မြှားနတ်မောင်
မြှားနတ်မောင် (အချစ်နှင့် ခံစားမှုသီးသန့်) ဖိုရမ်အား လာရောက်လည်ပတ်ပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်။ ဖိုရမ်တွင်းဝင်ရောက်လိုပါက log in ကို click နှိပ်ပေးခြင်းဖြင့်လည်းကောင်း၊ အသင်းသားအဖြစ် မှတ်ပုံတင်လိုပါက Register ကို click နှိပ်ခြင်းဖြင့် လည်းကောင်း၊ ဧည့်သည်တော်အနေဖြင့် အသုံးပြုလိုပါက Do not display again ကိုနှိပ်၍ လည်းကောင်းအသုံးပြုနိုင်ပါသည်။
မြှားနတ်မောင်


 
email အသုံးပြုရန်email အသုံးပြုရန်  HomeHome  Portal*Portal*  GalleryGallery  RegisterRegister  Log in  email အသုံးပြုရန်email အသုံးပြုရန်  
"မြှားနတ်မောင်(အချစ်နှင့် ခံစားမှုသီးသန့်) ဖိုရမ်အား လာရောက်လည်ပတ်ပေးတဲ့ Guest တစ်ယောက် ကိုယ် စိတ် နှလုံး သုံးပါးလုံး ရွှင်လန်းချမ်းမြေ့ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးပါတယ်ခင်ဗျာ။"
Log in
Username:
Password:
Log in automatically: 
:: I forgot my password
ဧည်သည်တော်အတွက်လမ်းညွှန်
ဖိုရမ်စာမျက်နှာများ
ဖိုရမ်ရေးသားချက်များသို့ ၀င်ရန်




ရေးသားချက်အသစ်များ
» နဲနဲလေးတွေးရအောင် .....
2nd August 2013, 10:23 pm by

» မင်းအတွက်....
2nd August 2013, 10:15 pm by

» ကျွန်မကတော့
31st July 2013, 11:49 pm by

» အချစ်ဟာတစ်ခါတစ်လေ ပူလောင်တတ်လား?
25th May 2013, 4:44 pm by

» အချစ်ကိုခံစားဖူးသူတွေအတွက်..
25th May 2013, 4:36 pm by

» စရိုက်များတဲ့ ဘဝစာမျက်နှာ
23rd December 2012, 1:20 am by

» ရှားတော့မယ်ထင်ပါရဲ့
30th July 2012, 12:28 am by

» အချစ်ဆိုတာ
27th May 2012, 4:41 pm by

» သူငယ်ချင်းအားလုံးဘဲ မင်္ဂလာပါ
27th May 2012, 3:44 pm by


 

မောင်နှမ..........

View previous topic View next topic Go down 
Author Message
ဘာကိုမှမသိချင်သူ
နားလည်စအရွယ်
နားလည်စအရွယ်


လိင်(ကျား/မ) : Female Cancer ရေးသားချက်ပေါင်း : 23
ရမှတ်ပေါင်းမှာ : 69
ရေးသားချက် သဘောကျခံရမှု : 0
ဖိုရမ် ပြိုင်ပွဲများမှ ဆုရရှိမှုများ :
မှတ်ပုံတင်သည့်နေ့ : 2011-08-18
အသက် : 30
တည်နေရာ : Yangon
အလုပ်အကိုင်/၀ါသနာ : writting & Internet

