မြှားနတ်မောင်
မြှားနတ်မောင် (အချစ်နှင့် ခံစားမှုသီးသန့်) ဖိုရမ်အား လာရောက်လည်ပတ်ပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်။ ဖိုရမ်တွင်းဝင်ရောက်လိုပါက log in ကို click နှိပ်ပေးခြင်းဖြင့်လည်းကောင်း၊ အသင်းသားအဖြစ် မှတ်ပုံတင်လိုပါက Register ကို click နှိပ်ခြင်းဖြင့် လည်းကောင်း၊ ဧည့်သည်တော်အနေဖြင့် အသုံးပြုလိုပါက Do not display again ကိုနှိပ်၍ လည်းကောင်းအသုံးပြုနိုင်ပါသည်။
မြှားနတ်မောင်


 
email အသုံးပြုရန်email အသုံးပြုရန်  HomeHome  Portal*Portal*  GalleryGallery  RegisterRegister  Log in  email အသုံးပြုရန်email အသုံးပြုရန်  
"မြှားနတ်မောင်(အချစ်နှင့် ခံစားမှုသီးသန့်) ဖိုရမ်အား လာရောက်လည်ပတ်ပေးတဲ့ Guest တစ်ယောက် ကိုယ် စိတ် နှလုံး သုံးပါးလုံး ရွှင်လန်းချမ်းမြေ့ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးပါတယ်ခင်ဗျာ။"
Log in
Username:
Password:
Log in automatically: 
:: I forgot my password
ဧည်သည်တော်အတွက်လမ်းညွှန်
ဖိုရမ်စာမျက်နှာများ
ဖိုရမ်ရေးသားချက်များသို့ ၀င်ရန်




ရေးသားချက်အသစ်များ
» နဲနဲလေးတွေးရအောင် .....
2nd August 2013, 10:23 pm by

» မင်းအတွက်....
2nd August 2013, 10:15 pm by

» ကျွန်မကတော့
31st July 2013, 11:49 pm by

» အချစ်ဟာတစ်ခါတစ်လေ ပူလောင်တတ်လား?
25th May 2013, 4:44 pm by

» အချစ်ကိုခံစားဖူးသူတွေအတွက်..
25th May 2013, 4:36 pm by

» စရိုက်များတဲ့ ဘဝစာမျက်နှာ
23rd December 2012, 1:20 am by

» ရှားတော့မယ်ထင်ပါရဲ့
30th July 2012, 12:28 am by

» အချစ်ဆိုတာ
27th May 2012, 4:41 pm by

» သူငယ်ချင်းအားလုံးဘဲ မင်္ဂလာပါ
27th May 2012, 3:44 pm by


 

ခွင့်လွှတ်ပေးပါ အမေ

View previous topic View next topic Go down 
Author Message
ဘာကိုမှမသိချင်သူ
နားလည်စအရွယ်
နားလည်စအရွယ်


လိင်(ကျား/မ) : Female Cancer ရေးသားချက်ပေါင်း : 23
ရမှတ်ပေါင်းမှာ : 69
ရေးသားချက် သဘောကျခံရမှု : 0
ဖိုရမ် ပြိုင်ပွဲများမှ ဆုရရှိမှုများ :
မှတ်ပုံတင်သည့်နေ့ : 2011-08-18
အသက် : 30
တည်နေရာ : Yangon
အလုပ်အကိုင်/၀ါသနာ : writting & Internet

PostSubject: ခွင့်လွှတ်ပေးပါ အမေ   21st August 2011, 1:37 pm

(၁)

ဟုက်မှဟုက်ရဲ့လား……?

အသေအချာပြန်ကြည့်လိုက်ပြန်သည်။ ဟုက်သည်။ ကျွန်မရယ်နေသည်။ ဟက်ဟက်ပက်ပက်ကို ရယ်နေသည်။ အမေ၊ အဖေ နှင့်အတူကန်စွန်းခင်းထဲတွင်။ ဘယ်က ကန်စွန်းခင်းပါလိမ့်…။ မြင်ဖူးသလိုလိုတော့ ရှိသား…ဟုတွေးစဉ်။ အာ….ရုံးဝင်းထဲက ကန်စွန်းခင်းပဲ။ အမ်…..ကျွန်မတို့မှ ရုံးထဲမှာ မနေကြတော့တာ။ ဒါဆိုဒါက…အိပ်မတ်ပေါ့။ကျွန်မ နှမြောတသစွာနဲ့ပဲ အိပ်မတ်က နိုးထလိုက်သည်။

