မြှားနတ်မောင်
မြှားနတ်မောင် (အချစ်နှင့် ခံစားမှုသီးသန့်) ဖိုရမ်အား လာရောက်လည်ပတ်ပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်။ ဖိုရမ်တွင်းဝင်ရောက်လိုပါက log in ကို click နှိပ်ပေးခြင်းဖြင့်လည်းကောင်း၊ အသင်းသားအဖြစ် မှတ်ပုံတင်လိုပါက Register ကို click နှိပ်ခြင်းဖြင့် လည်းကောင်း၊ ဧည့်သည်တော်အနေဖြင့် အသုံးပြုလိုပါက Do not display again ကိုနှိပ်၍ လည်းကောင်းအသုံးပြုနိုင်ပါသည်။
မြှားနတ်မောင်


 
email အသုံးပြုရန်email အသုံးပြုရန်  HomeHome  Portal*Portal*  GalleryGallery  RegisterRegister  Log in  email အသုံးပြုရန်email အသုံးပြုရန်  
"မြှားနတ်မောင်(အချစ်နှင့် ခံစားမှုသီးသန့်) ဖိုရမ်အား လာရောက်လည်ပတ်ပေးတဲ့ Guest တစ်ယောက် ကိုယ် စိတ် နှလုံး သုံးပါးလုံး ရွှင်လန်းချမ်းမြေ့ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးပါတယ်ခင်ဗျာ။"
Log in
Username:
Password:
Log in automatically: 
:: I forgot my password
ဧည်သည်တော်အတွက်လမ်းညွှန်
ဖိုရမ်စာမျက်နှာများ
ဖိုရမ်ရေးသားချက်များသို့ ၀င်ရန်




ရေးသားချက်အသစ်များ
» နဲနဲလေးတွေးရအောင် .....
2nd August 2013, 10:23 pm by

» မင်းအတွက်....
2nd August 2013, 10:15 pm by

» ကျွန်မကတော့
31st July 2013, 11:49 pm by

» အချစ်ဟာတစ်ခါတစ်လေ ပူလောင်တတ်လား?
25th May 2013, 4:44 pm by

» အချစ်ကိုခံစားဖူးသူတွေအတွက်..
25th May 2013, 4:36 pm by

» စရိုက်များတဲ့ ဘဝစာမျက်နှာ
23rd December 2012, 1:20 am by

» ရှားတော့မယ်ထင်ပါရဲ့
30th July 2012, 12:28 am by

» အချစ်ဆိုတာ
27th May 2012, 4:41 pm by

» သူငယ်ချင်းအားလုံးဘဲ မင်္ဂလာပါ
27th May 2012, 3:44 pm by


 

တစ်ခါက မောင်ဘသောင်းလေး ရှိခဲ့ဖူးပါသည်

View previous topic View next topic Go down 
Author Message
ဘာကိုမှမသိချင်သူ
နားလည်စအရွယ်
နားလည်စအရွယ်


လိင်(ကျား/မ) : Female Cancer ရေးသားချက်ပေါင်း : 23
ရမှတ်ပေါင်းမှာ : 69
ရေးသားချက် သဘောကျခံရမှု : 0
ဖိုရမ် ပြိုင်ပွဲများမှ ဆုရရှိမှုများ :
မှတ်ပုံတင်သည့်နေ့ : 2011-08-18
အသက် : 30
တည်နေရာ : Yangon
အလုပ်အကိုင်/၀ါသနာ : writting & Internet

PostSubject: တစ်ခါက မောင်ဘသောင်းလေး ရှိခဲ့ဖူးပါသည်   21st August 2011, 1:30 pm

ကျုပ်ဗျာ အခုတစ်လော အိပ်မက် မက်နေဖြစ်တာက အနီရောင် ဆင်လေးတွေ။ အိပ်မက်ထဲထိ ပါလာတတ်တယ်။ တစ်ချို့က အစိမ်းမှ ကြိုက်တယ်..တဲ့။ အဟီး…ကျုပ်ကတော့ အနီရောင်ဆင်ကို ပိုသဘောကျတယ်ဗျ။