PostSubject: မောင်နှမ..........   21st August 2011, 1:22 pm

မိုးစက်တို့ ခပ်ဖွဲဖွဲကျနေသည့် လမ်းမထက်ဝယ် ကလေးသုံးယောက် ပြေးလွှားလို့….။
မိုးစက်စိုမှာကြောက်၍လား။ မဖြစ်နိုင်။ ကလေးတစ်ယောက်က လက်က အပေါစားနာရီလေးကို ကြည့်လိုက်သည်။ ထို့နောက် အရပ်အပုဆုံးလေးကို အလယ်မှာထား၍ ဘေးကနေ တစ်ယောက်တစ်ဖက်စီ လက်ကိုဆွဲကာ အရှိန်မြှင့် ပြေးကြလေတော့သည်။ တစောင်းလွယ်ထားကြသည့် လွယ်အိတ်ကလေးသုံးခုကလည်း ပြေးသည့်အရှိန်ဖြင့် တစ်လွင့်လွင့်။ စာအုပ်တွေ ပါမလာဟန်ပင်…ထင်ရလေသည်။
ဟော…ရောက်ပါပြီ။ ကျောင်းတော်ကြီး။ တံခါးက ပိတ်လုပိတ်ခင်။ သူတို့ဝင်သွားတော့ တံခါးစောင့်တာဝန်ကျဆရာဖြစ်ဟန်တူသူက ခေါင်းလေးတွေ တစ်ချက်စီလိုက်ပုတ်လို့။ ထို့နောက် ထိုသုံးယောက် ကိုယ်စီကိုယ်စီ အခန်းတွေဆီ ဝင်သွားကြ၏။
“ဒေါင်..ဒေါင်…ဒေါင်”
ကျောင်းတက်ခေါင်းလောင်းထိုးသံအပြီး။ တစ်ကျောင်းလုံးကလေးလူကြီး မကျန် မတ်တပ်ရပ်၍ ကမ္ဘာမကျေသီချင်းကို ညီညီညာညာ ဆိုကြလေ၏။ တစ်ချို့ သီချင်းကို ကောင်းကောင်းမရသေးသူတွေကတော့ သီချင်းရသူတွေ ပါးစပ်ကိုကြည့်ကာ ယောင်ဝါးဝါး။ ကိစ္စမရှိပါ။ သိပ်မကြာခင်ပင် သူတို့ရသွားမည်မှာ သေချာပါသည်။
………………………..
ခန်းမကျယ်ကြီးတစ်ခု။ ခုံတန်းလေးတွေနှင့် ကလေးတွေ ထိုင်နေကြသည်။ ကြည့်ရတာ သူငယ်တန်း ကျောင်းသူကျောင်းသားလေးတွေဖြစ်မည်။ အရှေ့ဆုံးက ဘလက်ဘုတ် မှာတော့ ဆရာမတစ်ယောက် ကြိမ်လုံးတစ်ဖက်၊ မြေဖြူတစ်ဖက်နှင့် စာရေးနေသည်။
ကျောက်သင်ပုန်းနှင့် ကျောက်တံနှင့် အလုပ်ရှုပ်နေကြသော ကလေးတို့မှာ တစ်စုံတစ်ရာကို မျှော်နေသလိုလို။
“ဒေါင်………ဒေါင်….ဒေါင်”
သူတို့စောင့်နေသောအရာရောက်လာပြီထင့်။ ကလေးတို့မျက်နှာပေါ်မှာ အပျော်တွေ ဝင်းလက်သွားကြသည်။ ထို့နောက် မတ်တပ်ရပ်၍ လက်အုပ်လေးတွေချီကာ “မင်္ဂလာပါ ဆရာမ” မညီမညာရွတ်ဆိုလိုက်ကြသည်။ ထို့နောက်တွင်ကား ထိန်းမနိုင်သိမ်းမရသော နွားသိုးအုပ်လေးသဖွယ် လွယ်အိတ်လေးတွေထဲသို့ ကျောက်သင်ပုန်းနှင့် ကျောက်တံကို အလျှင်အမြန်ထည့်ကြကာ ကျောင်းတံခါးဆီ ပြေးကြလေပြီ။ ကျောင်းတံခါးဝတွင်တော့ မိဘတွေ စောင့်မျှော်နေလျှက်။ ဟော…ဒီကလေးနှစ်ယောက်။ ယောင်္ကျားလေးဟု သိသာနေသော ကလေးနှစ်ယောက်။ သူတို့သည်လည်း ကျောင်းသားမှန်းသိသာနေတာက အဖြူအစိမ်းဝတ်စုံလေးနှင့်။ ကျောင်းဝန်းထဲက တစ်စုံတစ်ယောက်ထွက်အလာကို စောင့်မျှော်နေဟန်။
“သားတို့ ညီမလေးထွက်မလာသေးဘူးလား…”
ဆရာမတစ်ယောက်က မေးတော့..လက်ကလေးတွေ ကိုယ်စီပိုက်ကာဖြင့်..
“ဟုက်…ထွက်မလာသေးဘူး ဟော ဟိုမှာလာပြီ ဆရာမ”
“အော်..အေး အေး..ညီမလေးကို သေချာလက်တွဲခေါ်သွားကြနော်…အိမ်ကိုတန်းတန်းမတ်မတ် ရောက်အောင် ပြန်ကြနော်”
“ဟုက်…”
ရောက်ရှိလာသော အရပ်ပုပုကလေးငယ်၏ လက်တစ်ဖက်တစ်ချက်စီဆွဲကာ အိမ်ပြန်ကြလေသည်ထင့်။
….
“နာ ခြေထောက်တွေ ညောင်းလာ ပြီ….မလျှောက်နိုင်တော့ဘူး..”
“ဟာ ငယ်မ နင်ကလည်းဟာ….မရဘူး ထလျှောက်ဦး”
“မရဘူး” ဆိုကာ…..ကလေးပုလေးက ထိုင်ချလိုက်သည်။
နည်းနည်းအသက်ကြီးဟန်တူသူ ကလေးက…ကျန်တစ်ယောက်အား.
“မင်းတစ်လှည့် ငါတစ်လှည့် ကုန်းပိုးတာပေါ့ကွာ”…ဟုဆိုရင်းထိုင်ချလိုက်ကာ..ကလေးပုလေးအား
“လာ ငယ်မ ကိုကြီးကျောပေါ်တက်…”
ကလေးပုမလေးကတော့ ပျော်ရွှင်စွာ ကျောပေါ်တက်လိုက်ရင်း ကျန်တစ်ယောက်အား လျှာထုတ်ပြလေ၏။
သိပ်မကြာခင်တွင်ပင် ထိုကောင်လေးထံသို့ပြောင်းရတော့၏။ ထိုကောင်လေးက ကုန်းမပိုးချင်၍ တွန်းဖယ်နေလေသည်။ ကလေးပုလေးက လက်ညိုးလေးထိုးကာ
“နင် ငါ့ကို ကုန်းမပိုးဘူးနော်..ရတယ်…အိမ်ရောက်ရင် အမေနဲ့ တိုင်ပြောမယ် ကိုဖြိုးက သမီးကို ကုန်းမပိုးဘူးလို့…”
ကိုဖြိုးဆိုတဲ့ကလေးငယ် ရုတ်တရက် တွေသွားသည်။ တစ်ခုခုကို စဉ်းစားနေဟန်ဖြင့်။ နောက်တော့လည်း မထူးပါဆိုသောဟန်နှင့် ကလေးပုလေးရှေ့မှာ ထိုင်ချပေးလိုက်သည်။ ကလေးပုလေးကတော့ ညစ်ကျယ်ကျယ်အပြုံးလေးနှင့်…။
…….
