မြှားနတ်မောင်
မြှားနတ်မောင် (အချစ်နှင့် ခံစားမှုသီးသန့်) ဖိုရမ်အား လာရောက်လည်ပတ်ပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်။ ဖိုရမ်တွင်းဝင်ရောက်လိုပါက log in ကို click နှိပ်ပေးခြင်းဖြင့်လည်းကောင်း၊ အသင်းသားအဖြစ် မှတ်ပုံတင်လိုပါက Register ကို click နှိပ်ခြင်းဖြင့် လည်းကောင်း၊ ဧည့်သည်တော်အနေဖြင့် အသုံးပြုလိုပါက Do not display again ကိုနှိပ်၍ လည်းကောင်းအသုံးပြုနိုင်ပါသည်။
မြှားနတ်မောင်
မြှားနတ်မောင် (အချစ်နှင့် ခံစားမှုသီးသန့်) ဖိုရမ်အား လာရောက်လည်ပတ်ပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်။ ဖိုရမ်တွင်းဝင်ရောက်လိုပါက log in ကို click နှိပ်ပေးခြင်းဖြင့်လည်းကောင်း၊ အသင်းသားအဖြစ် မှတ်ပုံတင်လိုပါက Register ကို click နှိပ်ခြင်းဖြင့် လည်းကောင်း၊ ဧည့်သည်တော်အနေဖြင့် အသုံးပြုလိုပါက Do not display again ကိုနှိပ်၍ လည်းကောင်းအသုံးပြုနိုင်ပါသည်။
မြှားနတ်မောင်
Would you like to react to this message? Create an account in a few clicks or log in to continue.
မြှားနတ်မောင်


 
email အသုံးပြုရန်email အသုံးပြုရန်  HomeHome  Portal*Portal*  GalleryGallery  Latest imagesLatest images  RegisterRegister  Log in  email အသုံးပြုရန်email အသုံးပြုရန်  
"မြှားနတ်မောင်(အချစ်နှင့် ခံစားမှုသီးသန့်) ဖိုရမ်အား လာရောက်လည်ပတ်ပေးတဲ့ Guest တစ်ယောက် ကိုယ် စိတ် နှလုံး သုံးပါးလုံး ရွှင်လန်းချမ်းမြေ့ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးပါတယ်ခင်ဗျာ။"
Log in
Username:
Password:
Log in automatically: 
:: I forgot my password
ဧည်သည်တော်အတွက်လမ်းညွှန်
ဖိုရမ်စာမျက်နှာများ
ဖိုရမ်ရေးသားချက်များသို့ ၀င်ရန်




ရေးသားချက်အသစ်များ
» နဲနဲလေးတွေးရအောင် .....
မကြီးဆီ စာလေးပေးပေးပါ Empty2nd August 2013, 10:23 pm by

» မင်းအတွက်....
မကြီးဆီ စာလေးပေးပေးပါ Empty2nd August 2013, 10:15 pm by

» ကျွန်မကတော့
မကြီးဆီ စာလေးပေးပေးပါ Empty31st July 2013, 11:49 pm by

» အချစ်ဟာတစ်ခါတစ်လေ ပူလောင်တတ်လား?
မကြီးဆီ စာလေးပေးပေးပါ Empty25th May 2013, 4:44 pm by

» အချစ်ကိုခံစားဖူးသူတွေအတွက်..
မကြီးဆီ စာလေးပေးပေးပါ Empty25th May 2013, 4:36 pm by

» စရိုက်များတဲ့ ဘဝစာမျက်နှာ
မကြီးဆီ စာလေးပေးပေးပါ Empty23rd December 2012, 1:20 am by

» ရှားတော့မယ်ထင်ပါရဲ့
မကြီးဆီ စာလေးပေးပေးပါ Empty30th July 2012, 12:28 am by

» အချစ်ဆိုတာ
မကြီးဆီ စာလေးပေးပေးပါ Empty27th May 2012, 4:41 pm by

» သူငယ်ချင်းအားလုံးဘဲ မင်္ဂလာပါ
မကြီးဆီ စာလေးပေးပေးပါ Empty27th May 2012, 3:44 pm by


 

မကြီးဆီ စာလေးပေးပေးပါ

View previous topic View next topic Go down 
Author Message
ဘာကိုမှမသိချင်သူ
နားလည်စအရွယ်
နားလည်စအရွယ်