တစ်ကယ်တော့ အနီရဲရဲလည်းမဟုက်ဘူးဗျ။ သူက ပန်းရောင်စပ်ထားတာလေ။ ကျုပ် အမြင့်ဆုံးကိုင်ဖူးတာဆိုလို့ အနီရောင်နဲ့ ကြက်သွေးရောင် ဖောက်ထားတဲ့ ခြင်္သေ့က အမြင့်ဆုံးပဲ။ ကျုပ်လို ဈေးခွေးသာသာလူတစ်ယောက်မှာ အနီရောင်ဆင် ကိုင်နိုင်တဲ့ အခွင့်အရေးမရှိနိုင်တာလည်းအသေအချာပေါ့။ သူ့ကို ကျုပ် ချစ်ပါချစ်တာဗျ။

ကျုပ်က ညအိပ်ရင် မီးကင်းတဲမှာ အိပ်တာဗျ။ အိမ်ဆိုတာ ကျုပ်မှာ မရှိတာ တော်တော်ကြာပြီ။ မွေးကတည်းကတော့ မဟုက်လောက်ဘူး ထင်ပါရဲ့။ ကျုပ်သိတတ်စအရွယ်ကတည်း ဈေးထဲမှာနေလာတာလေ။ ကျုပ်အသက် သိပ်မကြီးသေးပါဘူး။ ဈေးထဲကလူတွေကတော့ ၁၈နှစ် လို့ပြောကြတာပဲ။ မနက်ဈေးဖွင့်အမှီသွား။ ခိုင်းတာလုပ်နဲ့ နေလာတာ ထမင်းတော့ မငတ်ဘူးဗျ။

ကျုပ် နေ့လည်စာ တစ်နပ်အငတ်ခံစုနေတာ တော်တော်ကြာပြီ။ ရသမျှပိုက်ဆံလေးခြစ်ချုတ်စုလို့ ဟိုလူခေါ်ရင် ပြေးလုပ်ပေးလိုက်၊ ဒီလူကခေါ်ရင် ပြေးလုပ်ပေးလိုက်နဲ့ တစ်ခါလုပ်ပေးရင် အနိမ့်ဆုံး ၅၀ ကနေ အမြင့်ဆုံး ၂၀၀ ထိရတတ်တယ်လေ။ ဘသောင်းရေ…လို့ခေါ်သံသာ ကြားလိုက် ကျုပ်က အပြေးသွားပြီးသား။ ကျုပ်နာမည်က ဘသောင်းလေ။

ကျုပ်ကို ချစ်တဲ့ အစ်ကိုသုံးယောက်ရှိတယ်။ ရွာထဲကတော့ အော့ကြောလန်တွေလို့ပြောကြတာပဲ။ ကျုပ်အပေါ်တော့ အရမ်းကောင်းတဲ့သူတွေချည်းပေါ့။ တစ်ခါတစ်လေ အဝတ်အစားပေးလားပေးရဲ့။ သူတို့ မုန့်စားနေရင်လည်း ကျုပ်ကိုတွေ့တာနဲ့ ငြင်းရခက်အောင်ကို ဇွတ်အတင်း ကျွေးတော့တာပဲ။ သူတို့က ပြောတယ်ဗျ။ ကြိုးစားရင်ဘာမဆို ဖြစ်သတဲ့။ သူတို့ အချင်းချင်း ပြောနေကြတာပါ။ ကျုပ်ကတော့ ကျုပ်ကိုပြောနေသလိုပဲ။

ဒါ့ကြောင့် ကျုပ်ရတာက နည်းပေမဲ့ စိတ်မပျက်ပါဘူး။ ဘာမဆိုကြိုးစားရင် ဖြစ်လာမှာပေါ့ဗျာ။

