မြှားနတ်မောင်
မြှားနတ်မောင် (အချစ်နှင့် ခံစားမှုသီးသန့်) ဖိုရမ်အား လာရောက်လည်ပတ်ပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်။ ဖိုရမ်တွင်းဝင်ရောက်လိုပါက log in ကို click နှိပ်ပေးခြင်းဖြင့်လည်းကောင်း၊ အသင်းသားအဖြစ် မှတ်ပုံတင်လိုပါက Register ကို click နှိပ်ခြင်းဖြင့် လည်းကောင်း၊ ဧည့်သည်တော်အနေဖြင့် အသုံးပြုလိုပါက Do not display again ကိုနှိပ်၍ လည်းကောင်းအသုံးပြုနိုင်ပါသည်။
မြှားနတ်မောင်
မြှားနတ်မောင် (အချစ်နှင့် ခံစားမှုသီးသန့်) ဖိုရမ်အား လာရောက်လည်ပတ်ပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်။ ဖိုရမ်တွင်းဝင်ရောက်လိုပါက log in ကို click နှိပ်ပေးခြင်းဖြင့်လည်းကောင်း၊ အသင်းသားအဖြစ် မှတ်ပုံတင်လိုပါက Register ကို click နှိပ်ခြင်းဖြင့် လည်းကောင်း၊ ဧည့်သည်တော်အနေဖြင့် အသုံးပြုလိုပါက Do not display again ကိုနှိပ်၍ လည်းကောင်းအသုံးပြုနိုင်ပါသည်။
မြှားနတ်မောင်
Would you like to react to this message? Create an account in a few clicks or log in to continue.
မြှားနတ်မောင်


 
email အသုံးပြုရန်email အသုံးပြုရန်  HomeHome  Portal*Portal*  GalleryGallery  Latest imagesLatest images  RegisterRegister  Log in  email အသုံးပြုရန်email အသုံးပြုရန်  
"မြှားနတ်မောင်(အချစ်နှင့် ခံစားမှုသီးသန့်) ဖိုရမ်အား လာရောက်လည်ပတ်ပေးတဲ့ Guest တစ်ယောက် ကိုယ် စိတ် နှလုံး သုံးပါးလုံး ရွှင်လန်းချမ်းမြေ့ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးပါတယ်ခင်ဗျာ။"
Log in
Username:
Password:
Log in automatically: 
:: I forgot my password
ဧည်သည်တော်အတွက်လမ်းညွှန်
ဖိုရမ်စာမျက်နှာများ
ဖိုရမ်ရေးသားချက်များသို့ ၀င်ရန်




ရေးသားချက်အသစ်များ
» နဲနဲလေးတွေးရအောင် .....
ဘယ်သူနိုင်မလဲ Empty2nd August 2013, 10:23 pm by

» မင်းအတွက်....
ဘယ်သူနိုင်မလဲ Empty2nd August 2013, 10:15 pm by

» ကျွန်မကတော့
ဘယ်သူနိုင်မလဲ Empty31st July 2013, 11:49 pm by

» အချစ်ဟာတစ်ခါတစ်လေ ပူလောင်တတ်လား?
ဘယ်သူနိုင်မလဲ Empty25th May 2013, 4:44 pm by

» အချစ်ကိုခံစားဖူးသူတွေအတွက်..
ဘယ်သူနိုင်မလဲ Empty25th May 2013, 4:36 pm by

» စရိုက်များတဲ့ ဘဝစာမျက်နှာ
ဘယ်သူနိုင်မလဲ Empty23rd December 2012, 1:20 am by

» ရှားတော့မယ်ထင်ပါရဲ့
ဘယ်သူနိုင်မလဲ Empty30th July 2012, 12:28 am by

» အချစ်ဆိုတာ
ဘယ်သူနိုင်မလဲ Empty27th May 2012, 4:41 pm by

» သူငယ်ချင်းအားလုံးဘဲ မင်္ဂလာပါ
ဘယ်သူနိုင်မလဲ Empty27th May 2012, 3:44 pm by


 

ဘယ်သူနိုင်မလဲ

View previous topic View next topic Go down 
Author Message
ဘာကိုမှမသိချင်သူ
နားလည်စအရွယ်
နားလည်စအရွယ်


လိင်(ကျား/မ) : Female Cancer ရေးသားချက်ပေါင်း : 23
ရမှတ်ပေါင်းမှာ : 69
ရေးသားချက် သဘောကျခံရမှု : 0
ဖိုရမ် ပြိုင်ပွဲများမှ ဆုရရှိမှုများ : ဘယ်သူနိုင်မလဲ Empbar10
မှတ်ပုံတင်သည့်နေ့ : 2011-08-18
အသက် : 37
တည်နေရာ : Yangon
အလုပ်အကိုင်/၀ါသနာ : writting & Internet

ဘယ်သူနိုင်မလဲ Vide
PostSubject: ဘယ်သူနိုင်မလဲ   ဘယ်သူနိုင်မလဲ Empty18th August 2011, 11:04 am

(၁)

သူမတော်တော်စိတ်ညစ်နေပြီ….။

သူမလည်းအပျိုကြီး မဖြစ်ချင်ပါဘူး။ ဒါပေမဲ့ ကိုယ့်လာကြိုက်တဲ့သူတွေကလည်း ပြန်ကြိုက်ချင်စရာ အနည်းဆုံးတော့ အသက်ငါးနှစ်လောက်ငယ်ကြသည်ချည်းသာ။ကြည့်လိုက်ပါဦး။

ရုပ်ကလေးတွေကြည့်လိုက်တာနဲ့ သိသာနေသည်က သူမထက် အနည်းဆုံး ငါးနှစ်လောက် ငယ်မည်သာ။ ဒါတောင် တိုးတွက်ထားတာ။ သူမကတော့ ခြောက်နှစ်လောက်ငယ်မည်မှာ သေချာသည်ဟု ထင်သည်။ ရုပ်လေးတွေက ငယ်ရုပ်တောင် မပျောက်ချင်သေးတဲ့ ပါချီပါချက်လေး သုံးယောက်။ ဘာတဲ့ သူတို့ခေါ်နေသံတော့ကြားပါတယ်။ အောင်အောင်၊ မောင်မောင်၊ ဇော်ဇော် ဆိုလားပဲ။ လူနဲ့ နံမည်တော့ သူမ တွဲမသိ။

မိန်းမတစ်ယောက်ပီသစွာ သူမ မှာလည်း ကြိုတင်တွေးထားသော အိပ်မက်ချစ်သူရှိသည်ရယ်လေ။

အရပ်မြင့်ရမည်။ အသားမဖြူမညို စိတ်ထားကောင်းရမည်။ တိကျသောအလုပ်အကိုင်တစ်ခုရှိရမည်။ လူမျိုးတူဘာသာတူဖြစ်ရမည်။ အဓိက စိတ်ထားကောင်းမွန်ရမည်။ တခြားမိန်းခလေးတွေနှင့် ထူးမခြားနားပါ။ သူမ၏ အိပ်မက်ချစ်သူက။ ဒါပေမဲ့ သူမက တစ်ခိုပိုတာက သူမထက် အသက်ငယ်သူကို လုံးဝ မချစ်ချင်ပါလေ။ တစ်နှစ်လောက်ငယ်ရင်တောင်မှ စဉ်းစားဖြစ်ချင် စဉ်းစားမှာပေမဲ့ ……… .ဒီလို ငါးနှစ် ခြောက်နှစ် လောက်ငယ်တာကတော့ သူမ စိတ်ပျက်ပါသည်။ ကိုယ်ကမမှီရပဲ ကိုယ်ကချီရမယ့် လက်တွဲဖော်တော့ သူမ မလိုချင်။ ငြင်းနေတာလည်းသိရဲ့နဲ့ …