လိင်(ကျား/မ) : Female Cancer ရေးသားချက်ပေါင်း : 23
ရမှတ်ပေါင်းမှာ : 69
ရေးသားချက် သဘောကျခံရမှု : 0
ဖိုရမ် ပြိုင်ပွဲများမှ ဆုရရှိမှုများ : မကြီးဆီ စာလေးပေးပေးပါ Empbar10
မှတ်ပုံတင်သည့်နေ့ : 2011-08-18
အသက် : 37
တည်နေရာ : Yangon
အလုပ်အကိုင်/၀ါသနာ : writting & Internet

မကြီးဆီ စာလေးပေးပေးပါ Vide
PostSubject: မကြီးဆီ စာလေးပေးပေးပါ   မကြီးဆီ စာလေးပေးပေးပါ Empty21st August 2011, 1:27 pm

အမေ အပြင်သွားပါတယ်ရှင်………မယုံကြည်သော်လည်း ကလေးငယ်တစ်ဦးသာတွေ့၍ ပြန်လှည့်သွားသည် ထိုသူ၏နောက်ကျောပြင်ကိုကြည့်ကာ ကျန်ခဲ့သူကလေးငယ်ရင်ထဲမှာလည်း ရှက်ရွံနေပါသည်။ လိမ်ညာလိုက်ရသည့်အတွက်။ မိခင်ဖြစ်သူ၏ အကြွေးရှင်များ အိမ်လိုက်လာတိုင်း ဒိုင်ခံညာပေးရသည်မှာ ကလေးငယ်သာ။ သိပ်မကြာခင်ဝယ် အိမ်တွင်းမှ ဆူညံပေါက်ကွဲသံအချို့။

ဖအေဖြစ်သူက မအေဖြစ်သူကို ရိုက်သည်ကို ကလေးငယ်တားဆီးချင်ပါသည်။ သို့သော် ကလေးငယ်မှာ ခုနှစ်နှစ်အရွယ်မျှသာရှိသေးသည့်အပြင် မိန်းခလေးလည်း ဖြစ်သည့်အတွက် တားဆီးရန် အင်အားမရှိ။ ဘေးနားရပ်နေသည့် အစ်ကိုသုံးယောက်ကြည့်လိုက်တော့ တားဆီးဖို့ စိတ်ဝင်စားကြဟန်မတူ။ မအေဖြစ်သူကို ဖတ်ထားသည့် ကလေးငယ်မျက်ဝန်းတို့ ဝင်းလဲ့သွားသည်။ အိမ်ရှေ့မှ ဝင်လာသည့် လူရိပ်ကြောင့်။ သို့သော် မအေဖြစ်သူကိုတော့ မလွှတ်သေး။ ကလေးငယ်၏ အားကိုးရာဖြစ်ဟန်တူသူ…ထိုလူက မအေဖြစ်သူရှေ့မှ ဝင်ကာလိုက်၏။

အမေ အကြွေးတင်တယ်ဆိုတောင် အဖေ့ဖက်က ဒီလို မရိုက်သင့်ဘူးဗျ…….

ဘာနင်က ဝင်ပြောရဲတယ်လား ဖယ်စမ်း……………….ဟုဆိုကာ ဝါးရင်းတုတ်နှင့် မအေဖြစ်သူ ကျောပေါ်ရိုက်သည့်အခိုက်ဝယ် ကလေးငယ် ကြောက်လန့်တကြား မျက်လုံးတို့ ပိတ်လိုက်သည်။ သို့သော် မအေဖြစ်သူထံ ထိုတုတ်က ကျမလာခဲ့ပါ။ ကလေးငယ်၏အားကိုးရာ ထိုလူက ကျောဖြင့်ဝင်ခံလိုက်၍ပင်။ နောက် သိပ်မကြာခင်ပင် ဖအေဖြစ်သူ အပြင်ထွက်သွားသည်။ မအေဖြစ်သူက သားသုံးယောက်ကို ထမင်းကျွေးဖို့ပြင်ဆင်နေသည်။ အိမ်အနောက်ဘက် စံပယ် သနပ်ခါး စသည်တို့ စုံလင်စွာစိုက်ထားသော မြေကွက်လပ်တွင်မတော့ ကလေးငယ်နှင့် ထိုလူ။

မကြီး အရမ်းနာသွားလားဟင်…..

