တက္ကသိုလ်မြတ်မင်း
ချစ်တက်စအရွယ်
လိင်(ကျား/မ) :
ရေးသားချက်ပေါင်း : 89
ရမှတ်ပေါင်းမှာ : 267
ရေးသားချက် သဘောကျခံရမှု : 2
ဖိုရမ် ပြိုင်ပွဲများမှ ဆုရရှိမှုများ :
မှတ်ပုံတင်သည့်နေ့ : 2011-10-28
အသက် : 43
တည်နေရာ : Colombo
အလုပ်အကိုင်/၀ါသနာ : M.Phil Student
|
Subject: အို...ကွယ် ..ဂလု 28th October 2011, 2:26 pm |
|
|
အတွေးချိုချို ဘေးပျိုမလိုတယ်
ကိုးလုံးဆရာ အရေးကောင်းလို့
စာကိုးတွေတောင် မျက်ရည်ကျ
လေးပါဒ စာချည်း တသွင်သွင်စီးပြန်တော့
ရသကိုးသွယ် ရောင်ပြန်ချယ်သတဲ့....။
မော်ဒန်ညပေမို့ ချစ်နှမ ယာဇကာလှည့်သလို
ပဒေသာအကတွေနဲ့ ဆဲ့နှစ်ကြိုး ကကြိုးတောင်
သူတော် မေ့လောက်တယ် ယခုည သဘင်လယ်
ရှုမဝ သခင်ညာတယ် တွေ့မရှောင် လက်သယမ်းတွေကြောင့်
အို...ကွယ်......ညောင်းလှသလေ.......။
ရသကိုးသွယ် စာကိုးရယ်က
အရီးအိမ် အလည်ရောက်လေတော့
တောက မောင် ယောင်တောင်တောင်နဲ့
ငေးမောရ မော်ဒန်ကညာပျို
ထွေးထုတ်ခက် တံတွေးတွေကို
မျိုသိပ်ကာ ဖြေသိမ့်ခဲ့ရ
ဂလု သံစဉ်တွေကို မော်ဒန်ဆောင်
ကိုယ်လူပျိုရယ် တွေးချိုကာ
ငါးမရတော့ ရေချိုးခဲ့လေ...။
တက္ကသိုလ်မြတ်မင်း
|
|