…တစ်ခါတစ်ခါကျ အမြင်ကပ်လို့ ဆိုင်ရှေ့လာကြွေပြနေတဲ့ သူတို့ ကြားအောင်း စန္ဒီမြင့်လွင် သီချင်းလေးဖွင့်ပြသည်။

……အခုခတ်ဖက်ရှင်ပဲ ခေါင်းစွပ်အနွေးထည် ဝတ်ထားတဲ့ ကောင်ကလေး အိမ်ရှေ့မှာ လာဆွေးတယ် လွယ်လွယ်နဲ့ စံပယ်တွေ ပွင့်ရင် ခေါင်းတွေ တိုင်းမှာ ဖွေးမယ် ဘာတွေလဲ မကြားချင်ဘူး ငါ့ရှေ့ကနေဘေးဖယ် ကောင်းကောင်းပြောလို့မရဘူးဆိုရင် မဒီဒီက ကျွေးမယ် နင့်လိုမျိုး…..ကိုမကြိုက်ဘူးပေါ့ ဝေးတယ်………………

Talky အဆန်းတွေပြော ငါ့ကိုလာမချုပ်ကြပါနဲ့…..အေး ရိုးပါတယ် ဒီထက်ပိုဆိုးလာမယ် ရှေ့ဆက်ပြီးတိုးလာရင် အာရုံနောတ်တဲ့အမှုနဲ့ မျက်နှာကို ဖြက်ထိုးမှာပဲ….

အမှန်က ကိုယ်တော်ချောတို့ ဒီစာသားလေးးကြားအောင်လို့၊ သူတို့ကို မကြိုက်ဘူးဆိုတာသိစေချင်လို့ ကိုဖွင့်ပြတာပင်။ ကိုယ်တော်ချောတို့က မမှု။ အမယ် ကိစ္စရှိလို့များ သူတို့ဘေးနားက ဖြက်လျှောက်မသွားလေနှင့်။ သွားပြီဆိုတာနှင့် Alex ရဲ့ မမ သီချင်းတစ်ပိုင်းတစ်စက သူတို့နှုက်ခမ်းကနေ ပျံ့လွင့်လို့…..။

…..ငယ်သေးတဲ့ အချစ်မို့ မစဉ်းစားတာလားပြောပါ ကျွန်တော်သိပ်ချစ်တတ်တာ ကျွန်တော်သာအသိပါ လိမ်ပြီးမပြောတတ်တာ ကလေးလေး ဘသတည်းကပါ မမ နားလည်ငဲ့ညှာပါ……………..

စိတ်တော်တော်ညစ်တယ်နော်…..။ အေးဟေ့ ငါကလည်း ကလေးတော့ မချီတော့ဘူး အဲဒီအစား အပျိုကြီးပဲလုပ်တော့မယ်လို့…။ တစ်ကယ်ပါပဲ ရည်းစားမထားခဲ့မိတဲ့ ကိုယ့်ကိုယ်ကို ခုမှ အပြစ်မြင်ချင်လာပြီ။ ဒီပါချီပါချက်လေးတွေကြောင့်။

စန္ဒီမြင့်လွင်သီချင်းလေးကတော့ ပျံ့လွင့်လို့…သူမဘေးနား။

စကားလုံး လှလှလေးနဲ့ လာမချုပ်နဲ့………..။

…………………………………………………………………………………………………………………

(၂)

အမှန်တော့ သူ့ကို ဒီအပျိုကြီးမကျတကျလေး သတိထားမိအောင် လုပ်နေတာကြာပြီ။ တစ်ခါမှကို သတိမထားမိဘူး။ သူမလေးက အပြင်ထွက်ရင် စက်ဘီးနဲ့ ထွက်တာများတယ်။ တစ်ခါတစ်လေ လမ်းလျှောက်တယ်။ အဲဒီလမ်းလျှောက်တဲ့ အချိန်လေး စကားလိုက်ပြောဖို့ကို တစ်ခါလိုက်ဖူးရုံနဲ့ လက်လန်သွားပါတယ်။ အကွယ်တစ်ခုကနေ စောင့်နေတာပေါ့။ သူမလေးလာတာမြင်တာနဲ့။ အေ၇ှ့ကနေလည်းဖြက်သွားရော နောက်ကလိုက်တာ စကားပြောဖို့ထက် သူမလေးကိုမီအောင်မနည်း လိုက်လိုက်ရတာ။ ခြေလှမ်းတွေက မြန်ချက်။ ပြီးတော့ မီလည်းမမီပါဘူး။

ဒီတော့ နောက်တစ်မျိုးလိုက်တာပေါ့။ ဘာရမလဲ။ တစ်ခေါက်သူမလေးလမ်းလျှောက်တော့ အမှီမလိုက်တော့ပဲ ဘေးကနေဆိုက္ကားနဲ့ စကားလိုက်ပြောတာ။ ဘာတွေ အာရုံများနေသလဲမသိဘူး။ ဒါမှမဟုက် အတွေးတွေထဲ နစ်မြောနေတာဖြစ်မယ်။ သူ့ဆိုင်နားရောက်ခါမှ ဘေးကနေ လိုက်နေတဲ့ စကားပြောနေတဲ့ သူ့ကို သတိထားမိသွားတယ်။ ဒါပေမဲ့ ဗျာ သူမလေးကို ပြောနေတယ် မထင်ဘူး။ သူမလေးဘေးနားဘယ်သူရှိနေလဲ ကြည့်လိုက်သေးတယ်။ ပြီးတော့ စူးစမ်းတဲ့ အကြည့်နဲ့ သူ့ကို ကြည့်တယ်။ ဆိုင်နားလည်း ရောက်ခါနီးပြီဆိုတော့ တပ်ခေါက်ပြန်လာခဲ့ရတယ်။ အဲဒီနေကဆို အသိဆိုက္ကားဆရာက သူ့ကို ဟားလိုက်တာ။ သူက အကြံပေးတယ်။ ရှေ့တည့်တည့်ကနေ ပြောပေါ့…တဲ့။ ဟုက်တယ် ဒီတစ်ခါတော့ တစ်ကယ်ပြောဖြစ်မှာပဲဆိုပြီး သူမလေး လမ်းလျှောက်မဲ့နေ့ကို စောင့်နေရတာ။

အဲဒီနေ့လည်း ရောက်ရော မှန်းချက်နဲ့ နှမ်းထွက်မကိုက်ပေါင်။ ရှေ့တည့်တည့်က ရပ်လိုက်တဲ့ သူ့ကို မျက်လုံးလေးတစ်ချက်ပဲ လှန်ကြည့်လိုက်တာ ဘာပြောရမယ်မှန်းမသိဖြစ်နေတုန်း သူ့ကို ဘေးကနေ ကျော်သွားတယ်။ ကျော်သွားမှတော့ ဘယ်လိုလိုက်ပြောလို့ရတော့မလဲဗျာ။ လမ်းလျှောက်အမြန်ဆုံးဆုပေးရင် သူမလေးပဲရမယ်ထင်ပါရဲ့။ ဟူး………။

………………………………………………………………………………………………………………………………………………………

(၃)

………………..အဲဒီလိုပဲကွာ…...ငါ့ ဘယ်လိုလိုက်ရမယ်မှန်းကို မသိဘူး။ ကြွေနေတာကလဲ သူ့တစ်ယောက်တည်း…။ နောက် သဘောအကျဆံးက ပတ်ဝန်းကျင်မှာ လုံးဝ သူ့သတင်းက ကြာပန်းပဲ….။ ကိုလွင့် စကားသံဆုံးတော့ သူက