အိပ်ယာပေါ်ကနေတော့ မထမိသေး။ မအိပ်ခင် ညဦးပိုင်းက အမေနှင့် စကားများခဲ့သည်။

ကျွန်မ၏အစ်ကိုနှစ်ယောက်ဖြစ်သော ကိုဇော်နှင့် ကိုဖြိုးက အိမ်သို့လာကာ အမြဲ ပိုက်ဆံတောင်းတက်သည်။ တစ်ခါတစ်ရံလည်း အိမ်မှာ ထမင်းစားသွားကြသည်။ ဒါကို ကျွန်မက မကြိုက်။ ကိုယ့်အိမ်ထောင်နှင့်ကိုယ်လည်း ဖြစ်နေကြပြီ။ မိန်းမယူတော့လည်း မိဘဆီက လက်ဖြန့်။ မယူခင်ကလည်း လက်ဖြန့်။ ယူပြီးတော့လည်း ထူးမခြားနား။ ဒီကြားထဲ ထမင်းက စားကြသေးသည်။ သူတို့နှစ်ယောက် အိမ်ထောင်ပြုသွားကတည်းက သားအမိသားအဖသုံးယောက် ငြိမ်းချမ်းနေလိုက်တာ။ ထမင်းချက်ဟင်းချက်လည်း သုံးယောက်စာ ကွက်တိ ဆိုတော့ သူတို့လာစားသည့်နေ့ဆို တကူးတက ထပ်ချက်ရပြန်သည်ပေါ့။ အဖေမသိအောင် အမေ့ဆီက လက်သိပ်ထိုးတောင်းတာ မကျေနပ်ဆုံး။ ဘယ့်နှယ် အိုကြီးအိုမနှင့် အလုပ်လုပ်နေတဲ့အမေကို ကိုယ်က ကန်တော့မယ်တော့မရှိ။ အမြဲ လက်ဖြန့်ဖို့ပဲ စဉ်းစားကြသည်။ သမ၀ါယမဌာနတစ်ခုရဲ့ အကြီးတန်းစားရေးလစာဟာ ဘာရှိမလဲ။ အလွန်ဆုံး လေးသောင်းခွဲပေါ့။ ယောင်္ကျားလေးတစ်ယောက်အနေနှင့်တော့ တစ်လကို ဘယ်လိုရှာရှာ ရနိုင်သည်လေ။ ပညာမတက်သူတောင် ကာယလုပ်သားအဖြစ်နှင့် လုပ်ရင်းရနိုင်သည်။

အခုတော့…..ကြာတော့ စိတ်တိုလာသည်။ ပိုဆိုးသွားသည်က မနေ့ကသူတို့လာစားတော့ ကျွန်မပင် ညစာစားဖို့ ဟင်းမရှိတော့။ အနီးအနားမှာ ၂၄ နာရီဖွင့်သည့်ဆိုင် ရှိလည်း ဘယ်လိုသွားဝယ်မလဲ။ အိမ်မှာ အငယ်ဆုံးကကိုယ်။ ကိုယ်ထမင်းစားဖို့အတွက်တော့ အမေနှင့်အဖေကို အပြင်ထွက်ဝယ်ခိုင်းမယ်ဆိုလျှင်ဖြင့် လူ့လောကကို ဘယ်အချိန်မှ ပြန်ရောက်လာပါ့မယ်မသိ။ ငရဲအိုးတွင်ချိုးကပ်နေပေလိမ့်မည်။ ကိုယ်ကိုယ်တိုင်ဝယ်ဖို့ကျတော့ကလည်း ည၁၂ နာရီ ရှိချေပြီ။ ဒီပန်ဝန်းကျင်က ကိုယ့်ကို ဘယ်လောက်သိတယ်ပြောပြော ဒီချိန်မှ အပြင်ထွက်ဖို့တော့ မရဲပါပြီ။ ဒါနဲ့ပဲ ဆန်ဆေးရင်း ပြန်လေပြီဖြစ်တဲ့ ကိုဇော်နဲ့ ကိုဖြိုးကိုပြောမိတာ အမေက ပွက်လောက်ရိုက်ပါတော့သည်။ သူ့သားလေးတွေကို ဒီလိုပြောရမလားလို့….တဲ့။ ကိုယ်ကလည်း ကိုယ်မှန်သည်ဆိုကာ ပြန်ပြောနဲ့ စကားများပေတော့သည်လေ။

