မြှားနတ်မောင်
မြှားနတ်မောင် (အချစ်နှင့် ခံစားမှုသီးသန့်) ဖိုရမ်အား လာရောက်လည်ပတ်ပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်။ ဖိုရမ်တွင်းဝင်ရောက်လိုပါက log in ကို click နှိပ်ပေးခြင်းဖြင့်လည်းကောင်း၊ အသင်းသားအဖြစ် မှတ်ပုံတင်လိုပါက Register ကို click နှိပ်ခြင်းဖြင့် လည်းကောင်း၊ ဧည့်သည်တော်အနေဖြင့် အသုံးပြုလိုပါက Do not display again ကိုနှိပ်၍ လည်းကောင်းအသုံးပြုနိုင်ပါသည်။
မြှားနတ်မောင်


 
email အသုံးပြုရန်email အသုံးပြုရန်  HomeHome  Portal*Portal*  GalleryGallery  RegisterRegister  Log in  email အသုံးပြုရန်email အသုံးပြုရန်  
"မြှားနတ်မောင်(အချစ်နှင့် ခံစားမှုသီးသန့်) ဖိုရမ်အား လာရောက်လည်ပတ်ပေးတဲ့ Guest တစ်ယောက် ကိုယ် စိတ် နှလုံး သုံးပါးလုံး ရွှင်လန်းချမ်းမြေ့ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးပါတယ်ခင်ဗျာ။"
Log in
Username:
Password:
Log in automatically: 
:: I forgot my password
ဧည်သည်တော်အတွက်လမ်းညွှန်
ဖိုရမ်စာမျက်နှာများ
ဖိုရမ်ရေးသားချက်များသို့ ၀င်ရန်




ရေးသားချက်အသစ်များ
» နဲနဲလေးတွေးရအောင် .....
2nd August 2013, 10:23 pm by

» မင်းအတွက်....
2nd August 2013, 10:15 pm by

» ကျွန်မကတော့
31st July 2013, 11:49 pm by

» အချစ်ဟာတစ်ခါတစ်လေ ပူလောင်တတ်လား?
25th May 2013, 4:44 pm by

» အချစ်ကိုခံစားဖူးသူတွေအတွက်..
25th May 2013, 4:36 pm by

» စရိုက်များတဲ့ ဘဝစာမျက်နှာ
23rd December 2012, 1:20 am by

» ရှားတော့မယ်ထင်ပါရဲ့
30th July 2012, 12:28 am by

» အချစ်ဆိုတာ
27th May 2012, 4:41 pm by

» သူငယ်ချင်းအားလုံးဘဲ မင်္ဂလာပါ
27th May 2012, 3:44 pm by


 

ဘယ်တော့မှမခွဲကြေး

View previous topic View next topic Go down 
Author Message
ဘာကိုမှမသိချင်သူ
နားလည်စအရွယ်
နားလည်စအရွယ်


လိင်(ကျား/မ) : Female Cancer ရေးသားချက်ပေါင်း : 23
ရမှတ်ပေါင်းမှာ : 69
ရေးသားချက် သဘောကျခံရမှု : 0
ဖိုရမ် ပြိုင်ပွဲများမှ ဆုရရှိမှုများ :
မှတ်ပုံတင်သည့်နေ့ : 2011-08-18
အသက် : 30
တည်နေရာ : Yangon
အလုပ်အကိုင်/၀ါသနာ : writting & Internet