ရွံ့နဲ့တူတယ်ပေါ့

ဟေ့ရောင် မွှေးတယ်ပြောတာ…ကွ

သြော်…ဂလိုလား

ဇော်ဇော် တစ်ချက်ရယ်လိုက်သည်။ ပြီးတော့

သူ့မှာ ရည်းစားလက်ကိုင် မရှိတာသေချာတယ်နော်

သေချာပါတယ်ကွာ

ဒါဆိုကျွန်တော် ကူညီမယ်……………….ဇော်ဇော် ရဲရဲကြီး အာမခံလိုက်ပြီ။ ကိုလွင်ဆိုတာက ဥစ္စပေါရုပ်ချော မဟုက်ပေမဲ့ သာမန်လူလတ်တန်းစားမှာမှ ရုပ်ရည်က ယောင်္ကျားပီသသည့် အထဲပါသည်။ ဒါကို ဟိုတစ်ယောက်ကမကြိုက်ဘူး ဆိုတာတော့ မဖြစ်နိုင်။ သတိမထားမိ၍သာ ဖြစ်နိုင်သည်လေ။

အောင်အောင်၊ မောင်မောင် ဆိုတဲ့ ဂျူနီယာ နှစ်ယောက်နှင့် သူအလုပ်များပေတော့သည်။

ထိုမမအမည်က ခက်ခက်နိုင်။ တစ်နေ့ကိုတစ်ခါ အပြင်ထွက်တယ်။ ခွေထွက်ဝယ်တဲ့အချိန်လေးပဲ။ ထွက်တိုင်းလည်း စက်ဘီးစီးတာကများသည်။ တော်သေးတာက တစ်ပတ်မှာ သုံးရက်လောက်တော့ လမ်းလျှောက်၍ပင်။ အေးပေါ့ ကိုလွင်ပြောလည်းပြောချင်စရာ။ လမ်းလျှောက်တာကလည်း မြန်ချက်။ သူ့အတွက်တော့ အဲဒီမမကို ကြည့်ရတာ သိပ်မထူးဆန်းသလိုပါပဲ။ အရမ်းမလှပေမဲ့ ဘယ်ချိန်ကြည့်ကြည့် နှုက်ခမ်းလေးတင်းတင်းစေ့ထားတဲ့ပုံစံလေးကတော့ တစ်ကယ် ဆွဲဆောင်မှုရှိပါသည်။ ဆံပင်ကိုလည်း စည်းထားတာသာများသည်။ ကိုလွင်ပြောတာတော့ သူ့ထက် အသက်နှစ်နှစ်လောက်ငယ်သည်တဲ့။ ဒါဆို ၂၆ ပေါ့။ ဒါပေမဲ့လည်း ကလေးဆန်ပါသည်လေ။ သူမကို ကြွေပြနေတဲ့ သူတို့ကို တကူးတက မျက်စောင်းမထိုးပြပေမဲ့ စန္ဒီမြင့်လွင် သီချင်းလေးနဲ့ အသိပေးနေတာက ရယ်ချင်စရာ။

ဒီချိန်ဆို ကိုလွင် လှုပ်ရှားလို့ရပြီ။

……………………………………………………………………………………………………………….

(၄)

ကိုလွင် စိတ်တွေ တော်တော် လှုပ်ရှားနေပြီ။ ကောင်မလေး ရှေ့ကနေ ဘွားခနဲ ထွက်ဖို့ စောင့်နေရတာတော်တော်ကြာပြီ။ ဟော လာပြီ။ ကောင်မလေး စက်ဘီးလေး။ မတက်နိုင်။ ဒီစက်ဘီးရှေ့ကနေပဲ တိုက်ခံရမည်။ အတောင်သုံးဆယ်ဝတ်ပဲကွယ်။ ကိုယ်တစ်ကယ်ချစ်တဲ့ မိန်းခလေးကို ရဖို့တော့ အနာခံရမှာပေါ့။

ဝုန်း…………………………

အယ် ဘာဖြစ်သွားသေးလဲဟင်။ sorry နော်။

ဘာ….ဘာမှ မဖြစ်ပါဘူး။ နည်းနည်းပွန်းပဲ့သွားရုံပါ။

အော်…ဟုက်။ ဒါဆိုသွားတော့မယ်။

အမ်…။ ဘယ်ဖြစ်မလဲ။ ဒီမှာ မနည်းအနာခံထားရတာ။….ပြောမလို့ ကြည့်တုန်းရှိသေး။ အဝေးရောက်သွားပြီ။ မြန်ချက်။ အသံလေးလည်းချိုချက်။ အားနာပြုံးလေးကလည်း လှချက်။ သူမပြုံးတာ တစ်ခါမှ မမြင်ဖူးခဲ့။ သူ့ကို အားနာပြုံးလေးပြုံးပြသွားတာ သိမ်းလို့ရရင် သိမ်းထားလိုက်ချင်တယ်။ တစ်ကယ်ပါ။ တော်တော့တော်ပါသေးသည်။ အရှိန်သိပ်မပြင်းတော့ သိပ်မနာ။ ဟိုငနာလေးတွေသိရင်တော့ငါ့ကို ၀ိုင်းဟားတော့မှာပဲ။

ဟူး နံမည်နှင့်လိုက်အောင် လိုက်ရ ခက်လှချေလား ခက်ခက်နိုင် ဆိုတဲ့ ကောင်မလေးရယ်။

………………………………………………………………………………………………………………………………

(၅)

တော်တော့ကွာ မရယ်ကြနဲ့တော့……ငါ့လည်း သနားကြဦး အဲဒီညက ငါ့မှာ စကြာမင်းတွေ လူးအိပ်လိုက်ရတယ်

ကိုလွင့်ကို အားလုံးက ပြုံးကြည့်နေကြသည်။ ဇော်ဇော်က

ဘာပဲဖြစ်ဖြစ် ပိုလွယ်သွားပြီ ကိုလွင်ရ….

ကိုလွင့်ကို သူ ဇာတ်ကွတ်တစ်ချို့ ချပေးလိုက်ပြီ။………

လဖက်ရည်ဆိုင်ကပြန်လာတော့ မမအကြောင်း အတွေးထဲရောက်လာသည်။

သူလည်း မမ ကိုကြည့်ပြီး အံ့သြပါရဲ့။ သူမို့ ဆိုင်ထဲကဆိုင်ပြင် မထွက်ပဲနေနိုင်တယ်။ ဘယ်လိုပြောရမလဲ အရမ်းအေးဆေးလွန်းတယ်ထင်ရတယ်။ သူတို့ကို သတိထားမိအောင်တောင် မနည်းလုပ်လိုက်ရတယ်…………. မမတို့ ဆိုင်ရှေ့ကလမ်းဘေးအအေးဆိုင်လေးကနေ မမ သိအောင်၊ သတိထားမိအောင်လုပ်ရတာ တစ်ကယ်မလွယ်ပါ။ တစ်ပတ်ကို လေးရက်တော့ ပုံမှန်သွားထိုင်ပြီး မမကို စိတ်ဝင်စားနေကြောင်း အမူအယာပြရသည်။ အောင်အောင်နဲ့ မောင်မောင်ကတောင် သူတို့ချစ်ရမဲ့မိန်းခလေးကို ဒီလို မိန်းခလေးမဖြစ်ပါစေနှင့်….တဲ့။ သူကတော့ ပြုံးရုံသာ။ မမ ရဲ့ ကြည်စင်တဲ့ မျက်နှာလေးက သိသာနေသည်မှာ ချစ်သူတစ်ယောက်မှ မထားဖူးခြင်းပင်။ သူပင် သက်စေ့နေပြီ။ လောလောဆယ်တော့ ကိုလွင့်ကို ကူညီဖို့ရော၊ ရင်ခုန်စေနိုင်သူ မရှိသေးလို့ကော နားထားသည်။

