မြှားနတ်မောင်
မြှားနတ်မောင် (အချစ်နှင့် ခံစားမှုသီးသန့်) ဖိုရမ်အား လာရောက်လည်ပတ်ပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်။ ဖိုရမ်တွင်းဝင်ရောက်လိုပါက log in ကို click နှိပ်ပေးခြင်းဖြင့်လည်းကောင်း၊ အသင်းသားအဖြစ် မှတ်ပုံတင်လိုပါက Register ကို click နှိပ်ခြင်းဖြင့် လည်းကောင်း၊ ဧည့်သည်တော်အနေဖြင့် အသုံးပြုလိုပါက Do not display again ကိုနှိပ်၍ လည်းကောင်းအသုံးပြုနိုင်ပါသည်။
မြှားနတ်မောင်


 
email အသုံးပြုရန်email အသုံးပြုရန်  HomeHome  Portal*Portal*  GalleryGallery  RegisterRegister  Log in  email အသုံးပြုရန်email အသုံးပြုရန်  
"မြှားနတ်မောင်(အချစ်နှင့် ခံစားမှုသီးသန့်) ဖိုရမ်အား လာရောက်လည်ပတ်ပေးတဲ့ Guest တစ်ယောက် ကိုယ် စိတ် နှလုံး သုံးပါးလုံး ရွှင်လန်းချမ်းမြေ့ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးပါတယ်ခင်ဗျာ။"
Log in
Username:
Password:
Log in automatically: 
:: I forgot my password
ဧည်သည်တော်အတွက်လမ်းညွှန်
ဖိုရမ်စာမျက်နှာများ
ဖိုရမ်ရေးသားချက်များသို့ ၀င်ရန်




ရေးသားချက်အသစ်များ
» နဲနဲလေးတွေးရအောင် .....
2nd August 2013, 10:23 pm by

» မင်းအတွက်....
2nd August 2013, 10:15 pm by

» ကျွန်မကတော့
31st July 2013, 11:49 pm by

» အချစ်ဟာတစ်ခါတစ်လေ ပူလောင်တတ်လား?
25th May 2013, 4:44 pm by

» အချစ်ကိုခံစားဖူးသူတွေအတွက်..
25th May 2013, 4:36 pm by

» စရိုက်များတဲ့ ဘဝစာမျက်နှာ
23rd December 2012, 1:20 am by

» ရှားတော့မယ်ထင်ပါရဲ့
30th July 2012, 12:28 am by

» အချစ်ဆိုတာ
27th May 2012, 4:41 pm by

» သူငယ်ချင်းအားလုံးဘဲ မင်္ဂလာပါ
27th May 2012, 3:44 pm by


 

ဆိတ်ကွယ်ရာ........

View previous topic View next topic Go down 
Author Message
ဘာကိုမှမသိချင်သူ
နားလည်စအရွယ်
နားလည်စအရွယ်


လိင်(ကျား/မ) : Female Cancer ရေးသားချက်ပေါင်း : 23
ရမှတ်ပေါင်းမှာ : 69
ရေးသားချက် သဘောကျခံရမှု : 0
ဖိုရမ် ပြိုင်ပွဲများမှ ဆုရရှိမှုများ :
မှတ်ပုံတင်သည့်နေ့ : 2011-08-18
အသက် : 30
တည်နေရာ : Yangon
အလုပ်အကိုင်/၀ါသနာ : writting & Internet

PostSubject: ဆိတ်ကွယ်ရာ........   21st August 2011, 1:23 pm

(၁)

ကောင်လေးတစ်ယောက် လက်က ခဲတံကိုကျွမ်းကျင်စွာကိုင်၍ ခဲပန်းချီရေးခြစ်နေသည်မှာ တစ်ကယ့် ပန်းချီအကျော်အမော်တစ်ဦးသဖွယ်။ ပန်းချီအကျော်အမော်တွေ၏ နာမည်ကျော်ကြားသော ပန်းချီကားချပ်တွေကို ထိုကောင်လေး မမြင်ဖူး၊ မသိဖူးပါ။ သို့သော်..ကောင်လေးက မွေးကတည်းက ပုံစဆွဲတတ်ခဲ့သူမဟုက်ပေမဲ့ ကျောင်းစနေသည့်အရွယ်ကတည်းက ဘေးပတ်ပတ်လည်ကို ငေးကြည့်ရင်း အိမ်ပြန်ရောက်ချိန်တိုင်း စာအုပ်လေးတစ်အုပ်ပေါ်မှာ စာသားမပါသော ရုပ်ပုံလေးတို့ဖြင့် မှတ်တမ်းတင်တတ်သူ။ ပန်းချီဆိုသည်ကို ပညာရပ်တစ်ခုအဖြစ် ကောင်လေးမသင်ဖူးခဲ့ပါ။ သင်နိုင်လောက်အောင်လည်း ဓနအင်အားမရှိပါ။ လက်ရှိကျင်လည်နေသည့် လူမှုပတ်ဝန်းကျင်တွင် သူသည် သာမန် ကွမ်းယာရောင်းသမားလေးတစ်ဦးသာ ဖြစ်ပါသည်။