မြို့ဆိုပေမဲ့ ရွာသိမ်ရွာငယ်လေးတွေစုထားတဲ့ ဒီမြို့လေးရဲ့ တစ်ခုတည်းသောဈေးလေးက ကျုပ်ကို ထမင်းလည်းကျွေးတယ်။ ဒီဈေးလေးရဲ့ အနောက်ဘက် တစ်ပြနှစ်ပြလောက် လျှောက်ရင်ရောက်တဲ့ မီးကင်းတဲလေးက ကျုပ်ကို နေစရာပေးတယ်။ ကိုင်း။။။ဘာလိုသေးလဲဗျာ။ အနီရောင်ဆင်လေးရဖို့ဆိုတာ သိပ်ခက်ခဲမယ်မထင်ပါဘူးဗျ။ ဟဲဟဲ။

ညနေဆိုရင်တော့ ကျုပ်လည်း အော့ကြောလန်ဆိုတဲ့ သူတို့ရွာတွေက ကင်ပွန်းတပ်ထားတဲ့ အစ်ကိုသုံးယောက်နဲ့အတူ မယ်ဒလင် လက်သံလေးစမ်းရဦးမှာပေါ့။ ကြီးကြီးကျယ်ကျယ်ပြောကြည့်တာပါ။ ကျုပ်က နားထောင်သမားသတ်သတ်ပါ။ ဟောပြောရင်းဆိုရင်းဟိုမှာ ဒေါ်တုတ်ကြီးခေါ်နေပြီ။ အိတ်ထမ်းခိုင်းဖို့ထင်တယ်။ လာပြီဗျို့ လာပြီ။

ဒေါ်တုတ်ကြီးကို မရမလား…ဒီအိတ်ကိုမရမလား။။။

ဟဲ့သေနာရဲ့…ဒ်ီအိတ်ကိုမရမှာပေါ့…ငါ့အိမ်သွားပို့ချေ။။ သတိထားသွားနော်။ အထဲက ပစ္စည်းတွေက အကျိုးကြေလွယ်တယ်။။။။

ဟုက်ကဲ့ဗျို့..ဟုက်ကဲ့။။။ ဆင်နီလေးကို စိတ်ထဲကနေ တစ်ချက်လှမ်းမျှော်ရင်း အားမာန်ပြည့် ခြေလှမ်းတို့နှင့်…..။

…………………………………………………………………………………………………………………………………

အဲဒီနေ့က ပေါ့။ တစ်ဈေးလုံး အုံးအုံးကျွတ်ကျွတ်။

စိတ်မနှံ့တဲ့ မောင်ဘသောင်းလေး သွားရှာပြီ…

သြော်…သနားစရာဟယ်…သူက ခိုင်းရင် အရမ်းဖင်ပေါ့တယ်ဟဲ့..

ကြည့်ရတာ အရက်မူးပြီး မိုးရေထဲ တစ်ညလုံးလဲနေတဲ့ပုံပဲ…

ဈေးတံခါးရှေ့မှာ လဲနေတဲ့ မောင်ဘသောင်းကို ထူသူထူ၊ ပွေ့သူပွေ့နဲ့ ခေါင်းခါသူကခါပေါ့။ ဒီအချိန် မောင်ဘသောင်းရင်ဘက်ထဲကနေ ၅၀၀၀တန်လေးတစ်ရွက် လူတွေခြေကြားထဲရောက်သွားလေရဲ့။ လူတစ်ယောက်က မသိမသာ ခြေနဲ့ အုပ်ထားလိုက်တယ်။ တစ်ခြားသူတွေ အကုန်လုံးသွားကြပြီ။ မောင်ဘသောင်းကိုလည်း သက်ဆိုင်ရာက နေရာရွှေ့သွားကြပြီ။ သူ…ထိုသူကတော့ မရွေ့သေး။

အနီးအပါး ဘယ်သူမှမရှိဘူးဆိုတာသေချာမှ သူ့ကိဂရုတစိုက်ကြည့်သူမရှိဘူးဆိုတာ သေချာမှ သူခြေကိုကြွလိုက်သည်။ ဖိနပ်အောက်မှာက ၅၀၀၀ တန် အသစ်စက်စက်လေး။ သို့သော် မိုးတစ်ချို့ စွန်းထင်းလို့ သဲတစ်ချို့ ထိကပ်လို့။

…………………………………………………………………………………….