အင် မနာပါဘူး ကလေးရဲ့…မငိုနဲ့လေ…မကြီး ဘာမှမဖြစ်ဘူး..ကလေးဗိုက်ဆာနေပြီလား….စားတော့မလား..

အင်း..ဒါပေမဲ့ အမေက မအားသေးဘူးတဲ့….။

အော် မကြီး ခွံကျွေးမှာပေါ့ ခဏစောင့်။ သွားခူးလိုက်ဦးမယ်။ ဒီမှာပဲစားမလား..။

ဟုက်။

………………………………………………………………………………………………..

မနက်စာ ခွံကျွေး မကြီးရာ..

ဟဲ့ အကြီးမ ခွံကျွေးရင် ကျောင်းနောက်ကျနေမှာပေါ့။ ဒီတိုင်း မြန်မြန်စားပေ့စေ။ ခွံကျွေးမနေနဲ့။

မအေဖြစ်သူ၏ စကားကြားတော့ ကလေးမငယ် မျက်နှာညိုသွားချေပြီ။

မြန်ပါတယ် အမေရာ…ကလေးကလည်း မြန်မြန်ဝါး..ဟုက်လား

ဟုက်…..ကြည်လင်ရွှင်ပြသောအသံလေး ကလေးမငယ်ဆီမှ ထွက်ပေါ်လာလေသည်။

မြန်မြန်စားနော်..နင့်အစ်ကိုနှစ်ယောက်စောင့်နေတယ် ကျောင်းသွားဖို့။

ဟုက်….တိုးတိတ်ညင်သာသော အသံငယ်သာ။

….

အမေ ပုံပြောပြ…ပြုံပင်နားထောင်ချင်လို့

အိုအေ ရှုပ်ရှုပ်ယှက်ယှက် မပြောတတ်ပါဘူး..စာကျက်ချင်ရင်ကျက် မကျက်ချင်ရင်အိပ် ဒါပဲ

ခြေလှမ်းတို့ လေးကန်စွာဖြင့် လျှောက်လာသော ကလေးမလေး မျက်ဝန်းတို့ ဝင်းလက်သွားပြီ။ အပြေးလေးလျှောက်သွားသည်။ အစ်မဖြစ်သူဆီသို့….

မကြီး ပုံပြောပြ

အော် အေးအေး ပြောပြမယ်နော် ခဏစောင့် မကြီး ပန်းကန်ဆေးပြီးရင်ပြောပြမယ်

ဟုက်

…….

ကလေးမငယ်လေး အစ်မဖြစ်သူ၏ ပေါင်ပေါ် ခေါင်းအုံးလို့…..

အစ်မဖြစ်သူ၏လက်က ကလေးမငယ်၏ ခေါင်းကို နူးနူးညံ့ညံ့ ပွတ်သပ်ပေးနေသည်။

ဟိုးရှေးရှေးတုန်းက………

သိပ်မကြာခင်ပင် ကလေးမလေးအိပ်ပျော်သွားတော့ အစ်မဖြစ်သူက ကလေးမလေးကို ပွေ့ချီလိုက်သည်။ ပြီး အိပ်ယာပေါ်ဆီတင်ပေးလို့။ သူမကတော့ အလုပ်လုပ်ရပေဦးမည်။ ဒန်အိုးတွေဆေးဖို့ ကျန်သေးသည်။

……………………………………………………………………………………………………..

ဟ ရတဲ့ ဝန်ထမ်းလစာနဲ့ လောက်အောင်သုံးပေါ့ကွ….မင်းအသုံးကြမ်းလို့ အကြွေးတင်တာ

အို ရှင့် လစာနဲ့ ကျွန်မလစာ နှစ်ယောက်ပေါင်းလည်း ဘယ်လိုလုပ် လောက်မှာလဲရှင့် ….ကလေးတွေ ကျောင်းစားရိတ်က ရှိသေးတယ်