ဖုန်းက နာရီကို တစ်ချက်ကြည့်လိုက်မိတော့ မနက် ၆ နာရီ ခွဲချေပြီ။ မထသေးဘူး။ အမေရုံးသွားမှ ထတော့မယ် ဟုစဉ်းစားရင်း အိပ်ချင်ယောင်ဆောင်နေလိုက်သည်။ ဒီချိန်ဆို အဖေ ကားဂိတ်ရောက်နေပေလိမ့်မည်။ မင်းတုန်းမှာ တစ်လလောက် ဘုန်းကြီးသွားဝတ်ဦးမည်တဲ့။ ကောင်းပါသည်လေ။ ဒီချိန်မှာတော့ အိမ်စားရိက်အတွက် အဖေပူစရာမလိုတော့။ အိမ်အသုံးကျပ်မှာ အဖေပူစရာမလိုတော့။ ကျွန်မ ဒီဘေထုပ်ဆိုင်လေး ဖွင့်ပြီးကတည်းက အိမ်စားရိက်ကို တာဝန်ယူလာခဲ့သည်ပဲ။

(၂)

ကျွန်မ ဒီဆိုင်လေးကိုစဖွင့်တော့ ပင်မင်းခေါ်မလား၊ ဒိုဘီခေါ်မလား။ အ၀တ်အထည် လျှော်သည့်အလုပ်က စခဲ့သည်။ ရင်းနှီးသည့်အသိတစ်ဦး၏ ရှေ့မျက်နှာစာ ဆယ်ပေပတ်လည်လေးကို ၁၅၀၀၀ ပေး၍။ ပထမတော့ ကိုယ်တိုင်လျှော်သည်။ ပထမဦးဆုံးဆိုင်စဖွင့်သည့်နေ့ ၇၀၀ ၀င်သည်။ ပျော်လိုက်သည့်ဖြစ်ခြင်း။ ဆိုင်ဖွင့်သည့်သူတွေ ပြောဖူးတာက ပထမဆုံးနေ့မှာ ဈေးဦးပေါက်ရန် မစဉ်းစားနှင့်…တဲ့။ ဆိုင်အခြေကျဖို့ အနည်း ဆုံးတစ်လ၊ အများဆုံးသုံးလတော့ အချိန်ယူရမည်…တဲ့။ ကျွန်မက ပထမဦးဆုံးနေ့မှာပင် ဈေးဦးပေါက်ခဲ့သည်လေ။ နောက်တစ်နေ့ကျတော့ ၁၅၀၀။ နောက်ပိုင်း ၀င်ငွေက တစ်နေ့လျှင် ၅၀၀၀ ကျော်က ပုံမှန်ရှိပြီး အပ်ထည်များတဲ့နေ့ဆိုလျှင် ၁၀၀၀၀ နီးပါးခန့်ရှိလာတော့ လူခေါ်ရတော့သည်။

တစ်နေ့ ၁၅၀၀ နှင့်လူခေါ်ပြီးသောအခါလည်း နားဖို့မစဉ်းစားရဲပြန်။ တစ်ပတ်လျှင် တစ်ရက်ပိတ် မင်္ဂလာဈေးသွားပြီး ဘေထုပ်သန့်တွေ သွားရွေးဖြစ်သည်။ ၅၀၀နှင့်ဝယ်လာလျှင် ၁၅၀၀၊ ၁၀၀၀ လောက်နှင့်ဝယ်လာလည်း အရမ်းသန့်လွန်းပြန်တော့ ၃၅၀၀ တင်ရောင်း၍ရသည်။ လုပ်သက်နှစ်လလောက်ရှိသောအခါ ဒီလိုသွားရွေးမဲ့အစား ကိုယ်တိုင်ဘေထုပ်ဖောက်သည့်စနစ်ကို ပိုကြိုက်သွားသည်။ သူကတော့ အရင်းအနှီးကြီးသည်။ တစ်ထုပ်လျှင် ၁၀၀၀၀၀၊ ကိုယ်ကမတက်နိုင်တော့ တစ်ခြမ်းပဲ ၀ယ်ရသည်။ တစ်ခြမ်းဆိုသည်မှာ တစ်ဝက်ဟု ဆိုခြင်းပင်။

