ဇေလေး
ရင့်ကျက်စအရွယ်
လိင်(ကျား/မ) :
ရေးသားချက်ပေါင်း : 131
ရမှတ်ပေါင်းမှာ : 194
ရေးသားချက် သဘောကျခံရမှု : 2
ဖိုရမ် ပြိုင်ပွဲများမှ ဆုရရှိမှုများ :
မှတ်ပုံတင်သည့်နေ့ : 2009-05-12
အသက် : 37
တည်နေရာ : တစ်နေရာရာပေါ့
အလုပ်အကိုင်/၀ါသနာ : ကွန်ပျူတာနဲ့ နပန်းလုံးနေရခြင်း...
|
Subject: ဇေလေးဖတ်သမျှ မှတ်သမျှ 16th May 2009, 5:34 pm |
|
|
မင်းခိုက်စိုးစန် ၏ ကဗျာများ
လွမ်းလို့သေသွားတဲ့သစ်ပင် ကိုယ့်ဘာသာကို မိုးလင်းရ ကိုယ့်ဘာသာကိုယ် မိုးချုပ်ရနဲ့ အဲဒီ နေရောင်ခြည်ကိုက ရှုပ်တယ်။
မတောက်ပချင်ပါဘူးကွယ် ပြန်ပြန်မှောင်ရတာနဲ့ မကာမိလို့။
ကြာ...လိုက်...တာ... ... အလင်းတွေ အသက်ရှူနေလိုက်ပုံက (ဒါနဲ့ပဲ...) သူမရဲ့ အပြုံးကို မြင်ရဖို့ နောက်ကျခဲ့ပြန်ရော...။
ငါ့ကျောပေါ် ထမ်းထားရတဲ့ အလွမ်းကတော့ မင်းရဲ့ အမည်နာမကို တမ်းတမ်းတတ ရေရွတ်တယ်...။
ဖွတ်ထွက်တာတောင်မှ တောင်ပို့မှန်း မသိခဲ့ပါဘူး ဘ၀ကူး မကောင်းနိုင်တဲ့အထိတောင်... အသိဥာဏ်တွေ မှောင်ခဲ့။
(အဲဒီကောင်ဟာ...အသေအချာမှောင်ခဲ့ အချစ်တွေ မဲ့ပြီဆိုရင် သွေးမခုန်ချင်တော့ပါဘူးလို့ ငြင်းတဲ့ကောင်)
နောက်သလို ပြောင်သလိုနဲ့ ငါ့ကို လာချစ်သွားတဲ့ ကောင်မလေးရေ... “အနမ်းတွေ ဆေးထိုးမှားခဲ့တာပါ...” တဲ့ လွမ်းလို့သေသွားတဲ့သစ်ပင်က အရွက်ကို ခြွေချပြီး ပြောတယ်...။ ............................................................................................................
ငါး
(၁)
ငါးတွေဟာ သွေးအေးတယ် နှုတ်ဆိတ်တယ်။ တိုးတိတ်လွန်းတော့လည်း အဲ့ဒီ ရင်ခုန်သံကို.. မင်း ကြားရလိမ့်မယ် မဟုတ်ပေဘူး။
(၂)
ကြယ်တွေကို ခူးခူးပြီး မင်းကို ပန်ပေးချင်ခဲ့တာပါ... ဒါပေမယ့်... အိပ်မက်တွေက ဖိတ်တစ်ဝက် စင်တစ်ဝက် နွေဦးရက်တွေ ရောက်တဲ့အထိတောင် မက်ခွင့်မရလိုက်ပါဘူး။ ဆူးတွေများလွန်းတဲ့ ဥယျာဉ်က ရနံ့ကျတော့ နည်းလွန်းနေခဲ့တယ်။
(၃)
တစ်နေ့ခင်းလုံး ကိုယ့်လက်ဖ၀ါးပေါ် မေးထောက်ပြီး သစ်သားမီးခြစ်ဆံတွေနဲ့ အိမ်ဆောက်ကြည့်နေခဲ့တယ်.. ငါဘာကိုစားသောက်ခဲ့ပြီးပြီလဲ။
(၄)
တစ်ဘ၀စာ... ခပ်ကြာကြာ ကြည့်ခွင့်ရခဲ့လိုက်ရုံလေးတင်ပါပဲ။ (ဒိပြင် ဘာမှမပိုခဲ့ဘူး)
ကောင်မလေးရေ.. ငါဆိုတဲ့ကောင်က သွေးအေး ယဉ်ယဉ်ကျေးကျေးလေးပဲ... ...လွမ်းတယ်။
တစ်ကိုယ်တော်