…………

သူ ရှေ့က မိန်းခလေးငယ်၏ နှုတ်ခမ်းကို ပီပြင်အောင် ခဲသားလေးကို တစ်ချက်စနှစ်ချက်စ ထိ၏သို့၊ မထိ၏သို့ ဆွဲလိုက်သည်။ ထိုအခါ သူ့အရှေ့မှ မိန်းခလေး၏ ရုပ်သွင်သည် သူရေးခြယ်နေသော A4စာရွက်ဖြူလေးထဲ ခုန်ဝင်လာသလိုလို။ အပြီးသတ်သွားချေပြီ။

ကျေးဇူးပဲ ကိုကြီး…………….။ ကိုကြီးက အရမ်းတော်တာပဲ။ ငယ့်သူငယ်ချင်းတွေကိုလည်း ကြွားရဦးမယ် ငယ့်မှာ ပုံဆွဲအရမ်းတော်တဲ့ ကိုကြီး တစ်ယောက်ရှိတယ်..လို့။

အပြောရိုးရိုးလေးမှာ အကြည့်အီအီလေးပါ ပါသော ထိုမိန်းခလေးငယ်ကို ကောင်လေး ပြုံးပြရုံသာ။ ဒါသည် မစားကောင်းသော အသီး ဖြစ်သလို လက်တည့်မစမ်းသင့်သော အရာဖြစ်သည်။ ၁၅နှစ်ဆိုသော အသက်နှင့် မလိုက်ဖက်စွာ မိန်းခလေးငယ်၏ မျက်နှာက မာယာတစ်ချို့ သုတ်လိမ်းထားပြန်ပါသည်။ သူမလေး၏ မိခင်ဖြစ်သူ မုဆိုးမလေး မမလတ်ကတော့ သူမလေးကို ရိုးသားလွန်းလို့ လူပေါင်းမှားမှာ ကြောက်သည်တဲ့။ကောင်လေး အထင်တော့ မိန်းခလေးငယ်၏ မာယာကိုမြင်ရုံနှင့်ပင် သူမသည်လည်း မအေတူသမီး ဆယ့်နှစ်ကြိုးကဝေတတ်သူပင် ဖြစ်ပါလိမ့်မည်။ မိန်းခလေးငယ် သူ့ကို နှုတ်ဆက်ထွက်ခွါသွားတော့ သူ့အာရုံက ပတ်ဝန်းကျင်ဆီ ပြန်လှည့်သွားချေပြီ။

သူ့အရှေ့တည့်တည့်က လဖက်ရည်ဆိုင်ကတော့ အဆိုတော် မျိုးကြီး၏ တိုင်ပတ်တဲ့ကမ္ဘာ သီချင်းကို ကျယ်ကျယ်လောင်လောင်ဖွင့်နေဆဲ။ မျိုးကြီးလက်သစ်လေးတွေကတော့ ခုံပုလေးတွေမှာထိုင် စီးကရက် လက်မှာ ကိုင်လို့ နှုတ်ခမ်းကို မသိမသာ ရောသိသိသာသာရော လှုပ်ကာ မျိုးကြီးသီချင်းကို ဆိုနေကြ၏။ တစ်ချို့ကတော့ လဖက်ရည်ဆိုင်ဘေး အသုပ်ဆိုင်က ညီအစ်မနှစ်ယောက်ကို ခေါတောကျသည်ခေါ်မလား၊ ငမ်းသည်ခေါ်မလား။ အကြည့်တို့ ပန်းပွင့်နေကြသည်။

ဒီနေ့မှပဲ သူ့ကွမ်းယာဆိုင်လေးတည်ရှိရာ ဘက်(စ်)ကားဂိတ်လေးကတော့ဖြင့် သူ့လိုပင် အလုပ်တွေ ပါးနေလေရဲ့။

အခါတိုင်းဆိုလျှင်ဖြင့် အလွန်အင်မတန် အလုပ်များသောမှတ်တိုင်လေးဖြစ်သည်။ အော်..ဒီနေ့ စနေနေ့ပေပဲ။ ဒါ့ကြောင့်မို့ မမလတ်သမီးလေး ကိုးတန်းကျောင်းသူမလေး သူ့ဆီလာ၍ ပုံဆွဲခိုင်းဖို့ အားခြင်းဖြစ်မည်။ ဒါ့ကြောင့်မို့ပင် မှတ်တိုင်လေးလည်း သူ့လိုပင် အလုပ်ပါးနေခြင်းဖြစ်မည်။



………………………………………………………………………………………………………………………………….