နောက်ပုဆိုးတွေပါတင်လိုက်သည်။ အပ်ချုပ်စက်တစ်လုံးကိုလည်း ၀ယ်ရပြန်သည်။ လာအပ်သည့်အထည်တွေထဲတွင် တစ်ချို့ အထည်တွေက အနည်းငယ်ပြဲနေတဲ့ နေရာတွေကို ချုပ်ပေးရသည်လေ။ နောက်လုံချည်တွေချုပ်ပေးရသည်ပေါ့….။ အဆင်ပြေကတည်းက ဘေးကဆိုင်ခန်းကျယ်ကျယ်ကို ၃၀၀၀၀ နှင့်ပြောင်းငှားပြီး ဆိုင်မှာပဲ အိပ်လိုက်တော့သည်လေ။ မိသားစု သုံးယောက်လုံး။ သုံးယောက်တည်းနေရတာ စိတ်ချမ်းသာလိုက်သည့် ဖြစ်ခြင်း။ အမေနဲ့အဖေက သူတို့ ၀န်ထမ်းရေးရာကိစ္စတွေ အသီးသီးနှင့် ပြောစရာတွေများသလောက် ကျွန်မမှာ တစ်နေ့တစ်နေ့ အလုပ်ထဲပဲနစ်နေချေပြီ။ တစ်နေ့တာ အလုပ်တွေများလာလို့ စိတ်ပင်ပန်းခြင်းကြောင့်၎င်း၊ ခဏခဏ အလိုက်မသိအိမ်လာကာ ပိုက်ဆံချေးတတ်သော အစ်ကိုနှစ်ယောက်ကြောင့်၎င်း အမေနဲ့ ကျွန်မအကြား စစ်အေးတိုက်ပွဲငယ်လေးများ ဖြစ်ပေါ်နေသည်မှာ ကြာပြီ။ မိဘနှစ်ပါးနှင့်လည်း အတူတူထိုင်ရယ်ဖြစ်တဲ့နေ့ဆိုတာ တစ်လမှာ သုံးရက်တောင်မပြည့်ချင်သလောက် ဖြစ်လာပေပြီ။

နောက်……အမေက ကလေးဆန်သည်။ ကျွန်မကို နှစ်သက်သူတွေရှေ့ရောက်လျှင် အမေ မျက်နှာတည်ထားသည်။ ထိုသူတွေများ အပ်ထည် လာအပ်ပြီဆိုလျှင် ထိုနေ့တစ်နေ့လုံး ကျွန်မအပေါ် ငြူစူတော့သည်။ ကြာလာတော့ ကျွန်မလည်း အလုပ်ချိန်မှလွဲ၍ မိသားစုနှင့်အတူရှိသည့်အခါတိုင်း အပြုံးအရယ် နည်းသွားချေသည်။ အမြဲတမ်းမျက်နှာကို တည်ထားတတ်တာ၊ အလုပ်မလုပ်လျှင်လည်း အမေတို့အဖေတို့နှင့် အတူစကားပြောဖို့ထက် …အတူတူဇာတ်လမ်းကြည့်ဖို့ထက် စာအုပ်တစ်အုပ်နှင့်သာ နေလာတတ်တော့သည်။

(၃)

မနေ့ညအိပ်မက်လေးကတော့ ကျွန်မကို နှိုးလိုက်သလိုထင့်။ အမေ ။ ကျွန်မစကားမပြောချင်တာကြာပြီဖြစ်သောအမေ။ ကလေးဆန်သောအမေ။

ကျွန်မမှားနေပြီထင်သည်။

……………………………………………………………………………………………………………………………………………………

အမေ။ ဘွဲ့ရပညာတက်ကြီး အမေ။ သမ၀ါယမဌာနတစ်ခု၏ အကြီးတန်းစားရေးဝန်ထမ်းဖြစ်သူအမေ။ ငယ်စဉ်ကတည်းက ချမ်းသာတဲ့မိဘနှစ်ပါးကြား ရွှေလင်ဗန်းနဲ့ အချင်းဆေးလာတဲ့ အမေ။ အလုပ်ကြမ်းဆိုတာ ဘယ်လိုလဲ လို့နားမလည်ခဲ့တဲ့ အမေ။