ဘ၀ကို တစ်ခါတစ်ခါ အပေါ်စီးက ငုံ့ကြည့်ရတော့လည်း သိပ်မဆိုးလှဘူးလို့ ထင်လာတယ်။
ဖျားနာမှုကိုမှ မစားသောက်ရင် တစ်နေ့တစ်နေ့ ဘာလုပ်ရမှာလဲ။
မြစ်ဘေးက သစ်ပင်လို သူများတွေ စီးဆင်းနေတာကိုပဲ ငေးကြည့်နေချင်ရဲ့။
ဒါမှမဟုတ် ပိုက်ဆံ တတ်နိုင်တဲ့အခါကျရင် ရောဂါတစ်ခုခုရဲ့ နာမည် ကို ၀ယ်ယူပြီး ကိုယ့်ကိုယ်ကို စိတ်ပူကြည့်နေချင်တယ်။
လူတွေက တစ်ခါတစ်ခါလဆန်းလိုက် တစ်ခါတစ်ခါ လဆုတ်လိုက်နဲ့ သူတို့ရဲ့စိတ်ဒီရေက အတက်အကျ ရှုပ်လွန်းတော့လည်း (ကိုယ့်သင်္ဘောကိုယ်) ဘယ်လို ခုတ်မောင်းရမှန်း မသိတော့ပြန်ဘူး။
ချော်လဲရောထိုင် ကြေကွဲတတ်သူတွေ မလာရ ငါ့ ဈပနကို ငါတစ်ယောက်တည်းချမယ်။
လောလောဆယ်မှာ လိုလိုမည်မည် ငါစဉ်းစားကြည့်နေမိတာကတော့ အခုတည်ခင်းတဲ့ ညစာကို နာမည် ဘယ်လိုပေးရင်ကောင်းမလဲဆိုတာကိုပဲ။
လက်ဆောင်
(၁) လမ်းပေါ်မှာ လူတွေတွေ့တိုင်း လိုက်ပြီးမေးကြည့်ရဦးမယ် ချစ်တယ် ဆိုတာ ကိုယ့်ကိုယ်ကို သတ်သေတဲ့ နည်းတစ်မျိုးလား...လို့။ (၂) ငါက...မီးခိုးရောင် ခပ်များများနဲ့ကောင်ပါ (ဘ၀မှာ မှောင်ရတာတွေပဲ များတယ်) ... လိုအပ်ရင် မင်းကို အိပ်မက်တစ်ဆင်စာနဲ့ တင်တောင်းနိုင်တာကလွဲလို့ အရာရာချို့တဲ့ ဘာဆိုဘာမှမဟုတ်တဲ့ ငနဲပေါ့။ (၃) တကယ်ပါ... မင်းအတွက်တော့ ငါဟာ ဘာမှမဟုတ်ပါဘူး။ ... ဒါပေမယ့် အဲဒီ ဘာမှမဟုတ်ဘူး ကိုပဲ ငါ သေသေချာချာ သိမ်းဆည်းထားတယ် မင်းကိုသတိရတဲ့အခါ မကြာမကြာ ထုတ် ထုတ်ကြည့်ချင်လို့။ (၄) လှောင်ရယ်သံတစ်ဝက်နဲ့ ခါးသက်သက်ပြုံးတတ်တဲ့ ငါရဲ့ ချစ်လှစွာသော ကော်ဖီမလေးရေ... ... ငါ ပိုင်ဆိုင်တဲ့အရာကို မင်းကိုလက်ဆောင် မပေးရက်ခဲ့ပါဘူးကွဲ့။ (၅) ငါ့မှာ မျက်ရည်ခံ မှဲ့တစ်လုံးရှိတယ်။ အိမ်မက်ထဲမှာရွာတဲ့မိုး
ကောင်မလေးရ... ငါ့အလွမ်းတွေစိုထိုင်း မိုးငွေ့သယ်တဲ့တိမ်တွေလို မှိုင်းနေလိုက်တဲ့ပုံ မုတ်သုန်လေ တစ်ချက်တိုက်ရုံနဲ့ ငိုတော့်မယ်....
ကမ်းရိုးတန်းလို ရင်ခွင်မှာ စိုလက် ပင်လယ်ဖက်ဆီက သတိရခြင်းတွေတက်လာတယ်.... ဟောဒီတစ်သက်မှာ ဘယ်တော့မှ အိမ်မက်မမက်ဘူးတဲ့ကောင် အခုတော့ အလွမ်းတွေနဲ့ မှောင်လို့ ကယောင် ကတမ်း ညဉ်းရင်းလန့်နိုး မုန်တိုင်းက မင်းနာမည်ကို ခိုးသွားတယ်...
အဲ့သည် တစ်စုံတစ်ရာသောမိုးလေ ငါ့ကမ်းခြေအလွန်မှာ ရွာသွန်း အလွမ်းက ထွက်တဲ့သွေးတွေနဲ့ အိမ်မက်တစ်ခုလုံးစွန်းသွားတယ်၊၊
အားလုံးပဲခံစားပျော်ရွင်နိုင်ပါစေ........
|
|