PostSubject: ဘယ်တော့မှမခွဲကြေး   21st August 2011, 1:32 pm

သူ မျက်စိရှေ့က လူသုံးယောက်ကို ပြန်ကြည့်လိုက်သည်။ သူများအကြည့်မှားသလားလို့။ မမှားပါ။ သူ့ထက်အသက်အနည်းငယ်တော့ ငယ်နိုင်သော ကောင်မလေးနှစ်ယောက်၊ ကောင်လေးတစ်ယောက်။ ကောင်မလေးတစ်ယောက်က စုံတွဲတစ်တွဲကြားကန့်လန့်ပါလာဟန်။ သူမလေးကြည့်ရတာ ကြည်ကြည်ရွှင်ရွှင်ပါပဲ။ သူ့မျက်လုံးထဲမှာတော့ ကောင်မလေးကိုကြည့်ရတာ နာကျင်ရိပ်အနည်းငယ် စွန်းထင်းနေသည်ဟု ခံစားရသည်။ သူမလေးတစ်ချက်ပြုံးတိုင်း သူမလေးနာကျင်နေသည်ဟုခံစားရသော သူ့ ရင်မှာပါ ကျင်ခနဲဖြစ်ဖြစ်သွားတာ ဘာ့ကြောင့်ပါလိမ့်…..ဟု မစဉ်းစားမိခဲ့။ သူနှင့်တစ်ခါမှ ကြုံဖူးခြင်း၊ ဆုံဖူးခြင်းမရှိပါပဲ ကောင်မလေးအတွက်ခံစားနေရသော သူ့နှလုံးသားကို အဖြေမထုတ်တော့ပဲ လဖက်ရည်ဆိုင်ကနေထထွက်လာခဲ့သည်။

…………………………………………………….

ကောင်မလေးနှစ်ဦးနှင့် ကောင်လေးတစ်ဦးကတော့ လဖက်ရည်ဆိုင်တွင် ထိုင်နေဆဲ။ ပြုံးပြုံးရွှင်ရွှင်ပျော်ပျော်ရွှင်ရွှင် ဟု ထင်ရသလိုလိုနှင့် ကောင်မလေးတစ်ယောက်၏ ရင်တွင်းကြေကွဲမှုကို တစ်စုံတစ်ယောက်ကလွဲ၍ မည်သူမျှ မမြင်ခဲ့ပါ။ ထိုကောင်မလေးကလည်း သူမ၏ခံစားချက်ကို လုံအောင်ဖုံးနိုင်ပြီထင်ခဲ့သည်။ သို့သော် တစ်စုံတစ်ဦးကတော့ သူမနှင့်ထပ်တူ နာကျင်သွားခဲ့ကြောင်း သူမမသိခဲ့ပါ။

…………………………………………………….

ချစ်ရသူကို လက်လွှတ်ဆုံးရှုံးရပြီဆိုတာတောင် ကောင်းကောင်းမကြေကွဲနိုင်တဲ့အဖြစ် ကိုယ့်ဘဝကိုယ် စိတ်နာတယ်။ သူမ တိတ်တစ်ခိုးချစ်ရတဲ့ သူငယ်ချင်းလေးက မနက်ကပဲ သူ့ရဲ့ ချစ်သူအသစ်စက်စက်လေးနှင့် မိတ်ဆက်ပေးခဲ့သည်။ တော်ပါသေးရဲ့။ မြောင်းမသွယ်မိပေလို့။ ရေလာမြောင်းပေး ဟုခေါ်သော စကားတစ်ချို့သာ ပြောမိခဲ့လျှင် သူမ ဒီအချိန်မှာ ကောင်းကောင်း အရှက်ကွဲနေပြီလေ။ ဘာပဲဖြစ်ဖြစ် မနက်တုန်းကတော့ သူမ ကောင်းကောင်းရယ်မောနိုင်ခဲ့သည်။ ပြုံးပျော်နိုင်ခဲ့သည်။

သူမအချစ်ကို သူ မသိခဲ့ပေမဲ့ သူမကျေနပ်ပါသည်။ တစ်စုံတစ်ယောက်အပေါ်ချစ်နေရခြင်းမှာ သူမပျော်ဝင်ခဲ့တုန်းက ဖြတ်သန်းခဲ့သမျှနေ့တွေတိုင်းဟာ လှခဲ့သည်ချည်းလေ။ သူဘာကြိုက်တတ်လဲ။ သူ့အတွက် ဘာလေးလုပ်ပေးထားရမလဲ။ အဲဒီအတွေးလေးတွေနှင့် ပျော်ခဲ့သည်သာ။ ကြည်နူးခဲ့သည်သာ။ အခုတော့ ဆိုင်သူရှိလာပြီဆိုမှတော့ တိတ်တစ်ခိုးဆိုသောအရာကို သူမဖျက်သိမ်းသင့်ပြီ။ ကြိုးစားရမှာပေါ့ကွယ်။ အတွေးတို့ထဲက ရုန်းထွက်ရင်း သူမအိပ်ဖို့ ကြိုးစားလိုက်သည်။