ထိုအမေသည် ကျွန်မရှစ်တန်းတက်တုန်းက ကန်စွန်းရွက်ကို ခေါ်င်းပေါ်တင်ရောင်းကျွေးခဲ့ဖူးသည်။ မရှက်ခဲ့မကြောက်ခဲ့။ သား၊သမီးတွေမျက်နှာ အညိုခံရမဲ့အစား သူသာ ပင်ပင်ပန်းပန်းလုပ်ကိုင်လိုက်မည် ဟူသောအမေ။ ထိုအမေသည် အဖေအဝေးသို့သွားနေခိုတ် ကျွန်မတို့မောင်နှမသုံးယောက် ကျောင်းစားရိတ်၊ စားစားရိတ်အတွက် ဥပဒေဆိုတာကိုနားလည်ရဲ့နဲ့၊ အစိုးရ၀န်ထမ်းတစ်ဦးဖြစ်ပါလျှက်နဲ့ သုံးလုံးဟုခေါ်သော ချဲရောင်းခဲ့ဖူးသည်။ သားကြီး တစ်ယောက် အထက်မြန်မာပြည် မိုးညှင်းဘက်သွားလို့၊ စာမလာသတင်းမကြားဖြစ်ခဲ့လို့ အိပ်ယာထဲ လဲခဲ့ဖူးသည်။ အရမ်းတော်ကောင်းနေသော သားတော့မဟုက်။ ကိုဇော် ဆိုသည့် သားကြီးကားမိဘအပေါ် သိတက်ဖို့ထက် အပေါင်းအသင်းကြားဝေလေလေနေရရင်ပျော်နေတတ်သူ။ မိုးညှင်းသွားသည်ဆိုသည်မှာလည်း အိမ်အတွက် ပိုက်ဆံကူရှာပေးဖို့မဟုက်။ အဆွယ်ကောင်း၍ ပါသွားခြင်းသာ။ နှစ်လလောက်ကြာတော့ ပြန်ရောက်လာပါပြီ။ ခြူးတစ်ပြားမပါ၊ ငှက်ဖျားတော့ အဖော်အဖြစ်ပါလာလေသည်။

သားလတ်ကျတော့ မိဘအပေါ် သိတတ်သည်ပြော၍မရပေမဲ့ သားလတ်ကိုတော့အရမ်းချစ်ကြသည်။ အမေကော၊အဖေကော။ မသေကောင်းမပျောက်ကောင်း ထိုင်းကပြန်လာတာဆိုတော့ တန်းဖိုးထားကြသည်လေ။ ထိုသားလတ် ထိုင်းမှာနေတုန်းကဖြင့် အမေဖြစ်သူမှာ ညတိုင်းထ၍ငိုသည်။ အိပ်မတ် ထဲတွင် သားကိုတွေ့၍တဲ့။

ထိုကဲ့သို့ သားနှစ်ယောက်ကို တန်ဖိုးထားသည်ကို ကျွန်မသိနေသည်ပဲ။ ကိုယ်ကသာ ဒီအစ်ကိုနှစ်ယောက်ဆိုးတာကို မြင်လျှင်မြင်မည်။ အမေ့အတွက်ကျတော့ တောင်းစုတ်ပလုံးစုတ်ကိုသာ ပစ်ရိုးထုံးစံရှိသည်လေ။ သားဆိုး၊ သမီးဆိုးကို ပစ်ရိုးထုံးစံမှ မရှိပေပဲ။ ကျွန်မကိုကော မချစ်လို့လား။ မဟုက် ချစ်သည်ပဲ။ ကျွန်မက ကိုယ့်ကိုယ်ကို တာဝန်ယူနိုင်တော့ စိတ်ပူစရာမလိုလို့သာ။