သူ့ပုခုံးပေါ်ကျလာသော ပူနွေးနွေးအရည်တစ်ချို့။ သူသိလိုက်ပြီ။ ငယ်မ အိပ်ပျော်သွားချေပြီ။ အအိပ်လွန်ပြီး သွားရည်ကျလာခြင်းသာ။ ကိုဇော်က သူကုန်းပိုးရမလားရယ်တော့ မေးပါသေးသည်။ တော်ကြာလက်ပြောင်းလိုက်လျှင် ငယ်မနိုးမှာစိုးသောကြောင့် သူ ခေါင်းသာခါပြလိုက်သည်။ သူတို့ညီအစ်ကိုနှစ်ယောက်၏ ညီမလေးသည် အနည်းငယ်တော့ ညစ်ကျယ်ကျယ်နိုင်ကာ ဆိုးတတ်လှပါသည်။ ဟိုတစ်နေ့ကလည်း သူကကုန်းမပိုးတာနှင့် အမေ့ကိုတိုင်လိုက်တာ သူ ဗြောတီးခံရလေသည်။ ကိုဇော်ကတော့ သူ့ညီမ အလိုကျ လိုက်တတ်တော့ သိပ်အတိုင်မခံရ။ ချစ်လည်းချစ်ပါသည်။ တစ်ခါတစ်ခါကျတော့လည်း သူ ဂျစ်တိုက်ချင်ပါသည်။
.............
အိမ်ကနေ ထွက်လာကတည်းက မောင်နှမ သုံးယောက် စကားများလာကြသည်။ အသက်ချင်းသိပ်မကွာကြတော့လည်း နင်..ငါ ဟုသာနှုတ်ကျိုးစွာခေါ်တတ်သော သူမတို့ မောင်နှမသုံးယောက်။ အခုတော့ အကြီးဆုံး ကိုဇော်က အရှေ့ကနေ ဘုဆက်ဆက် လျှောက်လို့။ အလယ်မှာ သူမ ကိုထားကာ အနောက်ကနေတော့ ကိုဖြိုး။ ဘယ်လောက်ကြီးပဲ ရန်ဖြစ်နေကြပါစေ။ သူမကို ဂရုစိုတ်မည် ဆိုတာကိုတော့ သူမက ရိပ်မိပါသည်။ ကျောင်းသွားကျောင်းပြန် အမေမှာ နေကျက “ငယ်မကို ဂရုစိုက်ကြနော်..သားတို့”။ ဒီတော့ သူမ က လမ်းလျှောက်ရတာညောင်းလျှင် တစ်ယောက်တစ်လှည့်စီ ကုန်းပိုးခိုင်းသည်။ အဲ ကုန်းမပိုးလို့ကတော့ မိန်းခလေးပီပီ လျှာလေးက လိပ်ပြီးသား။ အိမ်ရောက်ရင် အမေ့ကို စုံစီနဖာ လျှောက်တိုင်ပြီသာမှတ်။ ဟုက်တာရော မဟုက်တာရော။ ဒီတော့ကာ အစ်ကိုနှစ်ယောက်လုံး သူမလိုချင်တာဖြည်ဆည်းပေးရသည်သာ။။
သူမတို့ မောင်နှမသုံးယောက် အိမ်ကနေရန်ဖြစ်ပြီး ထွက်လာကြတာ ကျောင်းသွားလမ်းပင် တစ်ဝက်ကျိုးပြီ။ ပြန်မခေါ်ဖြစ်ကြသေး။ အရှေ့မှာ သူမတို့နှင့် မတည့်သော ညီအစ်ကိုသုံးယောက်။ သူမတို့ ဘေးအိမ်ကပင်။ ကြည့်ရတာ သူမတို့နှင့် မရှေးမနှောင်းပင် ထွက်လာကြဟန်တူပါရဲ့။ ဖြစ်ချင်တော့ အရှေ့က ကိုဇော့်ကို ထိုညီအစ်ကို သုံးယောက်ထဲမှ အကြီးဆုံးက ခြေထိုးခံလိုက်သည်။ ကိုဇော့်ခမျာ လဲကျသွားတာ ဘိုင်းခနဲ။ ဘာပြောကောင်းမလဲ။ သူမနဲ့ ကိုဖြိုးပါ ဝင်တွယ်လိုက်ကြတာ နောက်ဆုံး ရေကုန်ရေခန်း မောဟိုက်ပါမှ နားနေကြရင်း နာရီကြည့်တော့ ကိုးနာရီထိုးဖို့ ဆယ့်ငါးမိနစ်။ မောင်နှမ သုံးယောက်ပေါင်း နာရီတစ်လုံးပိုင်ဆိုင်လေသည်။ ထိုနာရီကို တစ်ယောက်တစ်လှည့်စီပတ်ကြသည်။ သူတို့သုံးယောက်လုံး ဖုက်ဖက်ခါ ထကြရင်း ကိုဖြို့းနဲ့ကိုဇော်က ထိုသုံးယောက်ကို လက်ညိုးတထိုးထိုးနှင့် …
“ဟေ့ကောင်တွေ ငါတို့ မင်းတို့ကို ကြောက်လို့ ထွက်သွားတာမဟုက်ဖူးနော်…ကျောင်းချိန်နီးနေလို့”
ထိုသုံးယောက်ကတော့ သူမတို့နှင့်လည်း ရန်ပြန်မဖြစ်နိုင်။ မောမောပန်းပန်းထိုင်နေဆဲ။
သူမကလည်း မျက်စောင်းတစ်ချက်ခဲလိုက်သေးသည်။ ထို့နောက် မောင်နှမ သုံးယောက်လုံးလွယ်အိတ်ကို တစ်စောင်းပြင်လွယ်လိုက်သည်။ ကိုဖြိုးနဲ့ကိုဇော်က ပုဆိုးကို တိုတို ပြန်ပြင်ဝတ်လိုက်သည်။ သူမကတော့ ဘောင်းဘီတိုလေးဖြင့်။
“ရယ်ဒီ ဝမ်း တူး သရီး”……………..ပြေးထွက်လာလိုက်ကြတာ ………….ကျောင်းအရောက်။
သြော် ပျော်ဖို့ကောင်းလိုက်ချက်။ ကိုဇော်က သုံးတန်း၊ ကိုဖြိုးက နှစ်တန်း၊ သူမက သူငယ်တန်းလေး။
………………..
အချိန်တွေကုန်ဆုံးသွားသည်မှာ မြန်လွန်းလှသည်။ မောင်နှမ သုံးယောက်လုံး ရှစ်တန်းနှင့် ကျောင်းထွက်ဖြစ်ကြသည်မှာ တိုတ်ဆိုင်မှုတစ်ခုတော့ မဟုက်ခဲ့ကြ။ မိဘနှစ်ပါး၏ ဝန်ထမ်းလစာနှင့် ကျောင်းဆက်တက်ဖို့ရာ အခက်အခဲဖြစ်လာသဖြင့် တစ်ယောက်ပြီးတစ်ယောက် ကျောင်းထွက်ခဲ့ကြရသည်။ အစ်ကိုနှစ်ယောက်လုံးအိမ်ယာထူထောင်သွားသည်မှာလည်း မကြာသေး။ အသက်အနေဖြင့် သင့်တော်သော အရွယ်ဟုပြော၍ရသော်လည်း ဘက်ဂျက်အနေနှင့်မူ သင့်တော်သည့်အချိန်အခါမဟုက်သေး။ အဖေ့ ပင်စင်လစာနှင့် အမေ့ ဝန်ထမ်းလစာလေး။ မသေရုံတမယ် စားလောက်နိုင်သော်လည်း ဒီလိုကြီးတော့ဖြင့် မနေနိုင်ပါ။
သူမကို အမေ ဖြည့်ဆည်းပေးသည်က ရုံးကနေ ငွေစုငွေချေးမှ ချေးပေးကာ အပ်ချုပ်သင်တန်းလေးတက်စေသည်လေ။