(၂)

ဒီနေ့ညတော့ ဘယ်လိုဖြစ်လို့ အိပ်မပျော်သည်ရယ်မသိ။ အခါတိုင်း အမှောင်မှာ အကျင့်ရစွာ အိပ်ပျော်တတ်သည့် မျက်လုံးက ဒီနေ့တော့ဖြင့် အကျင့်ပျက်နေလေသည်။ မီးကလည်း သဘောကောင်းနေသည်။ ကဲ…သမိုင်းမဝင်တဲ့ သူ့ရဲ့ မှတ်တမ်းတင် ခဲပန်းချီစာအုပ်လေးကို ကြည့်လိုက်ပါဦးမည်လေ….။ လက်တစ်လော ဆွဲနေဖြစ်သည့် ပုံဆွဲစာအုပ်ကို ထုတ်ဖြစ်လိုက်သည်။

ပထမဆုံးစာမျက်နှာတွင် မြင်ရသည်က…. သူ့ကွမ်းယာဆိုင်ရှေ့ရှိ လဖက်ရည်ဆိုင်က ဦးဝကြီး မိန်းမမရှိတုန်း ဆိုင်မှာ ခိုင်းရန်ခေါ်ထားသည့် မအိအား ဇတ်ကြောဆွဲခိုင်းနေဟန်။ မအိမျက်နှာပေါ်မှာတော့ စိတ်ရှုပ်နေခြင်း၊ မဝံ့မရဲ ဖြစ်ခြင်းတို့ကို ကိုယ်စားပြုသော မျက်မှောင်ကို မသိမသာလေး ကျုံ့ပြီး မျက်ဝန်းထဲကိုတော့ ရဲဝံ့မှုတို့ ဖျောက်ထားလိုက်သည်။ ဦးဝကြီးမျက်နှာကိုတော့ ဇိမ်ခံနေဟန် မျက်လုံးလေးကိုမှိတ်လို့။ နှုတ်ခမ်းက ပြုံးနေသလိုလို။ ဦးဝကြီးမိန်းမက မိန်းခလေးငယ်တွေကို ခိုင်းတာမကြိုက်။ ဦးဝကြီးကလည်း ဆိုင်တွင် ယောင်္ကျားလေးသူငယ်များ ရှိတဲ့ကြားထဲက မအိကိုသာ ခေါ်ခိုင်းသည်။ အဟင်း အဲဒီအချိန်သာ ဦးဝကြီးမိန်းမ ပြန်ရောက်လာလို့ကတော့ သူ အတွေးထဲမှာပင် ရယ်မိရင်း ….နောက်တစ်ရွက်ကိုလှန်လိုက်သည်။

ဟော..သြော် ဒါက။ ဦးဝကြီးတို့သား လူပျိုလေးက ဘေးက အသုပ်ဆိုင်က ခင်မွှေးကို ဘာများပြောလို့ပါလိမ့်။ ခင်မွှေးမျက်နှာက ရှက်သလိုအရိပ်အယောင်တို့ ဖြတ်ပြေးလျှက်။ သူဒီပုံလေးကိုကြည့်ရတာ တစ်ခုခုလိုနေတုန်းပင်။ မျက်စိကိုမှိတ်ပြီး ထိုစဉ်အခါတုန်းက ပုံရိပ်ကို ပြန်စဉ်းစားလိုက်သည်။ အာ..ဟုက်သည်။ သူက လူပျိုလေး ဆိုတဲ့အတွေးနဲ့ မဝံ့မရဲ ပုံရိပ်ပေါ်လွင်အောင် ကောင်လေးမျက်နှာပေါ် ရေးခြယ်ခဲ့သည်။ သို့သော် တစ်ကယ်တမ်း ကောင်လေးမျက်နှာပေါ်တွင်ရှိနေသည်က ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှုများ။ ဖြစ်နိုင်ပါသည်။ ဟိုတစ်နေ့က စားပွဲထိုးလေး လဖက်ရည်လာပို့တုန်းကတောင် ပြောသွားသေးသည်။ အစ်မကြီးမခင်မွှေးနဲ့ အစ်ကိုလေးနဲ့ ချိန်းတွေ့ကြတာ နှစ်ခါရှိပြီ ဆိုလားပဲ။ တစ်ခါတစ်ရံ တောသူဆိုတာ တစ်ကယ့်ကို ရိုးတယ်…ဆိုသောစကားကို သူ လက်မခံချင်ပါ။ မဆုံနိုင်တဲ့ လမ်းနှစ်ခုမှန်းသိပါလျှက် စိတ်ရဲ့ အလိုကို လိုက်တတ်မိတာ အကျင့်တစ်ခုလိုဖြစ်နေပြီ ထင်ပါသည်။ ရိုးလွန်း၍တော့ မဟုက်နိုင်ပါ။ တစ်ကယ်ဖြစ်လာနိုင်မည် ဆိုသော မျှော်မှန်းချက်လေးလည်း စွန်းထင်းနေပါလိမ့်မည်။ သက်ပြင်းတစ်ချက်ချလိုက်မိသည်။