လူသုံးယောက် ယူကြုံးမရ ဝမ်းနည်းနေကြပုံနှင့် မောင်ဘသောင်းကို ခေါ်ယူသွားပုံကို ကြည့်နေကြသည်။ စိတ်ထဲကလည်း အကြိမ်ကြိမ်တောင်းပန်လို့။

ဘသောင်းရယ် ဖြစ်လေရာဘဝတိုင်းမှာ ပြည့်ပြည့်စုံစုံချမ်းချမ်းသာသာ ဥာဏ်ရည်မှီတဲ့ လူတစ်ယောအဖြစ် မွေးဖွားပါစေကွာ…………….လို့ အားလုံးရင်မှာ တိတ်တစ်ဆိတ်ဆုတောင်းရင်းး။။။။။။

ည….ထိုနေ့ည ၏ ပုံရိပ်တစ်ချို့………။

ဘသောင်း ရော့ သောက်။။။ကွာ

ဟာ ကျုပ် မသောက်ချင်ဘူး…ချမ်းကလည်းချမ်းသေး…မိုးကလည်း အေးသေး။။။။ ကျုပ် ကင်းတဲပြန်အိပ်တော့မယ်ဗျာ။

မိုးအေးလို့ ချမ်းလို့ ကိုမင်းကို ဆေးပေးနေတာပါကွ။။။ ကိုယ့်ညီလေးကို ချစ်လို့။။။

ဇွတ်အတင်းငြင်းနေသူ မောင်ဘသောင်းကို သူတို့အဖွဲ့ မူးမူးနှင့် တစ်ခွက်ပြီးတစ်ခွက်။။။။။

ရေချိန်မှန်နေတဲ့ ခြေလှမ်းတို့က အပြန်လမ်းကို တကူးတက ခိုင်းစရာမလိုပါပဲ လှမ်းတတ်ခဲ့သည်။ သုံးယောက်သား တစ်ယောက်အိမ်တစ်ယောက် အသီးသီးဝင်အပြီး သူတို့ ပြုခဲ့တဲ့အရာတစ်ခုအတွက် နောင်တဆိုတာကို ရလာမယ်မှန်း မသိခဲ့ကြပဲ အိပ်ယာဝင်ခဲ့ကြသည်။

ထိုညက မောင်ဘသောင်းလေး မီးကင်းတဲ ပြန်မရောက်ခဲ့။ အသိမဲ့ခြေလှမ်းတို့က ဘယ်ကိုလှမ်းလှမ်း ဒီဈေးတံခါးသာ စွဲထင်လို့ ဝင်္ကပါတောထဲ လမ်းလျှောက်နေရသူနှယ်။ လည်ချောင်းမှတစ်ဆင့် ပူရှရှအနွေးဓါတ်ဟာ ဦးဏှောတ်မှာပါ မူးယစ်ရီဝေစေလို့ ပူတယ်အေးတယ် အထိအတွေ့ ခံစားချက်ပျောက်ဆုံးနေလေပြီ။ လက်ရှိသူ့အသိက နားချင်ပြီ။။။။။။။။။။။။။။။။

ခွာမရနိုင်တဲ့အဆုံး……မျက်စိရှေ့က မြေကမ္ဗလာမှာ လှဲချလိုက်မိလေသည်လား……………..။။။။။။။။။