အမေ ကလေးဆန်သည်။ အမေ့မှာ ကလေးဆန်ပိုင်ခွင့်ရှိသည်ပဲ။ တစ်ကယ်အခက်အခဲနှင့်ကြုံပြီဆိုတော့ ရုံးသူရုံးသားတွေ တွေ့မှာတောင်မရှက်ပဲမကြောက်ပဲ ကန်စွန်းခင်းကို အဖေနှင့်အတူတူ ကန်စွန်းခင်းစိုက်၍ ကန်စွန်းစည်းကို ခေါင်းပေါ်ရွက်ကာ ရောင်းခဲ့သည်ပဲ။ အဲဒီတုန်းက အမေ ကျွန်မကို ကျောင်းမုန့်ဖိုးပျက်သည့်ရက်မရှိခဲ့။ ဈေးသို့ကျွန်မပါလိုက်မရောင်းခဲ့ရ။ ၁၃နှစ်အရွယ် အပျိုပေါက်သမီးရှက်မှာစိုး၍ဖြစ်မည်။ အဖေအလုပ်ကိစ္စနှင့် ယာယီခရီးထွက်တုန်းကလည်း ကျွန်မတို့ မျက်နှာမငယ်အောင်စောင့်ရှောက်ခဲ့သည်ပဲ။ ဥပဒေကိုနားလည်ပါလျှက်နှင့် ချဲထီရောင်းခဲ့ရတာ အမေဘယ်လောက်ရှက်ရှာမလဲ။

ကန်စွန်းခင်းစိုက်ခဲ့တုန်းကလည်း ကျပ်တည်းသည့်ဒဏ်ကို အမေကြံ့ကြံ့ခံခဲ့သည်။ မနက်ဖက် ကန်စွန်းရွက်ရောင်း၊ နေ့လည်ရုံးသွား၊ ညနေမှာ တောင်မနား ပဲ ကန်စွန်းခင်းထဲဆင်းခူး၍ မနက်ဖက်ရောင်းဖို့ စည်းရသည်။ ဒီအမေစိတ်ညစ်အောင် ဘာ့ကြောင့်များ ကျွန်မအတိုက်အခံ ပြုနေရပါသလဲ။

………………………………………………………………………………………………………………………………………..

(၄)

ကျွန်မ မှားပြီ။ မှားနေပြီ ထင်ပါသည်။

ကျွန်မအလုပ်ကလေးကလည်းလုပ်တိုင်း အောင်မြင်လာတော့ မာန်တက်မိသွားသည်ဖြစ်မည်။

အမေနှင့် အဖေ့ကို ကျွန်မမပြုစုရသေး။ ဂရုမစိုက်ရသေး။ အမေနှင့်အဖေကသာ ကျွန်မလမ်းမှားမှာစိုးရိမ်စိုတ်နဲ့ မျက်စိဒေါက်ထောက် ကြည့်နေပေသည်။ ကျွန်မက ထိုကဲ့သို့ကြည့်ခြင်းကို ကိုယ့်ကို အထင်သေး၍ဟု ယူဆကာ အမေတို့သားလေးတွေလိုမဟုက်ဘူး…..ဟု စကားနာထိုးလေ့ရှိသည်။ စေတနာကိုမြင်ဖို့ထက် အလိုမကျစိတ်တွေကြီးစိုးစွာနှင့် မကောင်းမြင်နေတတ်တဲ့ကျွန်မ ။ အမေအပင်ပန်းခံခဲ့သလောက် ကျွန်မ မလုပ်ရသေး။

အမေ့တာဝန်၊ အဖေ့တာဝန်ကို ဟုက်တိပက်တိကို မယူရသေး။ ဒီနေ့ဒီချိန်ထိလည်း မီးဖိုချောင်ထဲ ကျွန်မမ၀င်ဖူးသေး။ အချိန်တန်လျှင် အမေ က ....ဆုမ ရေ ထမင်းစားအောင်လာခဲ့တော့……ဟုခေါ်တတ်သည်။ စားရင်းမပြီးသေး၍၊ အလုပ်မပြီးသေး၍ ကျွန်မထမင်းမစားသေးလျှင်လည်း မစားစားအောင် တကြော်ကြော်ခေါ်ပေသည်။

ဒီလိုအမေမျိုးကို ကျွန်မ နေ့စဉ်ရက်ဆက်များစိတ်ညစ်အောင်လုပ်ခဲ့မိလေသလား…………………………..။

ဒီလိုအမေမျိုးအပေါ် ကျွန်မ နားလည်ပေးမှု ကင်းမဲ့ခဲ့မိလေသလား………………….။

ဒီလိုအမေမျိုးအပေါ်……………..ကျွန်မ………………………..