===================================================================

ဒုတ်….ဒုတ်…ဒုတ်

ဘာလဲဟ။ သူ့နှလုံးခုန်သံတွေ ရုက်တစ်ရက်ကျယ်လာသလား။ သူ့အနားကို တစ်စုံတစ်ယောက်နီးကပ်လာသလား။ ဘာ့ကြောင့်လဲ…မရေမရာအတွေးများစွာနှင့် ပတ်ဝန်းကျင်ကို လှည့်ကြည့်မိခိုက်…..။ တံခါးဝကချောင်းကြည့်နေသည့်တစ်စုံတစ်ဦး။ သူ့ရဲ့ နာကျင်သံစဉ်လေး။ ဘာတွေချောင်းနေပါလိမ့်။ သြော်…ဟိုတစ်နေ့က စုံတွဲ။ သေချာပါသည်။ သူက မှတ်ဥာဏ်ကောင်းသည်လေ။

သူနှင့် သင်တန်းတူသည်ထင်ပါရဲ့။ အချိန်ပြောင်းလိုက်ရင်ကောင်းမလား။ သူ့မှာကလည်း ဒီအချိန်လေးပဲအားတာလေ။ ဒီဆရာကလည်း အသင်အပြကောင်းသည် ဟုနာမည်ကြီးသည်ရယ်။ English Speaking ဆိုတာ သူ့အတွက်တော့ တစ်ကယ်ခက်ခဲပါသည်။ အခုတောင် အလုပ်ထဲမှာ သုံးဖို့လိုအပ်သည်…..ဟု သူ့အထက်အရာရှိကပြော၍ သင်ဖို့စဉ်းစားခဲ့ခြင်းပင်။ မပြောတတ်တာထက်စာလျှင် အနည်းအကျဉ်းပြောတတ်သည်က ပိုကောင်းသည်လေ။ ဟော ကောင်မလေး အထဲဝင်သွားသည်။ တိုတ်တိုတ်ဆိုင်ဆိုင် သူမက ကိုယ့်ဘေးမှာ။ သူမကတော့ ဆရာပြောနေတဲ့စကားအပေါ်၊ ဆရာသင်နေတဲ့ စကားအပေါ် အာရုံမရောက်တာသေချာလှသည်။ ကိုယ်ကော ဘာထူးလဲ။ သူမခံစားနေသမျှတစ်လျှောက်လုံး ကိုယ်ပါလိုက်ခံစားရသည်လေ။

အင်း ငါလည်း စိတ်ညစ်လှပြီကွာ…သူ ဘာပဲဖြစ်နေဖြစ်နေ ငါသိနေတာကြီးကို

အဲဒါဆို အချိန်ပြောင်းလိုက်ပေါ့ကွ……..သူ့သူငယ်ချင်း မောင်မောင့်ပြောစကားက သူ့ကို လှုပ်နိုးလိုက်သည်။ မဖြစ်။ ခုဆို သူနှင့် သူမတို့ အတန်ငယ်သိကျွမ်းကာ မေးထူးခေါ်ပြော အဆင့်ရောက်နေပြီ။ သူမစိတ်ထဲနာကျင်နေပြီဆိုလျှင် သူက စကားတွေနှင့် ထိုခံစားချက်ကို ဖော့ပေးလို့ရသေးသည်။ သူသာ သူမဘေးနားမရှိတော့လျှင်…..သူမလေး တစ်ယောက်တည်း အားငယ်နေပေလိမ့်မည်။ သူဘာ့ကြောင့် သူမလေး၏ အကောင်းအဆိုးကိုလိုက်တွက်ပေးနေရတာလဲ။ သူမလေးရဲ့ ခံစားချက်ကို လိုက်တွက်ပေးနေမိတာလဲ။

ဝန်ခံစရာမလိုအောင် သေချာပါသည်။ သူ ကောင်မလေးကို ချစ်မိသွားပြီ။ အချစ်တစ်ခုပြည့်စုံဖို့ ရင်ခွင် ဘယ်နှစ်ခုလောက် အတိမ်မြုပ်အပျောက်ကွယ်ခံနေရမလဲ သူမသိပါ။ လောလောဆယ်တော့ ကောင်မလေးနှင့် သူသည် ခံစားချက်တူပြီး ဦးတည်ရာလွဲနေသော၊ မပိုင်ဆိုင်နိုင်သော အချစ်တစ်ခုအတွက် ရင်အကွဲခံနေသော လူနှစ်ဦးသာဖြစ်ပေသည်။

ဒီအချိန်မှာ သူအလိုချင်ဆုံးဆန္ဒတစ်ခုကတော့ ကောင်မလေး ကို သူ့သူငယ်ချင်းလေးနှင့်ပတ်သတ်ပြီး မေ့ပျောက်ကာ အချစ်သစ်တစ်ခုရှာစေချင်လှပါပြီ။ သိပ်မကြာခင် ဒီသင်တန်းက သူထွက်တော့မည်။ အဲဒီအချိန်ရောက်လျှင်တော့ ကောင်မလေးစိတ်ထဲကဒဏ်ရာတွေ အနည်ထိုင်လောက်ပါရဲ့ကွယ်။

=========================================================================

ပြောပြီးထားလို့သာ တက်ရသော ဒီသင်တန်းကို သိပ်မတက်ချင်တော့။ သူမချစ်ရသောသူငယ်ချင်းလေးနှင့် သူ့ကောင်မလေးတို့ပါ တက်မည်လေ။ သူမနှင့်အတူတူပေါ့။ သင်တန်းစတက်ခါစတုန်ကတော့ အသင်အပြကောင်းပါသည်ဆိုသော ထိုဆရာစကားကို သူမ နားမဝင်နိုင်ခဲ့ပါချေ။ မျက်စိရှေ့က စုံတွဲကိုကြည့်ရင်း ရင်ထဲမှာ တစ်လိပ်လိပ်ခံစားနေရတာက ဝမ်းနည်းကြေကွဲစိတ်။

တစ်ဖြည်းဖြည်းနှင့် ရင်မှာအနည်ထိုင်လာပြီ။ ရံဖန်ရံခါ တွေးမိတာကလွဲလို့ ရင်က အနာတော်တော်ကျက်နေပါပြီ။ ဆရာ ပြောသမျှသင်သမျှစာတို့ထဲလည်း စိတ်နှစ်နိုင်ပြီ။ ဒီလိုဖြစ်အောင်ကူညီပေးခဲ့သူလို့ပြောနိုင်တာက ခုနောက်ပိုင်းမှ သိခဲ့ရသော အစ်ကို။ လူကြီးဆန်သည်။ ကြည့်လိုက်ရုံနှင့်သိသာတာက တည်ကြည်မှုရှိကြောင်း၊ ဖြူစင်ရိုးသားမှုရှိကြောင်း။ သို့သော် သူဘယ်လောက် လူကြီးဆန်ဆန်၊ သူမရင်မှာ သူငယ်ချင်းလေးကိုကြည့်ရင်း ဝမ်းနည်းလာပြီဆိုလျှင် သူမဘေးနားကနေ ရယ်စရာတွေ တစ်သီတစ်သန်းကြီးပြောတတ်သည်။ ပုံမှန်ဆိုလျှင် ခပ်တည်တည်သာနေတတ်သည့် အစ်ကို့ကိုကြည့်ကာ သူမ၏ သူငယ်ချင်းတွေကတောင်မေးသေးသည်။ ဒီလူကြီးက နင့်ကို ဟာသတွေပြောပြတယ်ဆိုတာ ငါတို့ဖြင့်မယုံနိုင်ပေါင်…တဲ့။ ကြည့်လိုက်တော့ဖြင့် လူ့ဂွစာကြီးမှန်းသိသာနေတာကို…တဲ့။ သူမကတော့ပြုံးရင်းစိတ်ထဲကတော့…အဲဒီလူ့ဂွစာကြီးက မနောဖြူတယ်ဟဲ့..လို့သာ။ အပြင်မှာသာပြောရင် သူမကို စလိုက်မဲ့ဖြစ်ခြင်း။ ဒီသူငယ်ချင်းတွေက ယုံရတာမဟုက်။