သူတို့ကို သတိထားမိကတည်းက မလိုက်စေချင်လို့ထင်ပါရဲ့။ ခဏလေး မျက်ဝန်းချင်း ဆုံမိလျှင်တောင် အပြုံးရိပ်မရှိ။ သူမ ကိုရည်ရွယ်တာမှန်းသေချာသွားကတည်းက သူတို့ကို တွေ့တာနှင့် စိတ်ရှုပ်သွားပုံက အသိအသာ။။။ မျက်မှောင်လေးအလိုလိုကျုံ့သွားတတ်သည့် မမပုံစံက တစ်ကယ်ပင် သနားဖို့ကောင်းလှသည်။ သူတို့ထက် အသက်ငါးနှစ်ကြီးတယ်ဆိုတာကလည်း ကိုလွင်ပြောလို့သာ ယုံရသည်။ သူ့စိတ်ထင်တော့ အလွန်ဆုံးကွာ နှစ်နှစ်လောက်…ဟုသာ။

မမက သီချင်းတော့ တော်တော်ကြိုက်ပုံပင်။ သူတို့ကို သတိမထားမိခင်အချိန်ထိ နားကြပ်တစ်ခုနှင့် အမြဲတွေ့ရတတ်သည်။

…………………………………………………………………………………………………………………………………………………….

(၆)

သူမရှေ့က လူကိုကြည့်ကာ အားနာစကားဆိုမိလိုက်သည်။

တောင်းပန်ပါတယ်နော် အဲဒီနေ့က…….ခက်မှာလည်း အရေးကြီးကိစ္စရှိနေလို့ပါ

ရပါတယ်…..ခက်ရဲ့ ကိစ္စမရှိပါဘူး….အဲဒီနေ့က ကိုယ်မှားတာပါ…..ကိုယ်က အကွယ်ကနေထွက်လာလိုက်တာကိုး

ဒါ့ထက် အစ်ကို့ကို တွေ့ဖူးနေသလိုပဲ….ဘယ်မှာတွေ့ဖူးတာလဲမသိဘူး

ကျွန်တော်လည်း ဒီနားမှာပဲ နေတာလေ…ခက်ရဲ့ အဲဒါ့ကြောင့် ခက်တွေ့ဖူးနေတာပါ

သြော်…ဟုက်မယ်ထင်တယ် ကျေးဇူးတင်တယ်နော် အားပေးတဲ့အတွက်

ဟုက်ကဲ့ သွားလိုက်ဦးမယ်နော်

သူမကို ပြုံးပြနှုက်ဆက်သွားသောထိုလူ့ကိုကြည့်ရင်း မှက်မှက်ရရ ပါချီပါချက်လေးတွေဖက် လှမ်းကြည့်မိတော့ ရွစိရွစိဲနှင့် သုံးယောက်ပေါင်းတွတ်ထိုးနေကြသည်။ ဟုက်သည်လေ။ များသောအားဖြင့် သူမက ကောင်တာမှာသာထိုင်၍ နှင်းနှင်းကိုသာ ဖိနပ်ပြခိုင်း ရောင်းခိုင်းတာသာများသည်။ ဒီနေ့မှ တစ်ဖက်လူကလည်း ကိုယ်စက်ဘီးနှင့် တိုတ်ခဲ့မိသူ ဖြစ်နေ၍သာ။

ဆိုးတော့တော့မဆိုးပါဘူး။ သူမရဲ့ အိပ်မက်ချစ်သူနှင့် တူတော့တူပါရဲ့။ ခက်နေတာက ရင်မခုန်။

ကဲ…ခက်ခက်နိုင် နင့်နှလုံးသားက ဒီဘဝမှာကော နိုးထဦးမှာလား…အမြဲတမ်းအိပ်ပျော်နေရင်တော့…အင်း အပျိုကြီးပဲ လုပ်တော့မည်…နှလုံးသားအတုနှင့်ချစ်ကြည့်ဖို့ စိတ်မကူးချင်။ အချစ်ပါတဲ့ အိမ်ထောင်ရေးတွေတောင်တည်မြဲဖို့ခက်နေတာ အချစ်သာ မပါလျှင်….အင်း….။

………………………………………………………………………………………………………………………

(၇)

ဒီနေ့တော့ ဇော်ဇော် အအေးဆိုင်မှာ ညနေထိ မထိုင်ဖြစ်တော့။ ရင်ခွင်တစ်ခုလုံးလစ်ဟာနေသလိုလို။ အပြုံးတစ်ပွင့်မြင်ရုံနဲ့ ရင်ခွင်တစ်ခုလုံးမင်သက်သွားတာများ။ ဟိုကောင်တွေမသိအောင် ကိုယ့်ဘာသာ မသိမသာလေးပြန်ထိန်းလိုက်ရသည်။ သူ့ကို သတိထားမိမလားရယ်လို့ ကြည့်လိုက်တော့ တော်ပါသေးရဲ့။ သတိမထားမိကြ။ ကိုယ်ပါ သူတို့စကားဝိုင်းထဲ ဝင်လိုက်သည်။ အနည်းငယ်စကားပြောပြီးမှ နေမကောင်း၍…ဟုဆိုကာ ဒီလဖက်ရည်ဆိုင်လေးမှာ လာထိုင်နေခြင်းပင်။

လူကသာ ဒီိမှာ။ စိတ်က မမဆီပဲ ၀ဲလှည့်နေရဲ့။ မဖြစ်သင့်ဘူး။ ဒီဇာတ်ကို မြန်မြန်သိမ်းမှ ဖြစ်တော့မယ်။ အတွေးထဲနစ်နေသူသူ့ကိုလှုငပ်နှိုးလိုက်တာက ကိုလွင်။

ဟာ အကောင်ငယ် ဒီအချိန် မင်း အအေးဆိုင်မှာ ရှိနေရမှာ မဟုက်ဖူးလား…

တစ်ခါတစ်လေပေါ့…ကိုလွင်ရယ်။ ကျွန်တော်မပြန်ခင် ကိုလွင်တို့အဆင်ပြေအောင် လုပ်ပေးခဲ့မှာပါ….ကိုလွင့်ကို တစ်ခုတော့ မေးကြည့်ချင်တယ်

မေးလေ ဘာမေးမှာလဲ

ကိုလွင် သူ့ကို ဘာလို့ချစ်တာလဲ…သူ့အလှကြောင့်လား သူ့စိတ်ထားကြောင့်လား…သူ့….တစ်ခုခုပေါ့ဗျာ

အင်း ငါ သူ့ကို ဘာလို့ချစ်တာလဲ ငါလည်းမသိဘူးကွ…သူ့ကိုငါစသတိထားမိတဲ့နေ့ကလည်းသူက စက်ဘီးလေးနဲ့ ပဲ သူက စက်ဘီးတွန်းလာတဲ့အချိန် ငါနဲ့တိုတ်မိမလို ဖြစ်တာကို ခေါင်းလေးငုံ့ပြီး အပြုံးတစ်ခုနဲ့ တောင်းပန်ခဲ့တယ်လေ…… ပြီးတော့ စက်ဘီးနင်းထွက်သွားတာပဲ သူ့မျက်နှာက ကြည်ကြည်စင်စင်လေး……အဲဒီနောက်ပိုင်း သူနဲ့ငါ ခဏခဏဆုံတယ်….သူက ငါ့ကို သတိမထားမိဘူး..ငါ့မှာသာ မြင်ပါများပြီး အချစ်ဆိပ်တွေတတ်သွားတာ…ဘယ်အချိန်က စချစ်သွားမှန်းတောင် သတိမထားမိဘူး…