နောက်တစ်ရွက်တွင်မတော့ သူတို့ အိမ်လေးတွေ၊ တိတိပပဆိုရသော် တန်းလျားလေးတွေ။ သူအိမ်အပြန်မြင်ရခိုက် ဆွဲထားခြင်းသာ။ တစ်လ ရှစ်ထောင်နှင့်ငှားထားသော ဒီ အိမ်ခန်းငယ်လေးထဲမှာ သူရယ် သူ့မာတာမိခင်ရယ် နေလောက်ပါသည်။ တန်းလျားလေးတွေအကုန်ပါအောင် ဆွဲထားတော့ တန်းလျားလေးရှေ့က လူနှစ်ယောက်မှာ သေးငယ်သွားသည်။ ပုံရိပ်တစ်ချို့ဖမ်းမိမှ သတိရသည်။ ဒါ မမလတ်က သူ့သမီးကို ထွက်ကြိုနေခြင်းပေပဲ။ မမလတ်အိမ်လေးက သူတို့တန်းလျားလေးဘေးမှာတည်ရှိပါသည်။ တစ်နည်းဆိုရသော် မမလတ်သည် သူတို့တန်းလျားလေး၏ ပိုင်ရှင်ပင်ဖြစ်သည်။ သူနှင့် မမလတ်ကြားတွင်ကား ပတ်သတ်ဆက်နွယ်မှုတစ်စုံတစ်ရာရှိသေးပေသည်။

……………………………

……………………….

………………………….

ညက ဘယ်အချိန်အိပ်ပျော်သွားမှန်းပင် မသိ။ စာသားမဲ့ မှတ်တမ်းလေးကတော့ သူ့ရင်ဘက်ပေါ် မှာ အုပ်မိုးလျှက်သား။ ဘယ်နေရာမှာ သူ အိပ်ပျော်သွားပါလိမ့်လို့ ကြည့်လိုက်တော့……..ကလေးတစ်စု ဝိုင်းဖွဲ၍ လဖက်ရည်သောက်နေဟန်။ လဖက်ရည်တစ်ခွက်ကို ကလေးသုံးယောက် စုသောက်နေကြသည်။ တစ်ယောက်က လျှာလေးဖြင့် သူ့နှုတ်ခမ်းလေးကိုသပ်၍ နောက်တစ်ယောက်ကတော့ ခွက်ကလေးကိုကိုင်ကာ မော့နေသည်။ နောက်တစ်ယောက်ကတော့ သူ့အလှည့်ကျကို စောင့်မျှော်နေဟန်။ ရန်လိုမှု၊ လောဘရမ္မက်ကြီးမှုတွေ ကင်းမဲ့နေသော်ငြား မျှော်လင့်တကြီးနိုင်မှု၊ အလိုမပြည့်ဝသေးမှုတို့ဖော်ပြနေသော ကလေးတို့၏ မျက်ဝန်းများကို သူနှစ်သက်စွာ လက်ကလေးနှင့် ပွတ်သပ်လိုက်မိသည်။ မဖြစ်သေး။ သူအလုပ်လုပ်ရဦးမည်။ နောက်ကျလျှင် ဒီနေ့ဝင်မည့် ဝင်ငွေထဲက လျော့နည်းနိုင်သည်။

……………………………………………………………………………………………………………………………………………..

(၃)

ဒီနေ့ကတော့ဖြင့် မိုးလေဝသ မကောင်းတာနှင့် စိုစွတ်ထိုင်းမှိုင်းနေသည်။ မိုးလေဝသမကောင်းလို့ပဲလား၊ ဆိုင်မဖွင့်ဖြစ်လို့ပဲ သူ့စိတ်တို့ ထိုင်းမှိုင်းနေသည်ရယ်လား။

လမ်းမတန်းတွေ စစ်ဆေးရေးလာမည်ဆိုတော့လည်း သူတို့လို လမ်းဘေးကွမ်းယာဆိုင်၊ အသုပ်ဆိုင်တွေမှာ ပိတ်ပေးရသည်သာ။

စိတ်တို့ ဖြေလျော့ရန် သူငယ်ချင်းတွေဆီ လျှောက်လိမ့်ဦးမှ။။

….

ဟားဟား စီးပွားရေးသမားကြီး အောင်အောင် ဘယ်လေတိုက်လို့ ရောက်လာတာလဲ။ မင်းသူငယ်ချင်းလည်း ပြောပါဦးကွာ။ လိမ္မာအောင်။ ဘယ်လိုဖြစ်နေမှန်းကိုမသိဘူး။ ကက ရှာမပေးလို့ တဲ့။ ကက ကရှာမရတာကွ။ စပေါ်ငွေလေး သုံးသိန်းနဲ့ ရှာလို့ ရတဲ့ ပါချီပါချက် ကားကျတော့ စိတ်မဝင်စားချင်ဘူး။ မကိုင်ချင်ဘူး တဲ့လေ။ အေး ပွဲစားတွေကလည်း ပြောသဗျာ။ တစ်ကယ်ကောင်းတဲ့ ကားဆိုရင် စပေါ် ဆယ်သိန်းကျော်ထိ ပေးရတယ်တဲ့။ ပွဲစားခကလည်း နှစ်သိန်း၊ သုံးသိန်းထိရသတဲ့။ ပွဲစားခ ငါးသောင်းနဲ့ ရတဲ့ ဒီကားမှ မလိုချင်ရင် တစ်ခြားကားမရှိဘူးတဲ့။