အစ်ကို ။ သမဝါယမဌာနတစ်ခု၏ အငယ်တန်းစားရေးအစ်ကို။ လူရီုးသလို နာမည်ကလည်း ရိုးရိုးကြီး။ အောင်အောင်…တဲ့။ လူတိုင်းမှည့်လေ့မှည့်ထရှိသော နာမည်မျိုး။ အစ်ကို နောက်က အောင် တပ်ကြည့်မိသည်။ အစ်ကိုအောင်…အကောင်အို…အဟီး..မမိုတ်ဘူး ဟုတွေးရင်း။ အင် ငါ ဒီနောက်ပိုင်း အစ်ကို့အကြောင်းပဲ တွေးမိနေပါ့လား။ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ကြည့်ဖို့ ကြောက်သည့် စိတ်နှင့် သူမ အတွေးများထဲမှ ရုန်းထွက်လိုက်သည်။ ပူလောင်တဲ့ သံယောဇဉ်မျိုး နောက်ထပ် မကြုံချင်တော့ပါဘူးလေ။ တော်ပါပြီ။

========================================================================

ဘာရယ်…..အစ်ကို ဒီသင်တန်းမတက်တော့ဘူးလား

ဟုက်တယ် ညီမ…အစ်ကို တက်ဖြစ်မယ်မထင်တော့ဘူး…ဒီလောက်ဆိုလုံလောက်ပါပြီ နောက်ပြီး စာအုပ်တွေနဲ့ လေ့လာရင် အထောက်အကူဖြစ်မှာပါ အဓိကက အပြောပိုင်ဖို့ပဲလေ

အစ်ကိုကလည်း ညီမလည်း ဝန်ထမ်းပါပဲ အစ်ကို့လို အစိုးရဝန်ထမ်း မဟုက်ပေမဲ့ ကုမ္ပဏီဝန်ထမ်းပါပဲ။ အချိန်မအားလို့တော့ မဖြစ်နိုင်ဘူး ဘာလို့မတက်တော့တာလဲဟင်



ပြောပြလေ အစ်ကို

ကောင်လေးပြုံး၍သာနေသည်။ ကောင်မလေး အနည်းငယ်နှုတ်ခမ်းစူသွားသည်။ ကောင်လေး သင်တန်းမတက်တော့မဲ့အချိန်ကိုစဉ်းစားမိတာနှင့် ကောင်မလေးရင်ထဲ ဝမ်းနည်းစိတ်တို့ လှိုက်တက်လာချေပြီ။

အစ်ကို ညီမ ပြန်တော့မယ် ..

ကောင်လေးပင် ပြုံးပြချိန်မရလိုက်ပဲ ကောင်မလေး ခေါင်းငိုက်စိုက်ကာ အလျှင်အမြန်ထွက်သွားချေတော့၏။ လွင့်ကျကျန်ခဲ့သော မျက်ရည်စအချို့ကိုတော့ ကောင်လေး တွေ့မည်မထင်ပါ။ ကောင်လေးလည်း စိတ်မအေးချမ်းစွာနှင့်ပင် အိမ်အပြန်လမ်းသို့ ခြေဦးတည်ခဲ့ရသည်ပဲ။

အချိန်ဆိုတာ နဂိုကတည်းက အကုန် နှေးသည်လေလား။ သို့မဟုက် ကောင်လေးမရှိတော့လို့ပဲ စာသင်နေရတဲ့ အချိန်ကို ကြာနေသည်ဟု ကောင်မလေး ထင်မြင်မိသည်လေလား။ ကောင်လေးရှိတုန်းကတော့ ကောင်မလေးမှာ အသည်းကွဲနေတဲ့ ဝေဒနာတောင် ပျောက်သည်အထိ၊ အချိန်တို့ အကုန်မြန်လွန်းသည် ဟုထင်မိသည်အထိ ပျော်ခဲ့ဖူးသည်။ ကောင်လေး ထိုင်သည့်ခုံကိုတော့ဖြင့် မည်သူမျှ လာမထိုင်သေး။ ဘာလိုလိုနှင့် ကောင်လေး သင်တန်းမလာတာနှစ်ပတ်ကျော်သွားပြီ။