ဇာတာကောင်းရန် လမ်းစပေါ်ပြီထင့်။ အပ်ချုပ်ဆရာမက သူမ၏ ကြိုးစားမှုကိုသဘောကျကာ သင်တန်းပြီးပြီးချင်းပင် အလုပ်ခန့်လေတော့၏။
………………………………………………………………..
ယခုတော့ ပင်စင်စား မိဘနှစ်ပါးစလုံးကို အိမ်ဦးခန်းထက် အမြိန့်သား ထိုင်ခိုင်းထားနိုင်ချေပြီ။ ရသမျှလစာကိုစုကာ အပ်ချုပ်စက်လေးတစ်လုံးဝယ်ရင်းနှီး ရာမှ အဝတ်အစားရောင်းဝယ်သည့်အခြေအနေရောက်အောင် တိုးတက်လာခြင်းသည် သူမ၏ ကျွမ်းကျင်မှု ဖြစ်သည်။ သူမ၏ ကြိုးစားမှု ဖြစ်သည်ဟုဆိုချင်ပါသည်။ အမေ့၏ သူမအပေါ် အလိုလိုက်မှုကို မေ့လိုခြင်းမဟုက်။ သူမမှာ တိုးတတ်အောင် လုပ်ကိုင်နိုင်သည့် အစွမ်းအစရှိသည်ကို ပြောချင်ရုံသာ။
သူမ၏ အစ်ကိုနှစ်ယောက်။ အလွန်စိတ်ပျက်ရသော အစ်ကိုနှစ်ယောက်။ မနေ့က….
“အမေ သားကို ငွေလေးနှစ်သောင်းလောက်ထုတ်ပေးပါဗျာ အလုပ်လုပ်ချင်လို့ပါ”…ကိုဖြိုးပြောသံကြားတော့ သူမ မဲ့ပြုံးတစ်ချက်ပြုံးမိလိုက်သည်။ သူမအိပ်နေသည်ထင်ပြီး အမေ့နားကပ်ကာ ပိုက်ဆံချေးနေသည်မှာ စိတ်ပျက်ဖွယ်။ မဟုက်။ ပိုက်ဆံချေးနေတာမဟုက်။ ပိုက်ဆံတောင်းနေခြင်းသာ။ ဘယ်တော့မှ ပြန်မဆပ်တတ်သောကြောင့်။ အမေက သူမအိပ်နေသည်ထင်ပြီး ပိုက်ဆံထုတ်ပေးပြီးချိန်မတော့  ကိုဇော်ရောက်လာကာ ထပ်တောင်းပြန်သည်။ အမေကလည်း ပေးလိုက်ပြန်သည်။ ပြီး ဟုက်တာလည်းမဟုက်။ ထိုပိုက်ဆံတွေကို ကိုက်စားလိုက်သည့်နှယ်။ ဘယ်လိုကုန်မှန်းမသိ ကုန်သွားဦးမည်။ မိန်းမယူပြီး အဝေးထွက်သွားကြကတည်းက ဒီ အစ်ကိုနှစ်ယောက်နှင့် သူမ ဝေးကွာသွားလေသည်လေ။ ယောင်းမ ဆိုတာမျိုးကိုလည်း မွှေတတ်တဲ့အမျိုးဟုသာ သတ်မှတ်တတ်အောင် သူမ၏ ယောင်းမတွေကပင် သင်ပေးခဲ့ခြင်း။ အငယ်မက မိန်းခလေးပီပီသသမနေတတ်ဘူး… ထမင်းလည်းမချက်တတ်ဟင်းလည်းမချက်တတ်..ဘာညာကွိကွနှင့် စကားလည်း အတော်များကြလေသည်။ သူတို့ပြောသမျှစကားမှန်သမျှ သူမနားထဲ အကုန်ပြန်ရောက်တတ်သည်ကလည်း အတင်းပြောတတ်သည်ဆိုသည့် ထွန်းကားလာသည့် ယဉ်ကျေးမှုတစ်ခုကြောင့်။ မချက်တတ်လို့ မဟုက်ဘူးဟေ့..ညည်းတို့လို ယောင်္ကျားကို အိမ်ဆီလက်ဖြန့်တောင်းခိုင်းစရာမလိုအောင် ကြိုးစားနေရလို့ဟေ့…လို့သာ အော်ပြောလိုက်ချင်သည်။
