မြှားနတ်မောင်
မြှားနတ်မောင် (အချစ်နှင့် ခံစားမှုသီးသန့်) ဖိုရမ်အား လာရောက်လည်ပတ်ပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်။ ဖိုရမ်တွင်းဝင်ရောက်လိုပါက log in ကို click နှိပ်ပေးခြင်းဖြင့်လည်းကောင်း၊ အသင်းသားအဖြစ် မှတ်ပုံတင်လိုပါက Register ကို click နှိပ်ခြင်းဖြင့် လည်းကောင်း၊ ဧည့်သည်တော်အနေဖြင့် အသုံးပြုလိုပါက Do not display again ကိုနှိပ်၍ လည်းကောင်းအသုံးပြုနိုင်ပါသည်။
မြှားနတ်မောင်


 
email အသုံးပြုရန်email အသုံးပြုရန်  HomeHome  Portal*Portal*  GalleryGallery  RegisterRegister  Log in  email အသုံးပြုရန်email အသုံးပြုရန်  
"မြှားနတ်မောင်(အချစ်နှင့် ခံစားမှုသီးသန့်) ဖိုရမ်အား လာရောက်လည်ပတ်ပေးတဲ့ Guest တစ်ယောက် ကိုယ် စိတ် နှလုံး သုံးပါးလုံး ရွှင်လန်းချမ်းမြေ့ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးပါတယ်ခင်ဗျာ။"
Log in
Username:
Password:
Log in automatically: 
:: I forgot my password
ဧည်သည်တော်အတွက်လမ်းညွှန်
ဖိုရမ်စာမျက်နှာများ
ဖိုရမ်ရေးသားချက်များသို့ ၀င်ရန်




ရေးသားချက်အသစ်များ
» နဲနဲလေးတွေးရအောင် .....
2nd August 2013, 10:23 pm by

» မင်းအတွက်....
2nd August 2013, 10:15 pm by

» ကျွန်မကတော့
31st July 2013, 11:49 pm by

» အချစ်ဟာတစ်ခါတစ်လေ ပူလောင်တတ်လား?
25th May 2013, 4:44 pm by

» အချစ်ကိုခံစားဖူးသူတွေအတွက်..
25th May 2013, 4:36 pm by

» စရိုက်များတဲ့ ဘဝစာမျက်နှာ
23rd December 2012, 1:20 am by

» ရှားတော့မယ်ထင်ပါရဲ့
30th July 2012, 12:28 am by

» အချစ်ဆိုတာ
27th May 2012, 4:41 pm by

» သူငယ်ချင်းအားလုံးဘဲ မင်္ဂလာပါ
27th May 2012, 3:44 pm by


 

အချစ်ဟု ခေါ်သည်

View previous topic View next topic Go down 
Author Message
ဘာကိုမှမသိချင်သူ
နားလည်စအရွယ်
နားလည်စအရွယ်


လိင်(ကျား/မ) : Female Cancer ရေးသားချက်ပေါင်း : 23
ရမှတ်ပေါင်းမှာ : 69
ရေးသားချက် သဘောကျခံရမှု : 0
ဖိုရမ် ပြိုင်ပွဲများမှ ဆုရရှိမှုများ :
မှတ်ပုံတင်သည့်နေ့ : 2011-08-18
အသက် : 30
တည်နေရာ : Yangon
အလုပ်အကိုင်/၀ါသနာ : writting & Internet

PostSubject: အချစ်ဟု ခေါ်သည်   21st August 2011, 1:45 pm

(၁)

ကောင်လေးနှင့်ကောင်မလေးတို့ အချစ်ကြီးချစ်ခဲ့တာပါ။ နှလုံးသားတစ်ခုကို လူနှစ်ယောက်ပိုင်ဆိုင်ထားသည့်အလား။ သို့သော် အောင်မြင်မှု ဆိုသည့်အိက်မက်ကို ကောင်မလေးမက်တတ်သွားသောအခါ……………….။

ထိုနေ့က ဒီခုံတန်းလေးမှာပင် ကောင်လေးနှင့် ကောင်မလေးတို့ လမ်းခွဲခဲ့ကြသည်။ အကြောင်းပြချက်ကတော့ ကောင်မလေးက ဘ၀ရဲ့ အောင်မြင်မှု့တွေကို လိုက်ရှာချင်သေး၍ပင်။ ကောင်လေးတားခဲ့ပါသည်။ တားမရခဲ့ပါ။ ကောင်လေးက ကောင်မလေးကို

နောက်ဆုံးအနေဖြင့် ..............သူ့စကားတစ်ခွန်းတော့ လိုက်နာပေးပါ………….ဟုဆိုခဲ့၏။ ကောင်မလေးက.......... ပြောပါ.... ဟုဆိုသည့်အခါ ကောင်လေးက............