အော်….ပြုံးရင်းပြောနေတဲ့ ကိုလွင့်ကိုကြည့်ရင်း မမအတွက် အနည်းငယ်တော့ စိတ်အေးသွားပါတယ်….ကိုလွင် မမကို တစ်ကယ်ချစ်ပါ့လားလို့။ အင်…သူက ဘာလို့ စိတ်အေးရတာလဲ။ ကိုယ့်ကိုယ်ကို မယုံသင်္ကာဖြစ်သွားသောစိတ်ကို သူ ရှေ့မဆက်။ ဒီတိုင်းပဲ မသိချင်ယောင်ဆောင် ကျော်သွားလိုက်သည်။

သိပ်မကြာခင် သူလည်း အလုပ်ဝင်ရတော့ မည်။ ဒီအတောအတွင်း ပြီးနိုင်ပါရဲ့ ဒီကစားပွဲလေး။

………………………………………………………………………………………………………………………………………

(၈)

ပြစ်မှုကင်းရှင်းကြောင်းထောက်ခံစာ၊ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်မကျဖူးတဲ့လူပျိုစစ်စစ်ဖြစ်ကြောင်း ဆယ်အိမ်မူးထောက်ခံစာ၊ နောက် ဆုံး သန်းခေါင်စားရင်း နှင့် စာလေးတစ်စောင်။ စာလေးထဲမှာရေးထားတာကတော့ သူ့အကြောင်းကို ခက်ခက်နိုင် ဆိုတဲ့ သူမ သိအောင်လို့ပါတဲ့။ စက်ဘီးနှင့်တိုက်မိတဲ့သူပါ ဟုအစချီရေးထားသည်မှာ ပျင်းစရာ။ ဘာပဲဖြစ်ဖြစ် စာကို ဆုံးအောင်ဖတ်ကြည့်လိုက်သည်။ အဓိကကတော့ သူမကို ချစ်တယ်ရေးချင်တာပဲလေ။

သြော်…နာမည်က ကိုလွင်တဲ့လား။ ရုပ်ကတော့ မဆိုးပါဘူး။ လူရည်သန့်ထဲကပါပဲ။ စဉ်းစားနိုင်လောက်တဲ့ သူတွေထဲ ပါပါသည်။ ရင်ခုန်လားလို့မေးလျှင်တော့ တစ်ခွန်းတည်း NO လို့။ အဓိကကတော့ ဟိုပါချီပါချက်လေးတွေ သူမရှေ့ကနေ အလျှင်အမြန် ထွက်သွားဖို့။ နှင်းနှင်းကတော့ ရယ်ရင်း မမ အခုထိ တစ်ခါမှ ရင်မခုန်ဖူးဘူးလား…..မေးတော့ သူမပြုံးမိသည်ပဲ။ သူမလည်း စဉ်းစားမိပါသည်။ ဘာ့ကြောင့်များ မချစ်တတ်ရတာလဲလို့…။ သူမကို စိတ်ဝင်စားတဲ့ သူငယ်ချင်းတစ်ယောက်ကပြောတာကတော့ …နင့်မှာ ခံစားတတ်တဲ့ နှလုံးသားမရှိဘူး…တဲ့။ ဖြစ်နိုင်ပါသည်။ ဒါပေမဲ့လည်း တစ်ခါလောက်တော့ သူမ ချစ်ကြည့်ဖူးချင်ပါသည်။ နင့်နင့်သည်းသည်း နက်နက်နဲနဲ အချစ်မျိုးနှင့်။ တစ်ကမ္ဘာလုံးမှာ ဒီတစ်ယောက်သာ မြင်နေမိသလိုမျိုး။ ခက်တာက ရင်ထဲကို မည်သူမျှ ရင်ခုန်မှု ဆိုတဲ့ သံစဉ်လေးတောင် တီးခတ်မပေးနိုင်ခဲ့ကြ။

….

သူမ သီချင်းတွေထဲမှာပျော်တတ်သည်။ စာအုပ်ပုံကြားထဲ ပျော်နေတတ်သည်။ ငယ်စဉ်ကတည်းက သူမကို နှစ်သက်တဲ့သူတွေလာရင် သူမရှောင်ပြေးမြဲ။ သူမရှောင်ပြေးတိုင်းလည်း မှန်ခဲ့သည်ချည်းသာ။ သူမကို ချစ်ပါတယ်ဆိုသူတွေ တစ်နှစ်ခွဲလောက်တောင် အခြေမခိုင်ကြ။ သိပ်မကြာခင် ရည်းစားရသွားသူတွေနှင့်။ အိမ်ထောင်ကျသွားသူတွေနှင့်။

ကြာလာတော့ ချစ်တယ်….လို့ပြောတတ်တဲ့ ယောင်္ကျားတွေကို မယုံတတ်တော့တာဖြစ်မည်။ သူမကိုယ်တိုင်ကိုက အချစ်နှင့်မတွေဖူးသေး၍ ဖြစ်မည်။

…………………………………………………………………………………………………………………………………………

(၉)

ကိုကြီးဇော် ဒီတစ်လော ခြေလှမ်းတွေ ပျက်နေတယ်နော်………………အောင်အောင်ပြောတော့ သူ့ရင်ထဲ ထိတ်ခနဲ။

ဘာ့လို့တုန်း…ဟ..လင်းစမ်းပါဦး……..ဇော်ဇော်ကမေးတော့

အအေးဆိုင်မလိုက်တာကြာပြီလေ။လာလည်း ခဏပဲ။ ချက်ချင်းပြန်ပြန်ထွက်သွားတယ်။ ကိုကြီးဇော်မလာတော့ ကျွန်တော်တို့လည်း ပျင်းတာပေါ့။ တစ်လတောင်ကျော်ပြီ။ ကိုလွင်ကလည်း ရအောင် မလိုက်နိုင်ဘူး။ အဲဒီအစ်မ တော်တော် အသည်းမာတာပဲ။

တစ်လတောင်ကျော်သွားပြိလား….။ အောင်အောင်ရာ မင်းမသိလို့ပါ။ အဲဒီမမက အသည်းမာရုံမကဘူး။ ပြုလည်းပြုစားတတ်တယ်ကွ။ ငါလည်း အပြုစားခံနေရပြီ။ ကျေကျေနပ်နပ်ကြီး။ သူ့စိတ်ထဲ စကားတစ်ချို့ရေရွတ်လိုက်ရင်း အောင့်အောင့်ကို ပြုံးသာပြုံးပြမိသည်။

ညီလေးရေ ကျဆိမ့်တူးဟေ့….ရှယ်နော်

အသံကြားရုံနှင့် သိသာပါသည်။ ကြည့်လိုက်တော့ ကိုလွင်နှင့်မောင်မောင်။

သူပြောတယ် ငါ့ကို…….ကိုလွင်စကားဆိုတော့ သုံးယောက်လုံးစိတ်ဝင်တစား နားစွင့်လိုက်သည်။ သူ့ရင်ထဲမှာတော့ တစ်ထိတ်ထိတ်။ ဘာများပြောလိုက်မလဲလို့။

စဉ်းစားပေးမယ်တဲ့……သြော် ဒီအဆင့်ရောက်သွားပြီလား။

လက်ခံနိုင်တဲ့အတိုင်းအတာ ရှိလား…သူ့မျက်နှာက…… မောင်မောင့်မေးသံအဆုံး သူလည်း အဖြေကို တိတ်တစ်ဆိက် စောင့်စားနေမိသည်။