အမေနှင့် အဖေကတော့ ဘယ်သူ့ကို ပိုချစ်တယ်ရယ်လို့ မရှိသလိုပေမဲ့ သားနှစ်ယောက်ကို ဖြည့်ဆည်းပေးသည်မှာ အတော်များချေပြီ။့်။ သူတို့သားလေးတွေကို သူမမသိအောင် ပေး၏။ ကျွေး၏။ သို့သော် ပေးကားပေး၏ မရ။ ကျွေးကားကျွေး၏ မဝ ဆိုသလိုဖြစ်နေချေပြီ။
ဒီကြားထဲ အရက်လေးကလည်း သောက်တတ်သေး၊ ဖဲလေးကလည်း ရိုက်တတ်သေးသည်။ ကြက်ဝိုင်းဆိုလျှင်လည်း သူတို့နှစ်ယောက်သွားတတ်ကြသေးသည်။ ညီအစ်ကိုနှစ်ယောက်ပေါင်းဖြစ်တဲ့ ရန်ပွဲတွေလည်း မနည်းမနော။ အမေနှင့် အဖေ လိုက်ရတာလည်းမနည်းမနော။ သူမစိတ်ပျက်မိသည်မှာ သူမအလွန်မဟုက်ဘူး ထင်ပါသည်။ အစ်ကိုတွေက ညီမကို စောင့်ရှောက်ပေးဖို့ ကာကွယ်ပေးဖို့ထက် ညီမဆီက လက်ဖြန့်နေသောအခြေအနေကို စိတ်ပျက်မိလေခြင်းလား။ ဘာပဲဖြစ်ဖြစ် ဒီမြို့ငယ်လေးမှာတော့ သူမကို ကိုဇော်နှင့် ကိုဖြိုးတို့၏ ညီမငယ်အဖြစ်၊ လူမိုက်နှစ်ယောက်၏ ညီမငယ်အဖြစ်သိကြသည်လေ။
……………………….
လမ်းလျှောက်ထွက်လာသူ အမျိုးသမီးတစ်ဦး။ တစ်စုံတစ်ခု၊ တစ်စုံတစ်ရာကို စူးစူးစိုက်စိုက်ကြည့်နေသည်။ စိတ်ဝင်တစားနှင့်။ အသေအချာဆိုရပါသော် မြင်ကွင်းတစ်ခု။
..
“သားလေး ဒီဘက်ကိုလျှောက်..ဒီဘက်ကိုလျှောက်လာခဲ့” ပါးစပ်ကလည်းပြောရင်း ကလေးလာချင်အောင် မျက်နှာကို အမျိုးမျိုးရုပ်ပြောင်လုပ်ပြရင်း လက်ခုပ်လေးလည်းတီးရင်းဖြင့်။
ကလေးကလည်းကြိုးစားလျှောက်နေပါသည်။ အသက်ကတော့ တစ်နှစ်ခွဲသာသာပဲရှိဦးမည် ထင်ပါရဲ့။ မအေဖြစ်သူက ကလေးကို လမ်းမမှားအောင် ဘေးမှ ထိန်းလျှက်။ တစ်ချက်တစ်ချက် ခြေချော်ကာ ဘယ်ဆီ ဦးတည်သည်ရယ်မသိ။ ခေါင်းလေးတစ်ခြားဖက် လှည့်လှည့်သွားသည်ကို မအေဖြစ်သူက ပြန်ပြန် ပြင်ပေးနေလေသည်။ နောက်ဆုံးတွင်မတော့ ကလေးငယ် ဖခင်ဖြစ်သူထံ ရောက်ရှိသွားလေပြီ။ နောက်တစ်ခါ မအေဖြစ်သူထံ သွားခိုင်းပြန်လေသည်။ ဖအေဖြစ်သူက ဘေးမှထိန်းလို့။