သူရယ်နေရုံသာ။ ဇော်ဇော့်အစ်ကိုက သူနှင့်တွေ့တိုင်း ဇော်ဇော့်ကို အချစ်ဆုံးသူငယ်ချင်းပီပီ ထိန်းပါ ဟုပြောနေကျ။ ခုလည်း ခရီးရောက်မဆိုတ်ပင် ဇော်ဇော့်အကြောင်း တိုင်နေပြန်သည်။

မင်းသူငယ်ချင်းက အလုပ်လည်းမလုပ်ချင်၊ တတ်တဲ့ ကားမောင်းပညာကိုလည်း ဟိုကားရွေးဒီကားရွေးဆိုတော့ နည်းနည်း ပြောပေးစမ်းပါဦးကွာ။ ရတဲ့ ကားလေးပဲ မောင်းဖို့။

သူခေါင်းငြိတ်ပြလိုက်ရင်း….ဇော်ဇော်ကော…ဟု မေးလိုက်တော့

ရေချိုးနေလေရဲ့။ ထွက်လာလိမ့်မယ်။ အစ်ကိုကတော့ လဖက်ရည်ဆိုင် ခဏသွားလိုက်ဦးမယ်။ ဒီမှာ ခဏထိုင်စောင့်နေဦး။ မင်းပျင်းရင် ဒီဓါတ်ပုံတွေကြည့်နေလိုက်ဦး။ အစ်ကို ကင်မရာတစ်လုံးနဲ့ လက်တည့် စမ်းထားတာ။ ပြောင်းချင်ရင် ဒီခလုတ်ကလေးနှိပ်။ ဟုက်လား။ ဒါကနောက်တစ်ပုံရွှေ့တာ။ ကဲ သွားပြီကွာ။ မင်းသူငယ်ချင်းကိုလည်း နည်းနည်း ပြောပေးစမ်းပါဦးကွာ။ ငါ့မှာကလည်း စပေါ်သုံးသိန်းနဲ့ ပွဲစားစားခ ငါးသောင်းပေးဖို့ပဲရှိလို့မို့ပါ။

ဇော်ဇော်ရေ အောင်အောင်လာတယ်ဟေ့…အလှပြင်မနေနဲ့ ….အမြန်ထွက်ခဲ့

လာပြီလာပြီ…ငါ့ကောင်ကြီးရေ ခဏစောင့်ကွာ….

ရတယ်ရတယ်………..ပြန်အော်ရင်း ဇော်ဇော့်အစ်ကိုကိုကြည့်လိုက်တော့ ခြံတံခါးဖွင့်လို့ အပြင်ထွက်သွားချေပြီ။

သူ ရှေ့က ကွန်ပြူတာလေးကိုကြည့်လိုက်သည်။ သူလည်း ဒီလောက်တော့မညံ့ပါ။ စာရိုက်တာလေးကို Keyboard ဟုခေါ်ကြောင်း၊ လက်ကကိုင်ပြီး ဟိုနှိပ်ဒီနှိပ် နှိပ်တာလေးကို Mouse ဟုခေါ်ကြောင်း သူသင်ဖူးပါသည်လေ။ ဆယ်တန်းတုန်းကပေါ့။ နောက် ရှိပါသေးသည်..အများကြီး။ CPU ဆိုလား၊ Motherboard ဆိုလား။ ကျောင်းကနေထွက်ပြီး ကွမ်းယာရောင်းဖြစ်တာကြာပြီဆိုတော့လည်း မှတ်မိနိုင်ဖို့ ခဲယဉ်းချက်။

ဂိမ်းဘယ်လိုဆော့ရလဲ သူမသိ။ ဒီတော့ကာ ဇော်ဇော့်အစ်ကို ပြောပြသွားသော မြှားလေးတွေကို ဟိုဖက်ရွှေ့၊ ဒီဖက်ရွှေ့ ပေါ့။

..

ပုံတွေကလည်း တော်တော်များပါသည်။ မသိလျှင် တစ်ကယ့် ဓါတ်ပုံရိုက်စားသူ ဟုထင်ရလောက်အောင် ပုံလေးတွေက ကြည့်လို့ လှလွန်းသည်။

ဒီပုံ သူကျော်ဖို့မေ့သွားသည်။ ပုံလေးကိုကြည့်ရုံနှင့်သိသာနေသည်က ဦးဇင်းတစ်ပါးကို ဝတ္ထုစက္ကူ လောင်းကပ်နေသည့်ဟန် အဒေါ်ကြီးတစ်ယောက်။ မနက်ခင်း၏ အဝါရောင်မစွန်းထင်းသေးတဲ့ ငြိမ်သက်အေးမြတဲ့မြင်ကွင်း။ ဦးဇင်း၏ မျက်နှာပေါ်က ငြိမ်းအေးမှုကို အမိအရဖမ်းယူထားလေရဲ့။ အရောင်မခြယ်တဲ့ သူ့မှတ်တမ်းလေးထဲ ဒီပုံလေးကို ရေးဆွဲချင်စိတ်ပေါက်သွားသည်။

နောက်ထပ်ပုံတွေကတော့ ထူးမခြားနား။ ပတ်ဝန်းကျင်သဘာဝအလှကို ရိုက်ပြလိုဟန်ဖြင့်။ လှတော့လှပါသည်။ ကြည့်ရတာ ဒီအစ်ကိုကြီး ကျူရှင်ဆရာဘဝထက် ဓါတ်ပုံဆရာ ဘဝကို မက်မောနေပြီထင့်။

….