=====================================================================

ဒီနေ့တော့ဖြင့် မိုးစက်ကလေးတွေက တဖွဲကျကျနေလို့ပဲလားမသိ။ အစ်ကို့ကို ပိုလွမ်းမိသည်။ သူငယ်ချင်းတွေကတောင်ပြောကြပြီ။ နုငယ် နင်ဘာဖြစ်နေလဲ…တဲ့။ နင် မှိုင်တွေတွေဖြစ်နေတာ အတော်ကြာနေပြီဆိုတာ…နင့်ကိုယ်နင်ကော သတိထားမိသေးရဲ့လား…….တဲ့။ ဘာမှ ပြန်မပြောနိုင်ပဲ ပြုံးသာပြလိုက်မိပါတယ် အစ်ကိုရယ်။ အခုမှပဲ အလိုလိုက်ခံရတဲ့ အရသာကို ပြန်လွမ်းနေမိတဲ့အဖြစ်။ အစ်ကိုရယ် …..အစ်ကို့ကိုလည်း လွမ်းတယ်။ အစ်ကို့ ဂရုစိုတ်မှုတွေကိုလည်း လွမ်းတယ်။

အလွမ်းတစ်ချို့ပြေပျောက်လေမလားအတွေးနှင့် အစ်ကိုထိုင်နေကျနေရာလေးမှာ သူမ ထိုင်ဖြစ်သည်။

……………………………..

ဒီနေ့မှပဲ နုငယ်ဆိုတဲ့ ညီမလေးကို ပိုလွမ်းမိသလား။ ဒီချိန်ဆို သင်တန်းစနေပြီ။ သြော်…သူ့မှာကလည်း သင်တန်းကစာတွေ ပြန်မလေ့လာမိ။ ညီမလေး ကိုလွမ်းမိနေတာနှင့်ပဲ အချိန်ကုန်နေသည်။ သင်တန်းမတက်ဘူးဆိုလျှင်တောင် စာအုပ်ကလေးတွေကိုတော့ ပြန်စစ်ကြည့်ဖို့သင့်သည်လေ။ စာအုပ်တွေ ထုတ်စစ်ကြည့်မိစဉ်…ဟာ တစ်ခုခုလိုနေပြီ။ သူ့နှလုံးသားရဲ့ အရေးအကြီးဆုံး လေး။

ညီမလေးကို စတွေ့တဲ့နေ့ကတည်းက မှတ်ထားတဲ့တဲ့ ညီမလေးအတွက် တိတ်တစ်ခိုးဒိုင်ယာရီ……။ ဒီအိတ်ကို သင်တန်းနှင့် အိမ်မှလွဲ၍ သူဘယ်မှ မယူစဖူး။ သူ့မိဘနှစ်ပါးကလည်း သားယောင်္ကျားလေးအခန်းထဲကို ဝင်လေ့ဝင်ထမရှိ။ သူ့အခန်းကို သူသာရှင်းတတ်သူ။ ဒါဆိုလျှင်တော့ တစ်ခုသာ ဆုတောင်းစရာ ကျန်တော့သည်။

ထိုဒိုင်ယာရီလေးကို ညီမလေး မတွေ့ပါစေနှင့်……ဒီနေ့တော့ သူသင်တန်းကို မသွားမဖြစ်သွားရပေမည်။ တစ်ယောက်ယောက်လည်း မတွေ့ပါစေနှင့်။

…………………………….

ဒိုင်ယာရီငယ်လေးရဲ့အစက လဖက်ရည်ဆိုင်လေးတစ်ခုကစသည်။

သူမရင်ထဲ တစ်ချက်အောင့်သွားသည်။ ဒါဆို အစ်ကိုက ကောင်မလေးတစ်ယောက်ကို မြင်မြင်ချင်း ချစ်ခဲ့တာပေါ့။ ဆက်မဖတ်ဖူး…ရယ်တွေးပြီးမှ စိတ်က စေခိုင်းသဖြင့် စာရွက်တစ်ချို့ ပြီးမြောက်ချိန်မှာတော့ ……………….