ကျွန်မ သမီးမိုက်ဖြစ်နေပြီထင်ပါသည်။ ဟိုတစ်နေ့ကလည်း အမေနှင့် စကားများ၍ စကားမပြောပဲ စိတ်ဆိုးပြတာ သုံးရက်ဆက်တိုက်။ ဒီလိုအဖြစ်မျိုးတွေက ရှေးတုန်းကလည်း များစွာရှိခဲ့သည်။ အနည်းဆုံးတစ်လမှာ ရက်နှစ်ဆယ်လောက်က ကျွန်မစိတ်ဆိုးနေခဲ့သည်ချည်းသာ။

စောင်ကို ရုက်တစ်ရက်ဆွဲခွာလိုက်မိသည်။ ဘာပဲပြောပြောအမေရုံ့းမသွားခင် သူ့သမီးငယ် စိတ်ပြေသွားမှန်းသိလျှင် စိတ်သက်သာရာ ရမည်ထင်ပါရဲ့။ ဆိုင်ရှေ့ထွက်ကြည့်တော့ မမီတော့။ ၅၆အဝါပေါ် တက်သွားတဲ့အမေ့ကို လက်အုပ်ချီရင်း စိတ်ထဲကနေကန်တော့လိုက်ပါသည်။ ကာယကံ၊ ဝစိကံ၊ မနောကံတို့ဖြင့် မှားမိတာများရှိခဲ့လျှင် ဒီသမီးမိုက်ကို ခွင့်လွှတ်ပါ…..ဟူ၍။

………………………………………………………………………………………………………………………………………………………

(၅)ဇာတ်သိမ်း

ဒီနေ့ကစပြီး အမေနှင့်အဖေ့အပေါ် ကာယကံ၊ ဝစီကံ၊ မနောကံ ကံသုံးပါးလုံးနှင့် မပြစ်မှားမအောင် ကိုယ့်စိတ်ကိုထိန်းချုပ်မှ……။ တစ်နေကုန်အလုပ်လုပ်ရင်း ထိုအတွေးသာဝဲလှည့်လို့။ ထိုဆုံးဖြက်ချက်သာ ဝဲလှည့်လို့။

အလုပ်ကလေးအနည်းငယ်ပါးလို့ထိုင်ဖြစ်တော့ ညနေ လေးနာရီပင်ထိုးချေရော့မည်။ အော ဒီနေ့ ဧည့်စားရင်းစစ်ဖို့ သတိပေးထားတာပဲ။ ယာယီအိမ်ထောင်စုဇယားကို ဒီချိန်ကတည်းကထုက်ထားရမှာပဲ။ လာစစ်ချိန်မှထုက်ရင် အလုပ်ပိုရှုပ်တယ်လေ။ ယာယီအိမ်ထောင်စုဇယားလေးထုက်ခိုက် အမေ့မှက်ပုံတင်ကဒ်လေး။ ဘာရယ်မဟုက်ယူကြည့်မိလိုက်သည်။ ဓါတ်ပုံထဲမှာ ဓါတ်ပုံဆရာက မရယ်ပဲတည်ခိုင်းလို့ထင့်။ နှုတ်ခမ်းကို တငိးတင်းစေ့ထားသည်မှာ မသိလျှင် တစ်ယောက်ယောက်နှင့် ရန်ဖြစ်ထားသလိုမျိုး။

အဟင်း….ငါ့အမေကတစ်ကယ့်ကလေးစိတ်ပဲ……လို့တွေးရင်းပြန်သိမ်းခိုက်

အို……….ဒီနေ့ အမေ့မွေးနေ့ပဲ…………….. ဇူလိုင် တစ်ဆယ့်တစ် တစ်ထောင့်ကိုးရာငါးဆယ့်တစ်(၁၁-၇-၁၉၅၁) ဆိုတဲ့ စာတန်းလေးက ကျွန်မကို သတိပေးလိုက်သလိုသလို…။

ဒီနေ့………အမေ့မွေးနေ့ပဲ….ကြည့်စမ်း အမေ့အသက်ခြောက်ဆယ်ပြည့်တဲ့ မွေးနေ့မှာမှ ငါက အမေ့ကို စိတ်ညစ်အောင် လုပ်ခဲ့မိတယ်

ကြည့်စမ်းပါဦး အမေ့မွေးနေ့ကို ငါ တစ်ခါမှ မသိခဲ့ဖူးဘူး…

ငါ့မွေးနေ့တိုင်း ထူးထူးထွေထွေမလုပ်ဖြစ်ပေမဲ့ အမေ ဘုန်းကြီးကျောင်းကို ဆွမ်းချိုင့်ပို့ပေးတတ်တယ်…………………