သတ်လတ်ပိုင်းအရွယ်မိန်းမတစ်ယောက် သူ့ဘေးနားက အမျိုးသားကို ပြုံးရင်းတစ်ခုခုပြောနေဟန်။ ကောင်လေးကိုတော့ မြင်ရသည်မှာ နောက်ကျောသာ။ အမှတ်တမဲ့ ရိုက်မိသွားသည် ထင်ပါရဲ့။ ပုံထဲမှာ အဓိကထားရိုက်ပြလိုသည်က လှည်းလေးတစ်လှည်း။ ရာသီပေါ် အသီးအနှံတွေ ရောင်းသည့်လှည်းမျိုး။ ထူးဆန်းသည်မှာ ထိုလှည်းလေးကို အလှဆင်ထားသည်လေ။ မြင်နေကျ အနီရောင်မျိုးမဟုက်ပဲ ခဲရောင်သုတ်ထားသည်။ ဓါတ်ပုံအရောင်ထွက်ကလည်း စိုပြေနေတော့ လမ်းမကြီး၏ ကတ္တရာအရောင်နှင့် လိုက်ဖက်စွာ ကြည့်ကောင်းနေသည်။

သူမျက်ဝန်းတို့က မြက်ခင်းပေါ်မှ ရယ်နေကြသော စုံတွဲထံသို့ ပြန်လည်ရောက်ရှိသွားပြန်သည်။ နှစ်ယောက်လုံးကို မြင်ဖူးနေသလိုလို။ စိတ်ထဲ ဇဝေဇဝါ။

ဘယ်လိုနေလဲ ငါ့ကောင်ကြီး အလုပ်အကိုင်တွေကော အဆင်ပြေရဲ့လား…

ပြေပါတယ်ကွာ .ဖြေသာဖြေနေသည်။ အကြည့်တို့က ပုံလေးထဲမှာ စူးနစ်ဆဲ…။

ဒီအမျိုးသမီးပုံက မင်းတို့ အိမ်ရှင်နဲ့ ပုံစံဆင်တယ်နော်………..။

ဟာ…သူ့ဦးဏှောတ်ထဲ လင်းလက်သွားချေပြီ။ ဒါ သူနှင့် မမလတ်။ ရပ်ကွက်တွင်းလူတွေ မတွေ့နိုင်သည့်တစ်နေရာမှာ အချုပ်အနှောင်မခံချင်ကြသူနှစ်ဦး စိတ်တူကိုယ်တူ ဖြင့် ရမ္မက်တို့ ချိုးချေဖွရန် နေရာတစ်ခုရှာဖွေနေဟန်။

မဟုက်လောက်ပါဘူးကွာ။

ဟုက်ပါတယ်ကွ။ ဒီဘေးကတော့ သိပ်သေချာမသဲကွဲဘူး။ နည်းနည်း မှောင်သွားလို့..။

တော်ပါသေးရဲ့။ ရင်တွင်းက သက်ပြင်းချသံကို ဇော်ဇော်မကြားပါစေနှင့် ဟုဆုတောင်းရင်း။

လာကွာ လဖက်ရည်ဆိုင်သွားရအောင်…ဟုဆိုလာသော ဇော်ဇော့်ကို ကျေးဇူးတင်စွာ။

……………………………………………………………………………………………………………………………………………..

(၄)

ဇော်ဇော်တို့အိမ်ကို သွားလည်ပြီးသည့်နောက်ပိုင်းမှစ၍ ညည သူအိပ်ပျော်ဖို့ရာ ခက်ခဲလာသည်။ အတွေးတို့ နှိပ်စက်မှုအောက်မှာ သူ အိပ်ယာထ နောက်ကျတတ်လာပြီ။ အမေ ကတောင် ပြောသေးသည်။သားရယ် တစ်ပတ်လောက် ဆိုင်ကို ပိတ်ထားလိုက်ပါ့လား…..တဲ့။

သူ မပိတ်ချင်ပါ။ အလုပ်တွေ အားနေလျှင် ပိုဆိုးပေမည်။ အတွေးတွေထဲက ရုန်းထွက်ဖို့ အင်အား ပျောက်ဆုံးသွားပေလိမ့်မည်။ နောက် ..သူတို့သားအမိနှစ်ဦးအတွက် လည်ပတ်ငွေလေး လျော့နည်းပေလိမ့်မည်။

ဆိတ်ကွယ်ရာဆိုတာ တစ်ကယ်ရှိပါသလား။

သူမသိ။

မရှိနိုင်ပါ။ မည်သူသိသိ မသိသိ။ ကိုယ်သိသည်။ ကာယကံရှင် ပြုလုပ်သူ သိပေသည်။ မရှိနိုင်၊ မရှိနိုင်ပါ။

