှင့်။ အဲ …မိခင်ဖြစ်သူ ပြန်ချိန်တွင်မတော့ သူငယ်ချင်းသုံးယောက် ဟေးလားဝါးလားပေါ့။ ဆယ်တန်းရောက်လျှင် ဘော်ဒါဆောင်ပို့မည်တဲ့။ ဘာပဲဖြစ်ဖြစ်လက်ရှိအချိန်မှာတော့ သူကျေနပ်နေပါသည်။ ပျော်ရွှင်နေပါသည်။
………………………….
“ဟေ့ရောင် ငဇက် အခြေအနေ ဘယ်လိုလဲ…မနေ့ညက မင်းဘေးမှာ ဘယ်သူရှိလဲ”
“မနေ့ညက အမေ ရှိတယ်လေ…ငါစာကြည့်ရင်းငိုက်မှာစိုးလို့တဲ့ လဖက်သုပ်တောင် သုပ်ပေးသေးတယ်”
မင်းလွင်က
“ငဇက် ငါတောင် နာလိုတော့ဘူးနော်”
သုံးယောက်သား သံပြိုင်ရယ်ဖြစ်မိကြတော့သည်။
ငဇက်မိဘတွေက အောင်လွင့်ကို အမြင်မကြည်ကြ။ ပျက်စီးနေသော လူပေါ်ကြော့အဖြစ်မြင်ကြသည်။ သူ့ကြောင့် ငဇက် ပျက်စီးမှာ စိုး၍ထင့်။
အောင်လွင်ကျေနပ်ပါသည်။ ကိုယ်က မိတစ်ကွဲဖတစ်ကွဲပေမဲ့ သူ့သူငယ်ချင်းငဇက် ဒီလို ပျော်ရွှင်နေတာတွေ့ရသည်ကို။ ကိုယ့်လို လူမျိုးများများမရှိစေချင်ပါ။ လူကြီးတွေက မှန်သည် ဆုံးဖြတ်ထားသည့်အရာသည် တစ်ခါတရံတော့ ကလေးတွေအတွက် ဒဏ်ဖြစ်သွားတတ်သည်။ အမေနှင့် အဖေလည်း သိမည်မထင်ပါ။ စိတ်သဘောထားမတိုက်ဆိုင်ဟု ဆိုကာ ကွာရှင်းခဲ့သော အမေနှင့် အဖေသည် သူတို့၏ သွေးသားဖြစ်သော ကိုယ့်ကို ချစ်မှာ မလွဲဧကန်။ သို့သော်..။ သို့သော်နှင့် ပင် ရပ်ထားချင်ပါသည်။ ဆက်မတွေးချင်ပါ။ ရင်ဝယ် မချိလွန်းလို့။
အသက်၁၄ နှစ်ရှိပြီဖြစ်သော ကိုးတန်းကျောင်းသားတစ်ယောက်အနေနှင့် မိဘတွေကို တွယ်တာမှု အားနည်းသွားပြီလို့များတွေးထားသလား။ သို့မဟုတ် ယောင်္ကျားလေးတစ်ယောက်အနေနှင့် သိပ်ဂရုစိုတ်စ၇ာမလိုဟုများတွေးထားသလား။ တစ်ခုတော့ ပြောချင်ပါသည်။
သားသမီးဆိုသည်မှာ မည်သည့်အသက်အရွယ်ရောက်ရောက်၊ ယောင်္ကျားလေးဖြစ်စေ၊ မိန်းခလေးဖြစ်စေ မိဘမေတ္တာကို ငတ်မွတ်နေစမြဲလို့။
လောလောဆယ်တော့ ငဇက်အတွက် သူပျော်နေပါသည်။ သူကျေနပ်ပါသည်လေ။
………………………………………………………………………………………………………………………………………………………….
ဘာကိုမှမသိချင်သူ
19 August 2011
Back to top Go down
http://www.htayhsu.multiply.com

ကျေနပ်ပါသည်

View previous topic View next topic Back to top 
Page 1 of 1
သတိပေးတားမြစ်ချက်
"ပုံကလေးများသာပါသော စာကြောင်းရေးသားခြင်းနှင့် forum နှင့် topic အတွက် အဓိပ္ပါယ်မရှိသော စာသားများ ရေးသားခြင်းကို ခွင့်မပြုပါ။"

Permissions in this forum: You cannot reply to topics in this forum
မြှားနတ်မောင် :: အချစ်နှင့် ရသစာပေများ(ကဗျာ၊ ၀တ္ထု၊ ဆောင်းပါး၊ ဟာသ၊ ဒဿန) :: ၀တ္ထု :: ကိုယ်တိုင်ရေး ၀တ္ထုများ။ -
Free forums hosting | © phpBB | Free forum support | Contact | Report an abuse | Free forum