အမေ့အသက်ပင်ခြောက်ဆယ်ပြည့်လို့ ပင်စင်ယူကာနီးပြီ………ကျွန်မကတော့ အမေ့အသက်ကိုလည်း သတိမထားမိ၊ အမေ့ စေတနာကိုလည်းသတိမထားမိခဲ့။ ကိုယ့်ဖြစ်ချင်တဲ့ အတ္တတွေနဲ့ ပူလောင်နေခဲ့တာ………………။

ဒီနေ့ အမေ့မွေးနေ့ဆိုတော့ ဘာလုပ်ပေးရမလဲ။ ဒီနေ့ အမေနဲ့အတူ ရွှေတိဂုံကိုသွားပြီး အမေ့စိတ်ကြိုက်လှူချင်တာလှူပါစေ။ အမေ့အတွက် အမေလိုချင်တာလိုက်လုပ်ပေးလိုက်မည်။

ဒါပေမဲ့ အမေက သူ့သားလေးတွေပါ ခေါ်ချင်တယ်ဆိုလျှင်ကော…….?

ဩော်….ဖြစ်ရမယ်…ငါကတော့

အမေ့စိတ်ကြိုက် လုပ်ပေးပါ့မယ်ဆိုမှတော့………………………။

နောက်နောင် အမေ့ကိုစိတ်မညစ်စေချင်ဘူးဆိုလျှင် ဒီနှစ်ယောက်ကို ပေလျယကံ ပြုထားရမည်သာ….။

……………

ဟော အမေ ပြန်လာပြီ….လေးတိနှေးကန်သော ခြေလှမ်းတွေနှင့်။ ရုံးခြင်းတောင်းကို စိတ်မပါလက်မပါဆွဲလျှက်……။ အခါတိုင်း တစ်ခါမှ မကြိုဖြစ်ဖူးတဲ့ ကျွန်မ ရုံးခြင်းတောင်းလေး ပြေးဆွဲတော့ အမေ အံ့သြသလို မျက်လုံးများနှင့် ကျွန်မကိုကြည့်နေသည်။

စိတ်ချ အမေ။ ဒီနေ့ညဆို ပိုတောင်အံ့သြရဦးမှာ….။ အမေ့ချစ်သားလေးနှစ်ယောက်ကိုလည်း ခေါ်ထားသေးတယ်။ အမေ့ကို ဘုရားလိုက်ပို့ဖို့။

နောက်ဆို အမေ ပိုအံ့သြရဦးမယ်။ အမေ့အတွက် ကျွန်မ သမီးအလိမ္မာလေးဖြစ်အောင်ကြိုးစားတော့မှာလေ။………

အမေ့ဘေးကနေ ခြင်းတောင်းလေးဆွဲကာ တိကျခိုင်မာသော ဆုံးဖြက်ချက်များစွာဖြင့်………….။

စိတ်ထဲကလည်း အကြိမ်ကြိမ်တောင်းပန်လျှက်……….သမီးမိုက်ကို ခွင့်လွှတ်ပါ အမေ……ခွင့်လွှတ်ပေးပါ………..လို့။

………………………………………………………………………………………………………………………………………………………………...

ဘာကိုမှမသိချင်သူ

6-jul-2011
Back to top Go down
http://www.htayhsu.multiply.com

ခွင့်လွှတ်ပေးပါ အမေ

View previous topic View next topic Back to top 
Page 1 of 1
သတိပေးတားမြစ်ချက်
"ပုံကလေးများသာပါသော စာကြောင်းရေးသားခြင်းနှင့် forum နှင့် topic အတွက် အဓိပ္ပါယ်မရှိသော စာသားများ ရေးသားခြင်းကို ခွင့်မပြုပါ။"

Permissions in this forum: You cannot reply to topics in this forum
မြှားနတ်မောင် :: အချစ်နှင့် ရသစာပေများ(ကဗျာ၊ ၀တ္ထု၊ ဆောင်းပါး၊ ဟာသ၊ ဒဿန) :: ၀တ္ထု :: ကိုယ်တိုင်ရေး ၀တ္ထုများ။ -
Free forum | © phpBB | Free forum support | Contact | Report an abuse | Free forum