ဟိုတစ်လောက ပွဲစားဒေါ်ရွှေ ကလေးနှစ်ယောက်နှင့် မုဆိုးမ ဒေါ်အေးက ငါးသိန်းနှင့်ရောင်းသော မြေကွက်ကို ရှစ်သိန်းနှင့် ဝယ်လက်ဆီရောင်းသည်။ ပြီး ဒေါ်အေးဆီကိုပင် ငိုပြ၍ ပွဲစားခ ငါးသောင်း တောင်းသွားသေးသည်။ အကယ်၍များ ဒေါ်အေးသိသွားလျှင် …..။ သိသွားလျှင်လည်း ကိစ္စရှိမည်မထင်ပါ။ ဒေါ်အေးသည် ရန်မဖြစ်တတ်သော ၊ သို့မဟုက် ရန်ဖြစ်ရမည်ကို ရှက်ရွံသော အစိုးရဝန်ထမ်းတစ်ဦးသာ။

ဟော…..သူများအကြည့်မှားသလား။

မမှားနိုင်။ အေးဆေးငြိမ်သက်စွာနေတတ်သော ဒေါ်အေးကို ဦးဝကြီး မဟေသီက လက်ညိုးငေါက်ငေါက်ထိုး၍ ပြစ်တင်ပြောဆိုနေလေသည်။ ဒေါ်အေးက ငြင်းနေဟန်။ ဦးဝကြီးလည်း ငြင်းနေဟန်။ ဒေါ်အေး၏ ကလေးနှစ်ယောက်ကတော့ မျက်လုံးလေးအပြူးသား။ အကြီးမလေးကတော့ ရှက်ရွံနေဟန်ထင့်၊ မောင်ငယ်ကို လက်ကဆွဲလို့ မအေဖြစ်သူကို ခေါ်နေသည်။

ဒေါ်အေးတို့ သားအမိတစ်တွေ လဖက်ရည်လာသောက်တာလေ…..ဦးဝကြီးမိန်းမက ဓါတ်ပုံတွေပြပြီး တော့ သောင်းကြမ်းလိုက်စမ်းဆို။

အေးပေါ့ ဦးဝကြီးကလည်း ဒီမယားက ကောင်းကောင်းလုပ်ကျွေးနေတဲ့ဟာကို…သူ့မှာ ကောင်တာလေးပဲထိုင်နေရတာ။ သူ့မိန်းမကဖြင့် အဖျော်လည်းရတယ်။ အကြော်လည်းရတယ်။ အသုပ်ဆိုလည်း လူမတရားကျနေရင် သူဝင်သုပ်တာပဲ။ နော်…လူတွေများ ကောင်းကောင်းနေနိုင်ရဲ့သားနဲ့…

ထိုနေ့တစ်နေ့လုံး ဒီစကားသံချည်းသာ။ ဒီပတ်ဝန်းကျင်ဝယ်ရှိနေသူတွေဆီမှပေါ့။

……………..

ကွမ်းယာဆိုင်လေးဝန်းကျင်တွင် ပြန်လည်သာယာချေပြီ။ လူတော်တော်များများလည်း ဒီနေရာလေးတွင် ရန်ဖြစ်ခဲ့ဖူးသည်ဆိုသော ပုံရိပ်လေး တစ်စွန်းတစ်စပင် မကျန်တော့။

သိပ်မကြာခင် ဒေါ်အေးတို့သားအမိ သူတို့ရပ်ကွက်ကပြောင်းသွားချေပြီ။ ဦးဝကြီးလည်း ခြေတွေငြိမ်ကုပ်သွားတာများ မအိကိုပင် ဇတ်ကြောမဆွဲခိုင်းရဲတော့။

…………………………………………………………………………………………………………………………………………

(၅)ဇာတ်သိမ်း

မြို့စွန်မြို့ဖျားလေးတစ်နေရာက အဆောင်လေးတစ်ခုရှေ့။ အသက်သုံးဆယ်ငါးနှစ်အရွယ် အမျိုးသမီးတစ်ယောက်၊ နှစ်ဆယ့်ငါး မကျော့်တကျော် ဟုထင်ရသော အမျိုးသားတစ်ယောက်တို့ တံခါးဆီသို့ ခြေလှမ်းပြင်နေကြသည်။ ပြန်လည်ထွက်ခွာဟန်ဖြင့်။

ထိုအချိန်ဝယ် ရုတ်တစ်ရက် အမျိုးသားက အမျိုးသမီးလက်ကိုဆွဲ၍ အကွယ်တစ်ခုဝယ် ပြေးပုန်းလိုက်သည်။

..သိပ်မကြာခင်ပင် လေးဆယ်အရွယ်အမျိုးသမီးတစ်ယောက် ရွယ်တူအမျိုးသားတစ်ယောက်လက်ကို ကညုကလျ တွဲ၍ ဝင်လာသည်ကိုတွေ့ရ၏။ ကြည့်ရတာ အသိဖြစ်၍ထင့်။