မိုးကတော့ သည်းသည်းမည်းမည်းထန်လို့။။။။။။။။။။။။

……………………………………………………………………

ကျုပ်.ကျုပ် ဘယ်ရောက်နေတာလဲဗျာ….။ ညတိုင်း ကျုပ်ကို အမြတ်တစ်နိုးနဲ့ ကြည့်တတ်တဲ့ ကျုပ်သခင်လည်း မဟုက်ဘူး။ ကျုပ်သခင်က ကျုပ်ကို တယုတယနဲ့ ကိုင်တွယ်တတ်တယ်။ ဘယ်တော့မှ မခေါက်ဘူး။ အခုတော့ ကျုပ်ကို ပစ်စလက်ခက်ထားတတ်တဲ့ ဒါပေမဲ့ တန်ဖိုးကြီးတယ်ဆိုတဲ့အကြောင်း မကြာခဏ ဝန်ခံတတ်တဲ့ ငရုတ်သီးအမှုန့်အတောင့်ရောင်းတဲ့ ကိုသန်းအေးလက်ထဲ ရောက်နေတယ်လေ။ ဒီလူကြီးက လူရှေ့သူ့ရှေ့မှာဆို တစ်အားပြောတတ်ချက်။ တတ်နိုင်သလောက် ကံငါးပါးကို လုံအောင်ခြုံသတဲ့။

ကိုဘသောင်း အသုဘအတွက် အလှုငွေ လာကောက်တာ မောင်သန်းအေးရေ့…..ဈေးသူဈေးသားတွေလည်း တက်နိုင်သလောက် ထည့်ဝင်တာပေါ့။။။။

ဗျာ…..ကျုပ် သခင်ဟောင်း…ကျုပ်ကိုချစ်တဲ့…ကျုပ်သခင် ဆုံးပြီတဲ့။။။။ကျုပ် မှတ်မိပြီ။ တစ်နေ့ညတုန်းက ကျုပ်တောင် အရမ်းချမ်းသွားခဲ့တဲ့ညမိုးတွေ စိုရွှဲတဲ့ည။။။။ မှောင်မည်းလို့။။။။ မနက်ရောက်တော့ အလင်းတစ်ချို့ မြင်လိုမြင်ရငြားရယ်လို့ ခေါင်းလေးထွက်ကြည့်မိတာ…ဘယ်အရာက ကျုပ်ကို ဖိထားရယ်မသိ။။။။ ကျုပ် အသက်ရှုတွေတောင်ကျပ်လို့။ သိပ်မကြာခင် ကိုသန်းအေးက ကျုပ်ကို ကောက်ယူခဲ့တာပဲ…။

ဟော..အံဆွဲထဲကနေထုတ်လိုက်တာ ၂၀၀ တန်..လေးပါ့လား။။။။။

သူလည်းပဲ တစ်ခါတုန်းက မောင်ဘသောင်းကို သခင်အဖြစ် ပိုင်ဆိုင်ဖူးတာပေါ့။ သူပျော်နေတယ်ဗျ။ သူကြည်နူးနေတယ်။ တစ်ချိန်တုန်းက သခင်ဟောင်းရဲ့ ဈာပနကို သူဖြည့်ဆည်းပေးဖို့ ပျော်နေတယ်။ ကျုပ်လည်း ကိုသန်းအေး အိပ်ကပ်ထဲကနေ ခုန်ထွက်ဖို့ပြင်လိုက်တယ်။ မရဘူး။ ဒီအိပ်ကပ်ကို သူ ဘာ့ကြောင့် လက်နဲ့ ဖိထားတာလဲ။ ခဏလောက်လွှတ်ပေးပါဗျာ။။။။ ကျုပ်..ကျုပ်လည်း သွားချင်လို့ပါ။

……………………………………………………………………………………………………………………………….

နွေမိုးဆောင်း ဥတုအလီလီ ပြောင်းလေပြီ။။။။။။။။။။။။

မောင်ဘသောင်းလေးလည်း သေသောသူကြာလျှင်မေ့ ဆိုတဲ့ စကားပုံအတိုင်း အမေ့ခံလူစားဖြစ်ခဲ့လေပြီ။ သို့သော်…….