ပြောတတ်ဘူးကွ…နဂိုကတည်းက သူက ခန့်မှန်းရခက်တဲ့သူလေ….ဘာပဲဖြစ်ဖြစ် အရင်လို ငါ့ကို မသိတာသတိမထားမိတာထက် အခြေအနေပိုကောင်းလာပြီလို့ပဲ စဉ်းစားထားပါတယ်……သတိထားမိရဲ့သားနဲ့မှ လက်မခံဘူးဆိုရင် သူငါ့ကို မချစ်နိုင်လို့ပေါ့….တစ်ကယ်လို့ ဒီအဖြေဖြစ်ခဲ့ရင်လဲ ငါလက်ခံရမှာပဲ….အရင်ကတော့ သူကငါ့ကိုလုံးဝသတိမထားမိလို့သာကိုး…

ထိုကဲ့သို့ပြောနေသော ကိုလွင့်မျက်နှာမှာ သူ့ကိုယ်သူ ယုံကြည်မှုတွေ ပုံနေတာ ဇော်ဇော်မြင်နေရသည်။ ကိုလွင်ရေ…ကျွန်တော်လည်း ကိုယ့်ကိုယ်ကို ယုံကြည်ခဲ့ဖူးတာပေါ့….ဒါပေမဲ့လည်း..ခုတော့……..။ ဒါပေမဲ့လည်း သူ့ရင်မှာ စိုးရိမ်စိတ်အနည်းငယ်တော့ ဖြစ်ထွန်းနေသည်သာ။ ကိုလွင်ဆိုတာ မိန်းခလေးတစ်ယောက်အတွက် ဦးဏှောတ်နှင့်စဉ်းစားလျှင်လည်း ငြင်းစရာမရှိ၊ နှလုံးသားနှင့်လည်း လက်ခံနိုင်ဖွယ်ရာရှိသူလေ။

ကိုလွင်အကူအညီစတောင်းတော့ သူ မမကိုလေ့လာဖြစ်ခဲ့သည်။ မမရဲ့ နီးစပ်ရာပတ်ဝန်းကျင်၊ အသိုင်းအဝိုင်း အားလုံးပေါ့။

ကဲ ကိုလွင် ဒီလိုလုပ်မယ်ဗျာ…ကျွန်တော်နဲ့ ကျွန်တော့ ဂျူနီယာနှစ်ယောက်နဲ့ ကိုလွင့်ကောင်မလေးကို သဘောကျနေပုံနဲ့ သွားရစ်မယ်ဗျာ…ဖွင့်တော့မပြောဘူးပေါ့…သူလည်း ငြင်းမယ်ဆိုလည်း ငြင်းမရနဲ့ ရည်းစားတစ်ယောက်တော့ အမြန်လိုချင်လာမှာပဲ…ကျွန်တော်တို့ရှေ့မှာ တွဲပြဖို့……..အဲဒီအတောအတွင်း ကိုလွင်ကလည်း ကောင်မလေး သတိထားမိအောင်လုပ်ပေါ့။ ရည်းစားတစ်ယောက်ကလည်း မဖြစ်မနေလိုအပ်နေတဲ့အချိန်၊ ကိုလွင်လည်း သူ့ကိုဖွင့်ပြောတဲ့အချိန် တိုတ်ဆိုင်သွားရင် သူလက်ခံမယ်ထင်တာပဲ…..

သူပြောတော့ ကိုလွင်လက်ခံခဲ့သည်။ ခုတော့ သူ အချစ်အတွက်ဝမ်းနည်းနေတတ်ပြီ။ Lady Killer လို့ မိန်းခလေးအများစုသတ်မှတ်တဲ့ အသည်းခွဲသမားသူ အသည်းကွဲတတ်ပြီပေါ့။ ကိုလွင့်အပေါ် စည်းဖေါတ်ပြီး ဖွင့်ပြောဖို့ သူစိတ်မကူးသလို သူ့ကို မမ လက်ခံမယ်လို့လည်း မယုံကြည်ပါ။ မမ အသည်းက စိန်နဲ့တည်ဆောက်ပြီး အနားသတ်ကိုရွှေကွပ်ထားသည်လေ။

………………………………………………………………………………………………………………………………………………….

(၁၀)

သူမကို အအေးလိုက်တိုက်ပါရစေ .....ဟုဆိုလာသော ကိုလွင့်ကိုပြုံးကြည့်လိုက်သည်။ ဟိုပါချီပါချက်လေးတွေကိုလည်းမတွေ့ရတော့။ ကိုလွင်နှင့် စကားအလိုက်အထိုက်ပြောပြီးနေပြကတည်းက။ ကောင်းပါသည်။ ခုဆိုသူမလည်း နားကြပ်လေးနှင့် စာအုပ်လေးနှင့် အမြဲနေဖြစ်သည်။ ငြိမ်းချမ်းလိုက်သည့်ဖြစ်ခြင်း။ ဒီနေ့တော့ အပြတ်ပြောရတော့မည်။ ကိုလွင့်ကို သူမ ရင်မခုန်ပါ။ မချစ်နိုင်သူကို ညှင်းထားမှာထက် အမြန်ဖွင့်ပြောလိုက်တာကောင်းပါသည်လေ။ ခေါင်းငြိမ့်ပြလိုက်သည်။

………..

နေ့ခင်းက အဖြစ်ကိုပြန်တွေးနေမိသည်။ စိတ်တော့မကောင်းပါ။ ကိုလွင်ဆိုသူက တစ်ကယ်ပင် စိတ်ထားကောင်းလှပါသည်။ အလုပ်အကိုင်လည်းရှိသည်။ မိန်းခလေးတစ်ယောက်အနေနှင့် ငြင်းစရာအချက်ဟူ၍ မချစ်မိခြင်းသာ….။ …….ကိုလွင့်ကို ကျွန်မချစ်လို့မရလို့ပါ…ကိုလွင့်မှာ ဘာအပြစ်မှမရှိပါဘူး…ရှိခြင်းရှိ ခက်မှာသာ ရှိတာပါ…သူမ၏ ငြင်းသံအဆုံး ကိုလွင်ငိုင်ကျသွားသည်။

…………….

ဘာ့ကြောင့် ဒီလောက်ပြည့်စုံတဲ့ ကိုလွင့်အပေါ် သူမ ရင်မခုန်တာလဲ…။ ပါချီပါချက်လေးသုံးယောက်ထဲက ကလေးလေး…လို့တိတ်တစ်ခိုးနာမည်ပေးထားတဲ့ ကောင်လေးကိုပြေးမြင်လိုက်သလိုလို။ မဆိုင်ပါဘူးကွယ်။ မဆိုင်ပါဘူးနော်။ ဦးဏှောတ်နှင့်ပဲ စဉ်းစားစဉ်းစား၊ နှလုံးသားနှင့်ပဲ စဉ်းစားစဉ်းစား မဖြစ်သင့်တဲ့ကိစ္စ။ အဖြေကို သူမဆက်မစဉ်းစားရဲ။ တော်ပြီ။ စာအုပ်ပဲဖတ်တော့မယ်။ အယ် မဟုက်တာ…ဒီလောက်ညဉ့်နက်နေပြီကို။ အိပ်တော့မယ်..။ ……..ဟင်း။ မသိမသာ သက်ပြင်းလေးက ဘယ်သူ့အတွက်လဲ….သူမ မစဉ်းစားချင်တော့။ မျက်လုံးအစုံကို မှိက်လိုက်သည်လေ။

…………………………………………………………………………………………………………………………………………………….