အမျိုးသမီးပြောနေသောစကားဝယ်ထပ်နေသည်က ..အေးကလေ..အေးကလေ…နှင့်။ တစ်ဖက်အမျိုးသားကတော့ ပြုံး၍နားထောင်နေသည်။ သူ့အပြုံးကတော့ သိပ်သည်းနေသည်။ လျှို့ဝှက်နေသည်။

အပြန်လမ်းမှာ အမျိုးသမီးကော၊ အမျိုးသားကော တိတ်ဆိတ်လို့။

လမ်းချိုးတစ်ခုရဲ့ အဝင်ဝယ် အမျိုးသမီးကမေးလိုက်သည်။

သေချာလား။ ဒီတစ်ခါနောက်ဆုံးပဲဆိုတာ။

အမျိုးသားက ခေါင်းကို ဖြည်းလေးစွာ ငြိတ်ပြ၏။ အမျိုးသမီးက တောတ် တစ်ချက်ခတ်ကာ အရှေ့မှ ထွက်သွားသည်။ အမျိုးသားကတော့…နေစရာ ရှာရမည်လား…ဟူသောအတွေးဖြင့် သက်ပြင်းကို မသိမသာချလိုက်သည်။ ပြီး သူလည်း အိမ်ပြန်လမ်းပေါ် ရောက်နေပြီ..ဟူသောအသိဖြင့် မျက်နှာကို ပြင်လိုက်သည်။ မတော်တဆ သူမှိုင်နေတာကို သူ့အမေတွေ့သွားလျှင် ဘာဖြစ်သည်..ညာဖြစ်သည်ဆိုပြီး လျှောက်တွေးနေမှာ စိုးရသည်လေ။

……………………………….

မနက်စောစောစီးစီး ကောင်လေးတစ်ယောက် ဗလာစာအုပ်တွေ ရှေ့မှာချလို့။

ကျတ်သွားပြီဖြစ်သည့် ထမင်းအိုးကို စင်ပေါ်တင်လိုက်သည်။ နောက်တော့ ဗလာစာအုပ်ပေါင်း မြောက်များစွာကို တစ်အုပ်ချင်း။။။ လောင်ကျွမ်းစေလျှက်………….။

ဒီစာအုပ်လေးတွေထဲ ဆိတ်ကွယ်ရာ များစွာပါနိုင်သည်။ သူဆွဲထားသည် ဘက်(စ်)ကားစီးခရီးသည် တွေထဲ ဒါမျိုးတွေ မပါဘူးလို့ ငြင်းနိုင်မည်လေလား။ သူသည်လည်း ဆိတ်ကွယ်ရာဆိုသောအရာကို ရှာခဲ့ဖူးသူမို့ သူ့ကြောင့်တော့ဖြင့် ထိုဆိတ်ကွယ်ရာကို မပေါ်စေလိုပါ။

သူအကြိုက်ဆုံးပုံလေးတစ်ပုံတော့ ချန်ထားဖြစ်သည်။ လဖက်ရည်တစ်ခွက်။ ကလေးသုံးယောက်။ ပုံလေးကိုကြည့်ရင်း ကောင်လေးနှစ်နှစ်ခြိုက်ခြိုက်ပြုံးမိလိုက်သည်။

ထိုင်နေလို့ မဖြစ်သေး။ သူ အခန်းရှာရဦးမည်။ ဒီတစ်လအတွင်းမရလျှင် သူတို့သားအမိ နေစရာပျောက်လိမ့်မည်။

ခြေလှမ်းတို့ကို လမ်းမထက် ဦးတည်လိုက်သည်။ ပွဲစားဒေါ်ရွှေဆီသွားရန်။ သူ့ဆီမှာ အိမ်ငှား၊ အခန်းငှားရန် အပ်ထားသူတွေ ရှိတတ်သည်လေ။ သူ့ကိုတော့ ပွဲစားခ တစ်လခ ပေးရမည်ပေါ့။

အမေ့ကိုလှမ်းကြည့်လိုက်တော့ ဘုရားရှိခိုးတုန်း။။။

ဘာကိုမှမသိချင်သူ

၂၆ ဇူလိုင် ၂၀၁၁
Back to top Go down
http://www.htayhsu.multiply.com

ဆိတ်ကွယ်ရာ........

View previous topic View next topic Back to top 
Page 1 of 1
သတိပေးတားမြစ်ချက်
"ပုံကလေးများသာပါသော စာကြောင်းရေးသားခြင်းနှင့် forum နှင့် topic အတွက် အဓိပ္ပါယ်မရှိသော စာသားများ ရေးသားခြင်းကို ခွင့်မပြုပါ။"

Permissions in this forum: You cannot reply to topics in this forum
မြှားနတ်မောင် :: အချစ်နှင့် ရသစာပေများ(ကဗျာ၊ ၀တ္ထု၊ ဆောင်းပါး၊ ဟာသ၊ ဒဿန) :: ၀တ္ထု :: ကိုယ်တိုင်ရေး ၀တ္ထုများ။ -
Free forum | © phpBB | Free forum support | Contact | Report an abuse | Create a forum on Forumotion