ဟ..ငါ့ပြောပေါ့..မင်း မပြောပဲ အကြွေးတင်တာက ပိုရှက်စရာကောင်းတယ်ကွ

ရှင့်ပြောတော့ကော ရှင် ဘာများတက်နိုင်မှာမို့တုန်း

ရုတ်တရက် ဆူဆူညံညံ အသံတို့ကြောင့် ကလေးမငယ် လန့်နိုးလာသည်။ မိဘနှစ်ပါး အော်ကြီးဟစ်ကျယ်စကားများနေခြင်းသာ။ သူမလေးကို လန့်သွားမှာစိုး၍ ပွေ့ဖက်ထားသူက အစ်မဖြစ်သူ။သို့သော် အစ်မဖြစ်သူမှာ မဖြစ်မနေထွက်တားရတော့သည်။ ဖအေဖြစ်သူက လက်ပါပါလာ၍ပင်။ အစ်ကိုသုံးယောက်ကတော့ ထမလာသေး။ မနိုးတာလား၊ အိပ်ချင်ဟန်ဆောင်တာလား မကွဲပြားပါ။

ဒီလောက်တားနေသည့်ကြားမှ ဖအေဖြစ်သူရိုက်လိုက်သည့်တုတ်က မအေဖြစ်သူ၏ ဒူးခေါင်းအလယ်တည့်တည့်ကိုရိုက်မိကာ သွေးတွေပန်းထွက်လာပါတော့၏။ ထိုနေ့မှစ၍ အစ်မဖြစ်သူပြန်မလာ။ အစ်ကိုသုံးယောက်နှင့် အဖေ့ကြား မနေတတ်သူ ကလေးမငယ် မျှော်နေပါသော်လည်း ပြန်မလာခဲ့။ ထိုအချိန်က ကလေးမငယ် အသက် ဆယ်နှစ်နီးပါးရှိချေပြီ။

….

ရေထမ်းသည့်အဒေါ်ကြီးက ညည်းအစ်မက စောင့်နေတယ် ဟူသောစကားကြောင့် ပျော်ရွှင်စွာ ပြေးထွက်လာသော ကလေးငယ်။ အစ်မ ဖြစ်သူကိုလည်းအတွေ့ ပြေးဖက်၍ ငိုပါတော့သည်။ အစ်မဖြစ်သူက ကလေးငယ်ကို ပေါင်ပေါ်တင်ကာ မြက်ခင်းပြင်ပေါ် ထိုင်ချလိုက်သည်။

ကလေး မကြီးပြောတာ သေချာနားထောင်နော်…မကြီးက ရန်ကုန်မြို့ကြီးကို သွားပြီးအလုပ်လုပ်မလို့…အရင်လို မဆိုးရဘူးနော်..အမေ့စကားသေချာနားထောင်..ကြားလား

အမေက ခုဆေးရုံမှာ..သိပ်မကြာခင် ဆေးရုံက ဆင်းလာရင် ကလေးတို့ဆီ ပြန်လာလိမ့်မယ်..နော်

မကြီးသွားရင် ညီမလေးကို ဘယ်သူက ပုံပြောမှာလဲ…ဘယ်သူက ကျောင်းပို့ကျောင်းကြိုလုပ်မှာလဲ…ဟီး။။ …ဟီး ဘယ်သူက ထမင်းခွံကျွေးမှာလဲလို့….။

ကလေးငယ် ပြောရင်းငိုလိုက်ချိန်ဝယ် အစ်မ ဖြစ်သူမှာလည်း ထိန်းမရတော့။ ကလေးငယ်ကို ဖက်ရင်း သူပါ ငိုမိတော့သည်လေ။

မကြီးက အလုပ်သွားလုပ်ရမှာ ကလေးရဲ့ မသွားလို့ မဖြစ်ဘူး..ကလေးကို လာနှုတ်ဆက်တာ...... ပြောရင်းကျလာသည့် မျက်ရည်တို့ကို သုတ်လိုက်ပြန်သည်။

မကြီး သွားပြီနော် လိမ်လိမ်မာမာနေခဲ့နော်။။။။။

မကြီး မသွားပါနဲ့…မသွားပါနဲ့။…စက်ဘီးနှင့်ထွက်သွားသော အစ်မဖြစ်သူနောက် ပြေးလိုက်သည့်ကလေးငယ် မမီခဲ့ပါ။ မောလာသည့်အဆုံးရပ်လိုက်တော့ အိမ်နှင့် အတော်လှမ်းလှမ်းပင် ရောက်နေပေပြီ။ကလေးငယ် အိမ်ဖက်ပြန်သွားသည်ကိုကြည့်ရင်း အကွယ်ဘေးပုန်းနေသူ အစ်မမျက်ရည်တို့ကျလာပြန်ပါသည်။ သြော်..သူမကိုသာ ခင်တွယ်ရှာသည့် ကလေးလေး။။

…………………………………………………………………………………………………………………….