အစ်ကို့ရင်ထဲက သက်ထားဟာ သူမဖြစ်နေသည်ပဲ။

အစ်ကို သူမကို ဖွင့်မပြောခဲ့။ ဖွင့်မပြောရဲခဲ့။ ဖွင့်မပြောရက်ခဲ့။

ရင်းနှီးမှုကို အခွင့်ကောင်း ယူတယ်ထင်မှာ စိုးလို့….တဲ့လား။

အစ်ကိုရယ် နုငယ်က ခဲမှန်ဖူးတဲ့ စာသူငယ်လိုမျိုး……နုငယ်သံယောဇဉ်တွေ သဲထဲရေသွန်ဖြစ်နေမှာ ကြောက်မိနေတာပါ။ အစ်ကို့ကို ဘယ်ထင်ရက်မှာလဲ။

သူမ စာအုပ်ကို ဖတ်အပြီး ခေါင်းကို မော့ကြည့်ချိန်မှာတော့ သူမရှေ့မှာ ခြေတစ်စုံ။

အစ်ကို…………..။

==========================================================================

တစ်ယောက်ဝမ်းနည်းရင် တစ်ယောက်က အားပေးလို့၊ တစ်ယောက်ပျော်ရင် နှစ်ယောက်အတူပျော်၊ ဒီလိုချစ်သူဘဝမျိုးကို နှစ်ယောက်အတူရွေးချယ်ခဲ့တဲ့ ကောင်လေးနှင့် ကောင်မလေးတို့ သိပ်မကြာခင် ချစ်ခြင်းရဲ့ အပြီးသတ်မဟုက်တဲ့ ချစ်ခြင်းရဲ့ တစ်စိတ်တစ်ပိုင်း ….လှပတဲ့ လှောင်ချိုင့်ငယ်လို့ သတ်မှတ်နိုင်သလို ကြည်နူးစရာ နှစ်ကိုယ်တူဘဝလို့လည်း ပြောနိုင်တဲ့ လက်ထပ်ခြင်း ဆိုတဲ့ ခေါင်းစဉ်တစ်ခုအောက် ခုန်ဆင်းဖို့ ပြင်နေကြလေရဲ့။

ကဲ….ဘယ်သူတားမလဲ……….ရင်ခွင် နှစ်ခု ဆုံစည်းမဲ့လမ်းကြောင်းထဲ ချစ်ခြင်းမှန်သူနှစ်ဦးကတော့ လက်တွေ ခိုင်ခိုင်တွဲလို့။ သူတို့ ဘဝရဲ့ အရေးကြီးဆုံး အမှတ်တရ ဒိုင်ယာရီငယ်လေး အခုချိန်မှာ နှစ်ယောက်အတူရေးလို့…တစ်ယောက်လက် တစ်ယောက်ဆုပ်ကိုင်…ပြီး ပြောနေကြတာကတော့…ဘယ်တော့မှ မခွဲကြေး….တဲ့။

.........................................................................................................................................................................

ဘာကိုမှမသိချင်သူ

၁၄ ဇူလိုင် ၂၀၁၁
Back to top Go down
http://www.htayhsu.multiply.com

ဘယ်တော့မှမခွဲကြေး

View previous topic View next topic Back to top 
Page 1 of 1
သတိပေးတားမြစ်ချက်
"ပုံကလေးများသာပါသော စာကြောင်းရေးသားခြင်းနှင့် forum နှင့် topic အတွက် အဓိပ္ပါယ်မရှိသော စာသားများ ရေးသားခြင်းကို ခွင့်မပြုပါ။"

Permissions in this forum: You cannot reply to topics in this forum
မြှားနတ်မောင် :: အချစ်နှင့် ရသစာပေများ(ကဗျာ၊ ၀တ္ထု၊ ဆောင်းပါး၊ ဟာသ၊ ဒဿန) :: ၀တ္ထု :: ကိုယ်တိုင်ရေး ၀တ္ထုများ။ -
Free phpbb forum | © phpBB | Free forum support | Contact | Report an abuse | Free forum