အိုဟောင်းနွမ်းနေတဲ့ ဈေးကြီးကတော့ သတိရနေဆဲ။

မောင်ဘသောင်းရေ…ခဏလာပါဦးဟ

ကိုကြီးဘသောင်း အမေက ခေါ်နေတယ်ဗျ….စသည့်အသံတွေ….။

အခေါ်ခံလိုက်ရတိုင်းလည်း ကျေကျေနပ်နပ် နှစ်နှစ်ခြိုက်ခြိုက် ပြုံးတတ်တဲ့ မျက်နှာလေးတစ်ခု။

ဈေးကြီးလိုပင် မမေ့နိုင်သူတွေ ရှိပါသည်။။။



တစ်ခါက လူငယ်လေးသုံးယောက်။။။ တစ်နည်းဆိုရသော် အော့ကြောလန်သုံးယောက်။

ရွာထဲက လူတွေကတော့ မဆက်စပ်မိကြ။ သူတို့ သုံးယောက်လိမ္မာသွားခြင်းဟာ မောင်ဘသောင်းလေးကြောင့်များလားရယ်..လို့။

ဒီအချိန်မှာတော့ လူလိမ္မာဟု ပြောထိုက်ပြီ ဖြစ်သော သူတို့သုံးယောက်၏ ခြောက်အိပ်မက်လေလားမသိတဲ့ မောင်ဘသောင်း။။။။

သူတို့၏ စိတ်ထဲတွင်မတော့ ဆုတောင်းနေမိကြတာက သူတို့ပြုခဲ့သည့်အလှူကို သက်သေပြနေသော ဖြတ်ပိုင်းလေးများသည် တစ်ခါက မောင်ဘသောင်းထံ တိုက်ရိုက်သက်ရောက်မှုရှိနိုင်ပါစေ……ဟုသာ။

ထိုအရာတွေ ကြားထဲ လူတစ်ယောက်ကတော့ ယောင်ယမ်းလို့ရယ် သတိရမှ ရပါလေစ။ တစ်ရံရောအခါကမောင်ဘသောင်းလေး ရှိခဲ့မှန်း သတိမှ ရပါလေစ။ ထိုလူ သတိမရပေမဲ့လည်း…..ဘယ်ဆီဘယ်ဝယ်ရောက်လို့နေမှန်းမသိတဲ့ ၅၀၀၀ တန်လေးတစ်ရွက်ကတော့ သူ့ကို တယုတယ ကိုင်တွယ်တတ်တဲ့ သခင်ဟောင်း တစ်ယောက်ကို လွမ်းနေမည်ဆိုတာ သေချာပါသည်လေ။

..........................................................................................................................................ဘာကိုမှမသိချင်သူ

...........................................................................................................................................၂၁ ဇူလိုင် ၂၀၁၁
Back to top Go down
http://www.htayhsu.multiply.com

တစ်ခါက မောင်ဘသောင်းလေး ရှိခဲ့ဖူးပါသည်

View previous topic View next topic Back to top 
Page 1 of 1
သတိပေးတားမြစ်ချက်
"ပုံကလေးများသာပါသော စာကြောင်းရေးသားခြင်းနှင့် forum နှင့် topic အတွက် အဓိပ္ပါယ်မရှိသော စာသားများ ရေးသားခြင်းကို ခွင့်မပြုပါ။"

Permissions in this forum: You cannot reply to topics in this forum
မြှားနတ်မောင် :: အချစ်နှင့် ရသစာပေများ(ကဗျာ၊ ၀တ္ထု၊ ဆောင်းပါး၊ ဟာသ၊ ဒဿန) :: ၀တ္ထု :: ကိုယ်တိုင်ရေး ၀တ္ထုများ။ -
Free forum | Art, Culture and Leisures | Hobbies - Others | © phpBB | Free forum support | Contact | Report an abuse | Free forum