ဟော ဒေါ်ကြီးကြည် လာပြီ။ မကြီးဆီက စာပါမယ်ထင်တယ်။ အမေနှင့် ဒေါ်ကြီးကြည် စကားပြောနေတုန်း ကလေးမ စာတစ်စောင် ရေးလိုက်သည်။ ဒီဒေါ်ကြီးက ရန်ကုန်ကိုပြန်သွားမှာလေ။ မကြီးကို သတိရကြောင်း စာလေးထည့်ပေးချင်တာပေါ့။ အစ်မ အလုပ်လုပ်ပြီးဝယ်ပေးတဲ့ ရွှေအိုရောင်လုံချည်လေး အမေပေါင်ခိုင်းလို့ ပေါင်လိုက်ပြီဆိုတဲ့အကြောင်း ထည့်ရေးရမလား။ ဒီနောက်ပိုင်း အပေါင်ဆိုင်ကို ခဏခဏ သူမပဲ သွားနေရကြောင်း ထည့်ရေးရမလား။ မကောင်းပါဘူးလေ။ မကြီးကို လွမ်းနေတယ်။ သတိရနေတယ် ဆိုရင် မကြီး အမြန်ပြန်လာမှာပါ။ ဘယ်လောက် သတိရတယ် လွမ်းတယ် ဆိုတာပဲ ထည့်ရေးတော့မယ်။

မကြည်ရယ် ခြောက်လစာလောက် ကြိုထုတ်လို့ မရဘူးလား..ကျွန်မမှာလည်း လိုနေလို့ပါတော်

အဲလောက်ထိတော့ မလုပ်နဲ့ရှင် လေးလစာဆိုရင်တော့ ကြိုထုတ်ပေးခဲ့မယ်..ဒါတောင်ကျွန်မက ရန်ကုန်ရောက်မှ ရမှာနော်…ရှင့်မို့လို့ ကြိုထုတ်ပေးတာ

အေးပါတော်..ရပါတယ်။။။လေးလစာပဲပေါ့..ဘယ်တက်နိုင်မလဲ

……

…………………………………………………………………………………………………………………………

မကြီး ညီမလေးမျှော်နေတယ်နော်။။။အမြန်ပြန်လာခဲ့နော်။ မညီမညာကလေးတစ်ယောက်၏ လက်ရေးဟုသိသာစွာ။အိမ်ဖော် ပွဲစားဒေါ်ကြည် စာကို လွှင့်ပစ်လိုက်သည်။ တော်ကြာဒီစာတွေ့လို့ အိမ်ကို သတိရပြီး အိမ်ပြန်ပြေးမှဖြင့် သူကြိုပေးခဲ့တဲ့လစာတွေ ရှုံးသွားးဦးမည်။ ကလေးမလေးကိုတော့ သနားပါသည်လေ။

…………………………………………………………………………………………………………………………………..

ဘာကိုမှမသိချင်သူ

၂၈ ဇူလိုင် ၂၀၁၁
Back to top Go down
http://www.htayhsu.multiply.com

မကြီးဆီ စာလေးပေးပေးပါ

View previous topic View next topic Back to top 
Page 1 of 1
သတိပေးတားမြစ်ချက်
"ပုံကလေးများသာပါသော စာကြောင်းရေးသားခြင်းနှင့် forum နှင့် topic အတွက် အဓိပ္ပါယ်မရှိသော စာသားများ ရေးသားခြင်းကို ခွင့်မပြုပါ။"

Permissions in this forum: You cannot reply to topics in this forum
မြှားနတ်မောင် :: အချစ်နှင့် ရသစာပေများ(ကဗျာ၊ ၀တ္ထု၊ ဆောင်းပါး၊ ဟာသ၊ ဒဿန) :: ၀တ္ထု :: ကိုယ်တိုင်ရေး ၀တ္ထုများ။ -
Forum free | ©phpBB | Free forum support | Report an abuse | Forumotion.com