အမျိုးသမီး တွေးလိုက်မိသည်က သူမ၏အစ်ကိုတွေ လမ်းမမှားအောင် သူမ ထိန်းပေးခဲ့ပါသည်လား။ မထိန်းပေးခဲ့ပါ။ သူမ၏ အစ်ကိုတွေသည် ယောင်္ကျားလေးပီပီ အထိန်းအကွပ်မရှိသလို သူတို့၏ မိန်းမတွေကလည်း မထိန်းတတ်ကြပါ။ သူမ ခေါင်းကို တစ်ချက်ယမ်းလိုက်မိသည်။
“မကြီး ဘယ်သွားမလို့လဲ ဆိုင်မဖွင့်ဘူးလား ဒီနေ့”
ကြည့်လိုက်တော့ သူမတို့အိမ်ဘေးနားက ငယ်စဉ်က သူမတို့မောင်နှမတွေနှင့်မတည့်သည့် ကောင်လေးသုံးယောက်၏ ညီမလေး။ ဒီအချိန်မှာတော့ တည့်သည်မတည့်သည် ဆိုတာတွေလည်း မရှိတော့ပြီ။ သူတို့သည် သူမအတွက်တော့ ဖောက်သည်တွေသာ။ သူတို့ တစ်အိမ်လုံးသည် သူမထံဝယ် အထည်ဝယ်ကြသည်။ စက်ချုပ်အပ်ကြသည်လေ။
“ဖွင့်မှာ ညီမရေ..” ပြုံးကာဖြေလိုက်ရင်း။
ခဏ သူမ မောင်နှမရယ်လို့ တွေးမိလိုက်သလား။ မောင်နှမ။ ဒီမောင်နှမ ဆိုတာကို မေ့ထားခဲ့မိသလား။ ဘာရယ်မဟုက် ခြေလှမ်းတို့က ငယ်စဉ်က တက်ခဲ့ရာ မူလတန်းကျောင်းလေးဆီသို့ ဦးတည်လိုက်မိပြန်ပါသည်။
………………..
ဒီနေရာလေးက ဟိုညီအစ်ကို သုံးယောက်နှင့် ခဏခဏ ရန်ဖြစ်ဖူးရာနေရာ။ ဒီနေရာက သူမအမြဲ ခြေထောက်ညောင်းလေ့ရှိသောနေရာ။ ဒီနေရာရောက်လျှင် ဘယ်တော့မဆို သူမလမ်းမလျှောက်တော့။ ကျောပိုးခိုင်းသည်ချည်းသာ။ ဒီနေရာလေးက
………………..။
အရေးအကြီးဆုံးမေးခွန်းတစ်ခုကတော့ သူမ၏အစ်ကိုတွေ လမ်းမှန်ရောက်အောင် သူမ တွန်းပို့ကြည့်ပြီးပြီလား ဟုပင်။ မပို့ရသေးပါ။ ပို့ဖို့ထက် ငါ ဘာလုပ်နိုင်တယ်ဆိုသော အတ္တတွေနှင့် သူမ ပူလောင်နေခဲ့သည်ပင်။ နောက်အသေချာဆုံးအရာတစ်ခုကတော့ ဒီအချိန်၊ ယခုလက်ရှိအချိန်သည် သူမ၏ အစ်ကိုနှစ်ယောက်ကို သူမက ပြန်လည်ကျောပိုးရမည့် အချိန် ဖြစ်မည်။ ဖြစ်သည်။ လမ်းမှန်ကိုတွန်းဖို့ သူမ ခဏတာတော့ အမုန်းခံချင်လည်း ခံရနိုင်ပါသည်။ သို့သော် သူမ၏ အစ်ကိုနှစ်ယောက် သူမကို နားလည်ချိန်တွင်တော့ မောင်နှမဆိုသော စကားလုံးကို ရင်းနှီးခုံမင်စွာ ပြန်လည် အသုံးပြုလာကြမည်သာ။
ဒီနေ့တော့ ဆိုင်ဖွင့်ဖို့ထက် ဒီညီအစ်ကိုနှစ်ယောက်အတွက် ဘာလုပ်ပေးသင့်သည်ဆိုတာကို တိုင်ပင်ရန် ခြေလှမ်းတို့ကို အိမ်အပြန်လမ်းသို့ ဦးတည်လိုက်သည်။ မိဘနှစ်ပါး၏ အကြံဥာဏ်သည် သူမလို စိတ်ဆက်သော လူငယ်တစ်ယောက်ထံမှ ထွက်သောအကြံဥာဏ်ထက်ပိုကောင်းပါလိမ့်မည်လေ။
လမ်းမှန်တွန်းပို့ဖို့ထက် လက်ညိုးထိုးကာ မကောင်းပြောဖို့သာ အားသန်ခဲ့သော ကိုယ့်စိတ်တို့ကို ရှက်ရင်း….။ ဘာပဲဖြစ်ဖြစ် မရရအောင် ကြိုးစားမည်ရယ်လို့ ဆုံးဖြက်ချက် ချထားလိုက်သည်။ ဆုံးဖြက်ချက်ချထားလိုက်ပြီ။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဘာကိုမှမသိချင်သူ
၂ သြဂတ်(စ်) ၂၀၁၁
Back to top Go down
http://www.htayhsu.multiply.com

မောင်နှမ..........

View previous topic View next topic Back to top 
Page 1 of 1
သတိပေးတားမြစ်ချက်
"ပုံကလေးများသာပါသော စာကြောင်းရေးသားခြင်းနှင့် forum နှင့် topic အတွက် အဓိပ္ပါယ်မရှိသော စာသားများ ရေးသားခြင်းကို ခွင့်မပြုပါ။"

Permissions in this forum: You cannot reply to topics in this forum
မြှားနတ်မောင် :: အချစ်နှင့် ရသစာပေများ(ကဗျာ၊ ၀တ္ထု၊ ဆောင်းပါး၊ ဟာသ၊ ဒဿန) :: ၀တ္ထု :: ကိုယ်တိုင်ရေး ၀တ္ထုများ။ -
Forumotion.com | © phpBB | Free forum support | Contact | Report an abuse | Forumotion.com