ငယ့်ဘ၀မှာ အရမ်းမောပန်းလာပြီ၊ တစ်ယောက်တည်းဆက်လျှောက်ဖို့ ခက်ခဲလာပြီ ဆိုရင် ဒီခုံတန်းလေးရှိရာသာလာခဲ့ပါ မောင်အမြဲ စောင့်နေမယ်...........

ကောင်မလေး ပြီးစလွယ်ခေါင်းငြိမ့်ခဲ့သည်။ လမ်းခွဲခြင်းအထိန်းအမှက်နှင့် သူမတို့ သစ်ပင်လေးတစ်ပင်စိုက်ခဲ့သည်။ မှက်မှက်ရရ ပိတောက်ပင်။

(၂)

ကောင်မလေးနှင့်ကောင်လေးလမ်းခွဲပြီးနောက်ပိုင်း ကောင်မလေးကြိုးစားခဲ့ပါသည်။ မြင့်နိုင်သမျှအမြင့်ရောက်ဖို့။ အချစ်ဆိုတာကိုလည်း နောက်တစ်ခါထပ်အ၀င်မခံတော့ပါ။ လောကဓံအမျိုးမျိုးကိုလည်းကြုံခဲ့သည်။ လှိုင်းလေကြားလည်း ဖြက်သန်းခဲ့သည်။ ခြေချော်လက်ချော် အဖြစ်မျိုးတွေလည်း ခဏခဏကြုံခဲ့ရပေသည်။ တစ်ခါတစ်ခါကျတော့လည်း သူမ စဉ်းစားမိပါသည်။ ဘ၀ရဲ့အောင်မြင်မှုအတွက် သူမစိတ်ကို အလုံခြုံအနွေးထွေးစေဆုံး ကောင်လေးရဲ့ အချစ်ကို စွန့်လွှတ်ခဲ့တာ တန်ပါ့မလား….ရယ်လို့။

ဘာပဲဖြစ်ဖြစ် ဒီချိန်မှာတော့ သူမအလိုချင်ဆုံးအနေအထားတစ်ခုကို ရောက်နေပေပြီ။ သူမလည်း ကောင်မလေးမဟုက်တော့။ ရင့်ကျက်တည်ငြိမ်သောအနေအထားဖြင့် အန်တီ ဟုအခေါ်ခံရသော အရွယ်ရောက်နေပေပြီ။ ဒါပေမဲ့လည်း သူမရဲ့ ဘ၀ကတော့ အထီးကျန်ဆဲ။ ကောင်လေးရဲ့ အချစ်ကို ဒီချိန်မှာ လိုချင်သော်လည်း မရနိုင်လောက်တော့ဘူး…ဟုတွေးရင်း ကောင်လေးနှင့်ချိန်းဆိုထားသောနေရာကို သူမမသွားဖြစ်တော့ပေ။

(၃)

သူ့အသက်ပင် လေးဆယ်ကျော်ချေပြီ။ ကောင်မလေးကတော့ သူရှိရာခုံတန်းလေးဆီ ရောက်မလာခဲ့။ လမ်းခွဲပိတောက်ပင်လေးပင် အတော်သက်တမ်းရင့်နေပေပြီ။ တစ်နှစ်တစ်ခါတော့ ထိုပိတောက်ပင်လေးကလည်း ပန်းများဝေအောင်ပွင့်နေကျ။ ထိုပိတောက်ပင်လေးတွင် စာထည့်သည့် အိမ်လေးလုပ်ထားသည်။ မတော်တဆများ ကောင်မလေးရောက်လာလို့ သူနဲ့ မတွေ့ဖြစ်ခဲ့ရင် သူရေးထားတဲ့စာလေးတွေ ဖတ်ဖို့ပင်။ ဒီခုံတန်းလေးမှာထိုင်ရင်း စာရေးနေတက်တဲ့သူ့ကို ဒီပက်ဝန်းကျင်ပင် သိနေချေပြီ။ ကောင်မလေးကို သတိရတိုင်း၊ လွမ်းတိုင်း စာအုပ်ထဲ ထည့်ရေးခြင်းကြောင့်ပင် သူ့အား အသည်းကွဲစာရေးဆရာဟု လူသိများပြန်ပါသည်။