(၁၁)

ကိုလွင် မယုံနိုင်…။ သူ သေချာ ပြန်စဉ်းစားကြည့်မိသည်။ အသည်းကွဲနေတာ သူပါ။ ဟုက်ပါတယ်။ သူပါ။ ခုတော့ ပေါက်ကွဲနေတာက ဇော်ဇော်။ သူအမြင်မှားနေတာမဟုက်။ သူ့ရှေ့တည့်တည့်တွင်ပင် ဇော်ဇော် ပေါက်ကွဲနေသည်မှာ အသည်းကွဲသမားတစ်ယောက်ပမာ။

မမရယ်…အသည်းမာလှချေလား……..ကျွန်တော် စွန့်လွှတ်ဖို့ အဆုံးစွန်ထိပြင်ဆင်ထားတာဗျ….ခုတော့ မမရယ် ကိုလွင့်လိုလူမျိုးကိုတောင် မချစ်ရင်….ကျွန်တော် ဘယ်လိုဖွင့်ပြောရမလဲ………

စကားတွေပြောလိုက်..မော့လိုက်လုပ်နေတဲ့ ဇော်ဇော့်ကိုသူ နားမလည်။

နောက်တစ်နေ့ လဖက်ရည်ဆိုင်ရောက်မှ မေးမည်ဟုပဲ…သူ တေးထားလိုက်ပါသည်။ ဒီနေ့ကတော့ သူအသည်းကွဲဖို့ကို feeling မလာတော့။ သေချာစဉ်းစားကြည့်တော့လည်း သူ့အချစ်ကို ခက် သိအောင်ဖွင့်ပြောနိုင်ခဲ့ပြီပဲ။ အရင်လို ဘာမှ မသိတာထက်စာလျှင်တော့ တော်ပါသေးသည်။ ခက်ကို တစ်ခြားမိန်းခလေးတွေလို မထင်ရဲခဲ့ပါ။ ဒါ့ကြောင့်မို့ အငြင်းခံရလည်း သူ အနည်းငယ်သာ ခံစားရခြင်း ဖြစ်မည်။ သူ့ကို လက်ခံမည်….ဟု သူမတွေးထားခဲ့၍ ဖြစ်မည်။

…..

မောင်မောင်…ဇော်ဇော်ကော….မတွေ့ပါလား

ကိုလွင့်ကို အားနာလို့…တဲ့….လိုက်မလာဘူး…သူ့အင်တာနက်ဆိုင်ကလည်း ထွက်လို့မရဘူးလေ…နားလည်တာ သူပဲရှိတာကိုး

ဘာကိုအားနာတာလဲ လင်းစမ်းပါဦး

အဲ….သူ ကိုလွင့်ကို ကူရင်း အဲဒီ မမခက်ကို တစ်ကယ်ကြွေသွားသတဲ့

ဟ…ဟုက်ပါ့မလားကွ

ဟုက်တယ်….အဲဒါကြောင့် နောက်ပိုင်း မလာဖြစ်တော့တာ…ကျွန်တော်နဲ့ အောင်အောင်လည်း မသိပါဘူး…မနက်ကမှ မေးကြည့်တော့ အဲဒီလိုပြောပြတာ…သူ ဆိုင်ထဲမှာပဲ စိတ်နှစ်ထားတာကြာပြီ…တဲ့။ မမခက် ဖက် စိတ်မရောက်အောင်လို့ အလုပ်ထဲပဲနေနေတာ…မနေ့က ကိုလွင် အသည်းကွဲတာလည်း ကြားရော…သူရှော့ခ် ရသွားတာပဲ..သူ့ကိုလည်း လက်ခံမယ် မထင်ဘူးတဲ့…ကိုလွင့်ကိုတော့ တစ်ကယ် အားနာပါတယ်…တဲ့…ခက်တာက ဒီအချိန်ထိ သူ မမေ့နိုင်သေးဘူးတဲ့.။

သူဘာပြောရမယ်မှန်း မသိ။ ဘာဖြစ်သွားသလဲ။ ဘာမှ မဖြစ်ပါဘူး။ ဇော်ဇော် ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ခက်ကိုယ်တိုင်ကိုယ်က သူ့ကို မချစ်တာလေ။ ဘာတက်နိုင်မှာလဲ။ စိတ်တော့မကောင်းပါ။ သူ့ကြောင့် ဇော်ဇော် ကောင်မလေးကို ကြိုက်နေပါရဲ့..ချစ်နေပါရဲ့ ဖွင့်မပြောခဲ့လေသလား…..ဒီအတွေးနဲ့ပါ။

အေးကွာ ဘာပဲဖြစ်ဖြစ် နက်ဖြန် ဒီလဖက်ရည်ဆိုင်မှာ ငါစောင့်နေမယ်…လို့ ပြောလိုက်နော်

ဟုက်ကဲ့ ကိုလွင်

…………………………………………………………………………………………………………………………………………

(၁၂)

ကိုလွင်…နောက်တစ်ခေါက်လောက်ပြန်ပြောပါဦး

အမယ်လေးကွာ…..အဲဒီလောက်လည်း အဖြစ်သည်းမနေစမ်းပါနဲ့…မင်းချစ်တဲ့သူကို ရအောင်လိုက်လို့ပြောနေတာ

ကိုလွင့်စကားသံအဆုံးသူက ကိုလွင့်ကိုဖတ်လိုက်တော့…

ဟိတ်ကောင် ငါ အသည်းယားတယ်ကွ…..

သူ တရားဝင် ချစ်လို့ရပြီပေါ့။

ဒါပေမဲ့ ကိုလွင် မမက ကျွန်တော့်ကို လက်ခံပါ့မလား

အင်…အဲဒါ ငါနဲ့ မဆိုင်ဘူးလေ…တော်ကြာငါ့ကြောင့် ဖြစ်နေမှာစိုးလို့ မင်းကို ခေါ်ပြောတာကလွဲရင် သူ့ကို မင်းကိုချစ်ပါလို့ ပြောပေးလို့မှမရတာ…။

အင်း…ဟုက်သား။ သူအပျော်လွန်မိသွားပြီထင်တယ်။ မမ က သူ့ကို ဘယ်လိုလုပ်ပြန်ချစ်မှာလဲ။ သူတို့နှစ်ယောက်ကြား အသက်အကွာအဝေးက..ငါးနှစ်..။ မိန်းမတစ်ယောက်အနေနဲ့ သူ့ထက် အသက်ငါးနှစ်ငယ်သူကို ပြန်ချစ်နိုင်ပါ့မလား….။

ထိုညက သူအိပ်မပျော်ခဲ့ပါ။

……………..

ပါဝါမပါတဲ့ မျက်မှန်တစ်လက်ရယ်၊ ရှည်နေတဲ့ဆံပင်ကို နေတိုးကေ ညှပ်လိုက်ရုံနဲ့တော့ သူ လူကြီးပုံမပေါက်နိုင်သေး အော..ယောပုဆိုးရှားရောင်လေးရယ်၊ လည်ကတုံးအဖြူလက်ရှည်လေးရယ်။ ပြည့်စုံပြီ။ မပြက်သေးတဲ့ ဖိနပ်လေးအတွက်တော့ စိတ်မကောင်းပါ။ သူ မမဆီမှာ ဆင်ကိုးကောင် တစ်ရံသွားဝယ်ရပေမည်။ တာ့တာ…ဖိနပ်လေးရေ…။

…..