သို့သော်…..သူ့တွင်ခုထိ ဘ၀တိုက်ပွဲဖော် မရှိခဲ့။ ကောင်မလေးကလွဲ၍ နှလုံးသားက ဘယ်သူ့မှ လက်မခံခြင်းဖြစ်မည်ထင့်။ နက်ဖြန်ခါဆိုလျှင်ပင် လေးဆယ့်ကိုးပြည့်ချေပြီ။ ငါးဆယ်နားနီးခါထိ အသက် နှစ်ဆယ်က ချစ်ခဲ့သောမိန်းခလေးကို တမ်းတနေဆဲ ဟုပြောလျှင် လူတွေရယ်နိုင်ပေမဲ့ အမှန်ကို သူက တမ်းတနေဆဲပင်။ မွေးနေ့ အထိမ်းအမှတ်အနေနဲ့ နက်ဖြန် ငယ့်ဆီ စာသွားထည့်ဦးမယ် ဟုတွေးရင်း ငယ့်ကို ပြောချင်သောစကားတစ်ချို့အတွက် သူဘောပင်ကို ကောက်ကိုင်လိုက်ပါသည်။

(၄)

ဒီနေ့မှပင် သူမရဲ့စိတ်တို့က အခါတိုင်းထက် ပို၍အထီးကျန်နေသလိုပင်။ ကောင်လေးမွေးနေ့မှန်း သူမမှက်မိပါသည်။ နှစ်တိုင်းမသိချင်ယောင်ဆောင်နေလျက်နဲ့ ဒီနေ့ကျမှ ပိုလွမ်းမိနေသလား။ မကျေမနပ်စိတ်ကလေးနှင့်တွေးလိုက်မိသည်။ ညနေပင်စောင်းတော့မည်။ သူမရဲ့ ဒီဘာမှန်းမသိလွမ်းနေတဲ့စိတ်က မပျောက်သေး။ တစ်ခါတုန်းက ကောင်လေးနှင့်အတူ လမ်းခွဲပိတောက်ပင်လေး စိုက်ခဲ့သောနေရာကို သူမသွားချင်လာမိသည်။ ကားသော့လေးက သူမကို လာပါဟု ခေါ်နေသလိုလို………………

ကားကိုရပ်လိုက်ရင်း မြေနီလမ်းလေးအတိုင်း လျှောက်လှမ်းမိသည်။ တစ်ချိန်ကကောင်လေးနှင့်အတူလျှောက်ခဲ့မိသည့်အချိန်တို့ကို ပြန်ရောက်သွားသလိုလို။

ကောင်လေး…………ဟုသူမခေါ်သောအခါ ကောင်လေးကရှုံမဲ့၍

ဟာ မောင်လို့ခေါ်ပါ ငယ်ရယ် အဲဒီခေါ်သံလေးကြားချင်လို့ပါ....................

အင် အသက်ကလေးဖြင့်လပိုင်းလေးငယ်တာများ သိဘူး ကောင်လေးမို့ ကောင်လေးလို့ခေါ်တာပဲ…သူကျတော့ တို့ကို ငယ်တဲ့ အသက်ဖြင့်မကြီးပဲနဲ့……….သူမပြုံး၍စသည့်အခါတိုင်း