လှလိုက်တာ မမရယ်။ ဒီနေ့မှ ထူးထူးဆန်းဆန်း မမက အပြင်တွေဘာတွေ ထွက်ထိုင်လို့…။ လမ်းသွားလမ်းလာ ပုရိသအချို့ မမကို ကြည့်သွားတာ ကျွန်တော် မနာလိုဘူးဗျာ။ အိတ်ထဲမှာလဲ ကြွားဖို့ address card လေး ထည့်ထားတဲ့ သူ မြောက်ကြွမြောက်ကြွ ခြေလှမ်းများဖြင့်….မမဆီသို့။

………………………………………………………………………………………………………………………………………………………(၁၃)

သူမ အကြည့်များ မှားလေရော့သလား။ အရှေ့ကနေလာနေတာ ကလေးလေး။ ဟုက်ပါ့ ကလေးလေး။ လူကြီးစတိုင်ဖမ်းထားတဲ့ ကလေးလေး။ အခါတိုင်း ဂျင်းနဲ့ တီရှပ် မနားတမ်းဝတ်သူက ယောပုဆိုးနဲ့ ကော်လံကတုံးနဲ့။ မျက်မှန်တောင် အဆစ်ပါလိုက်သေး။ အင် သူမစိတ်ထဲ ဘာလို့ ဝမ်းသာသွားတာလဲ။ မမေးချင်ပါ။ မတွေးချင်ပါ။

မမ ဖိနပ်ဝယ်ချင်လို့ပါ

အထဲဝင်ကြည့်လေ….အထဲမှာ ကောင်မလေးရောင်းပေးလိမ့်မယ်…

မမ ကိုယ်တိုင်ရွေးပေးပါ မမရယ်

သြော်…ဒီချိန်မှာ သူက ဝယ်သူပဲလေ…..ကိုယ်က လိုက်ပြပေးရတော့မှာပေါ့…စိတ်ထဲမှာ မျက်စောင်းတွေ တသီတသန်းကြီးထိုးရင်း…………

ပြသမျှ ဖိနပ်တွေအကုန်ကုန်မှ ဆင်ကိုးကောင်တဲ့။ ဒါများ အစောကြီးကတည်းက ပြောပါ့လားနော့။ သူမ မှာ Aersoftတွေ…Nice တွေ ထုတ်ပြလိုက်ရတာ ။ နောက်ပိုက်ဆံရှင်းရင်း ဘာမဆိုင်ညာမဆိုင် ထုတ်ပေးသွားသေးတယ်။ Address Card။ ဘာတဲ့ ဆင်ကိုးကောင်ဝယ်တာ ခဏခဏလာရမှာဆိုတော့ ဈေးကြီးတာ မဝယ်သေးဘူးဆိုပဲ။

စိတ်ထဲက ရယ်ချင်နေသမျှ အပြင်မှာ တစ်ယောက်တည်း ပြုံးဖြစ်မိသည်။ နှင်းနှင်းကတော့ သူမကိုကြည့်ပြီး နားလည်နိုင်သည့်ပုံမပေါ်။ ထွက်သွားတဲ့ကောင်လေးကိုကြည့်ရင်း …မျက်စိက ဖိနပ်စင်ပေါ်ရောက်သွားသည်။ အင်…စာအိတ်လေး။ ကလေးလေး မေ့ခဲ့တာထင်ပါရဲ့။ လှမ်းပေးဖို့အတွင် စာအိတ်ကိုယူလိုက်စဉ်…စာအိတ်ပေါ်မှာက…..မမခက်…သို့……..တဲ့။

………………………………………………………………………………………………………………………………………………………

(၁၄)ဇာတ်သိမ်း

ကဲ..စာအိတ်ဖွင့်ကြည့်စရာလိုဦးမလားဗျာ။ မစဉ်းစားကြပါနဲ့။ သေချာပါတယ်။ အရှေ့က တစ်ယောက်အတိုင်း သူလည်း ဒါတွေပဲပေးရမှာပေါ့။ မမ ဆိုတဲ့ အပျိုကြီးလေးကမှ ဇော်ဇော်ဆိုတဲ့ ကောင်လေးအကြောင်း မသိသေးတာ။ ပြစ်မှုကင်းရှင်းကြောင်းထောက်ခံစာ၊ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်မကျဖူးတဲ့လူပျိုစစ်စစ်ဖြစ်ကြောင်း ဆယ်အိမ်မူးထောက်ခံစာ၊ နောက် ဆုံး သန်းခေါင်စားရင်း နှင့် စာလေးတစ်စောင်။

စာလေးတစ်စောင်။ ဒီစာလေးကိုတော့ အပျိုကြီးလေးက အသေအချာဖတ်မှာပါ။ သူလည်း ပါချီပါချက်လေးကို စိတ်ဝင်စားနေတာကို။ ဒီစာလေးကို အသေအချာဖတ်မှာတော့ သေချာတယ်။

ဒါပေမဲ့…တစ်ခုပဲ။ သူမရဲ့ အိပ်မက်ချစ်သူမဟုက်တဲ့ ပါချီပါချက်လေးကို သူမ လက်ခံလာအောင် ကောင်လေးကပဲ ချစ်ခြင်းတိုက်ကွက်တွေ အပြည့်ထုတ်သုံးနိုင်မလား။ အပျိုကြီးလေးကပဲ စိတ်တွေတင်းထားနိုင်မလားဆိုတာကိုတော့…..။

ကျွန်တော်လား။ ကျွန်တော်က သူတို့လာလာထိုင်နေတဲ့ အအေးဆိုင်ဘေးက ပိတောက်ပင်ကြီးလေ။

တစ်ခုတော့ အသိပေးမယ်ဗျ။ နောက်ထပ်နှစ်လလောက်လည်းကြာရော သင်္ကြန်ဆိုတဲ့ မြန်မာရိုးရာ အတာသဘင်ပွဲတော်ကြီး ရောက်ပါလေရောဗျာ။ အဲဒီပွဲတော်အကြိုမရောက်ခင် ညက ဇော်ဇော်ဆိုတဲ့ ပါချီပါချက်လေးပေါ့ ကျုပ်ကို ရေတွေမွန်းသွားအောင်လို့ ရေပိုက်ကြီးနဲ့ကို အပင်ပေါ်ကနေပတ်တာ။ မနက်လည်းရောက်ကရော ကျုပ်အိကျီ င်္အနားသတ်က အဝါရောင်အခက်လေးတွေ လာခူးတယ်။ သူ့မမဖို့တဲ့။

အံမယ် …ပါချီပါချက်လေးက ပန်ပေးတော့ အပျိုကြီးလေးက မငြင်းဘူးဗျ။ ဟာ…ကျုပ်တောင် ရှက်သွားတယ်။ ကောင်လေးက ကောင်မလေးကို KISS ပေးသတဲ့လေ။ ကျုပ်တောင် မကြည့်ရဲလို့ မျက်လွှာကို ကပျာကယာချလိုက်ရတယ်။

ကဲ..ဘယ်သူနိုင်လဲ သိပြီထင်ပါတယ်နော်…………………။

အချစ်သာစစ်မှန်လျှင် အသက်ကွာခြားချက်လိုမလား

နတ်သျှင်နောင်နဲ့ ဓါတုကလျာ သက်သေရှိတယ်

ရင်ထဲက ချစ်ခြင်းတစ်ချို့ သက်သေပြဖို့ စောင့်နေကြတယ်……….
.............................................................................................................

ဘာကိုမှမသိချင်သူ

၁၃ ဇူလိုင် ၂၀၁၁
Back to top Go down
http://www.htayhsu.multiply.com

ဘယ်သူနိုင်မလဲ

View previous topic View next topic Back to top 
Page 1 of 1
သတိပေးတားမြစ်ချက်
"ပုံကလေးများသာပါသော စာကြောင်းရေးသားခြင်းနှင့် forum နှင့် topic အတွက် အဓိပ္ပါယ်မရှိသော စာသားများ ရေးသားခြင်းကို ခွင့်မပြုပါ။"

Permissions in this forum: You cannot reply to topics in this forum
မြှားနတ်မောင် :: အချစ်နှင့် ရသစာပေများ(ကဗျာ၊ ၀တ္ထု၊ ဆောင်းပါး၊ ဟာသ၊ ဒဿန) :: ၀တ္ထု :: ကိုယ်တိုင်ရေး ၀တ္ထုများ။ -
Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com