ကောင်လေးက မျက်နှာလေးရှုံမဲ့ကာ မောင်ဟုခေါ်ရန်သာအတင်းပူဆာသည်။ အဟင်း………စိတ်လွက်ကိုယ်လွက်ရယ်မိပြီးမှ ဘေးဘီဝဲယာတစ်ချက်အကဲခက်ရပြန်သေးသည်။ တော်ကြာ ကိုယ်ရယ်တာတွေ့ပြီး ဒီအဒေါ်ကြီး ဘာလို့ရယ်တာပါလိမ့်ဟု တွေးနေမှဖြင့်။ တော်ပါသေးသည်။ လူတိုင်းကိုယ်အတွေးနှင့်ကိုယ် သွားနေကြပြီး သူမကို သတိမထားမိလို့။

ဟိုးရှေ့က ခုံတန်းလျားအဖြူလေးက သူမနှင့်ကောင်လေးတို့ထိုင်နေကျနေရာလေးများလား။ ရင်ခုန်သံတွေပင် အနည်းငယ်ကျယ်လာသလိုပင်။ ထိုခုံလေးနားတွင်တော့ လူကြီးတစ်ယောက်က မြက်ပင်တစ်ချို့ ရှင်းလင်းလို့။ အင်း သေချာပါသည်။ ဒါဆို သူမတို့ရဲ့ လမ်းခွဲပိတောက်ပင်လေးကော။ ဒီချိန်ထိရှိပါ့မလား။

ဟိုနေရာက ပိတောက်ပင်လေးများလား။ ပင်စည်တွင် ထွင်းထားသည်က ငယ့်အတွက်…တဲ့။ သေချာသွားပြီပေါ့။ ပိတောက်ပင်ကြီးကို တစ်ပက်လည့်ကြည့်မိရင်း ခေါင်းနဲ့ တိုက်သွားသည့်အရာကို လက်နဲ့ဖမ်းဆုပ်ကြည့်မိတော့ အိမ်ပုံစံ စာတိုက်ပုံးလေး။ စာတွေကိုကြည့်လိုက်တော့ ကောင်လေးလက်ရေးမှန်းသိသာနေပါသည်။ စာတို့ကို တစ်စောင်ချင်းဖတ်ကြည့်မိတော့………………..

သူ့ရဲ့ အောင်မြင်ချိန်၊ ကျရှုံးချိန်တွေမှာ သူမသိအောင်ရေးပြထားသည်။ နောက် သူမကို ဘယ်လောက်ထိ သတိရနေကြောင်း၊ လွမ်းနေကြောင်း စာတွေက အပ်ကြောင်းထပ်နေသည်။ စာတစ်ချို့ ကြည့်ရတာေ၀၀ါးလာသည်လေ။ ကောင်လေးသူမကို စောင့်နေမှန်း မသိခဲ့ပါ။ အချိန်ကြာလာရင် မေ့သွားမှာ လို့သာ သူမထင်ခဲ့မိတာ။ ခုတော့…….ခုတော့

(၅)

ဒီနေ့ ငယ်နှင့်တွေ့ဖြစ်ရင် ဘယ်လောက်ကောင်းမလဲ………………………..

မွေးနေ့တိုင်း သူတောင့်တခဲ့ပါသည်။ ငယ်နှင့်တွေ့ခွင့်ရဖို့။ ဒီချိန်ထိတော့ သူ့ဆန္ဒတို့ မပြည့်ဝနိုင်သေး။ မိုးစက်တို့ ဖျန်းပက်ထား၍ထင့်။ မြေနီနံ့လေးက သင်းနေသည်။ ဒီညနေခင်းတစ်ခုလုံးစာကို ပိတောက်ပင်လေးနား အချိန်ကုန်မည် ဟုစဉ်းစားလှမ်းလာမိသည့်အခိုက်………………

အရှေ့က မြင်နေရတာ……..ငယ်များလား.......။

ရင်ခုန်နှုန်းတို့ တစ်ဖြည်းဖြည်းမြန်လာသည်။ သေချာပါသည်။ မသိမသာလေးဝလာတာကလွဲလို့ နုပျိုခြင်းမဟုက်တော့ပေမဲ့ ရင့်ကျက်တည်ငြိမ်တဲ့ အလှကိုပိုင်ဆိုင်ထားဆဲ………………ငယ်…။

ရင်ထဲက တိုးတိတ်ရွက်ဆိုသံကို ကြားဟန်ထင့်။ ငယ် သူ့ဖက်လှည့်ကြည့်လာသည်။ သူ့လက်ထဲတွင်မတော့ ငယ့်အတွက် စာလေးတစ်စောင်။ တစ်ဦးကိုတစ်ဦး ငယ်စဉ်တုန်းကလို ရင်းနှီးချင်ပါလျက် ပြောစရာစကားမရှိသလို တိတ်ဆိတ်ခြင်းသာ ကြီးစိုးနေသည်။

တစ်ချိန်က ကောင်မလေးက တိတ်ဆိတ်ခြင်းကို စတင်ဖြိုခွဲလိုက်သည်။

ငယ့်……….ကို ဒီချိန်ထိစောင့်နေခဲ့တာလား.................

အင်း.. ငယ် ကိုယ့်ကို သတိရတဲ့အခါ ပြန်လာမယ်ထင်လို့ ဒါပေမဲ့ ဒီလောက်ထိ ကြာမယ်မှန်းမသိခဲ့ဘူး.........

…………………………………………………………………………..

(၆)-ဇာတ်သိမ်း

သိပ်မကြာခင် အသည်းကွဲစာရေးဆရာတစ်ဦးလက်ထပ်သည့်သတင်း သတင်းစာတွင်ပါလာသည်။ ပတ်ဝန်းကျင်ကား ချီးမွမ်းခုနှစ်ရက်၊ ကဲ့ရဲ့ခုနှစ်ရက် ဟုစိတ်သွင်း၍ သူတို့နှစ်ဦး လက်ထပ်လိုက်ကြသည်။ တစ်ချိန်တုန်းက အချစ်ကို သူမ လက်လွှတ်ခဲ့သလို သူ လည်း မရမကဆွဲထားဖို့ မေ့လျော့ခဲ့သည်။ ဒီအချိန်တွင်တော့ သူတို့ အဆုံးရှုံးခံနိုင်တော့။ စာရေးဆရာ၏ ပရိသတ်အချို့ကတော့ မျှော်ကြသည်။ ပျော်ရွှင်ဖွယ်ဇာတ်သိမ်းဖြင့် နောက်အသစ်ထုတ်သည့် စာအုပ်တွေကို။ တစ်ကယ်လည်း ထွက်လာပါလိမ့်မည်။ ဒီအချိန်မှာ သူ့ချစ်ခြင်းက သူကို ပျော်ရွှင်နေစေပြီလေ။

နှစ်ပေါင်းနှစ်ဆယ်ကျော်သည် အချစ်ကို မေ့စေနိုင်သော အချိန်လုံလောက်ပါသည်။ သို့သော်…………………………ထိုအချိန်ဆိုသော သမားတော်ကို အနိုင်တိုက်ခဲ့သည့် နှလုံးသားနှစ်ခု၏ ဖန်ဆင်းရှင် အချစ်။

အချစ်သာစစ်မှန်ပါလျှင် ဘယ်လောက်ပဲဝေးဝေး၊ သွေးမအေးနိုင်။ မေ့ချင်ပါလျက်နှင့် ရင်က အလွမ်းတို့က အမေ့ခက်စေလိမ့်မည်…………..ဟုသာ။
Back to top Go down
http://www.htayhsu.multiply.com

အချစ်ဟု ခေါ်သည်

View previous topic View next topic Back to top 
Page 1 of 1
သတိပေးတားမြစ်ချက်
"ပုံကလေးများသာပါသော စာကြောင်းရေးသားခြင်းနှင့် forum နှင့် topic အတွက် အဓိပ္ပါယ်မရှိသော စာသားများ ရေးသားခြင်းကို ခွင့်မပြုပါ။"

Permissions in this forum: You cannot reply to topics in this forum
မြှားနတ်မောင် :: အချစ်နှင့် ရသစာပေများ(ကဗျာ၊ ၀တ္ထု၊ ဆောင်းပါး၊ ဟာသ၊ ဒဿန) :: ၀တ္ထု :: ကိုယ်တိုင်ရေး ၀တ္ထုများ။ -
Private forum on Forumotion | Art, Culture and Leisures | Hobbies - Others | © phpBB | Free forum support | Contact | Report an abuse | Free forum