မြှားနတ်မောင်
မြှားနတ်မောင် (အချစ်နှင့် ခံစားမှုသီးသန့်) ဖိုရမ်အား လာရောက်လည်ပတ်ပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်။ ဖိုရမ်တွင်းဝင်ရောက်လိုပါက log in ကို click နှိပ်ပေးခြင်းဖြင့်လည်းကောင်း၊ အသင်းသားအဖြစ် မှတ်ပုံတင်လိုပါက Register ကို click နှိပ်ခြင်းဖြင့် လည်းကောင်း၊ ဧည့်သည်တော်အနေဖြင့် အသုံးပြုလိုပါက Do not display again ကိုနှိပ်၍ လည်းကောင်းအသုံးပြုနိုင်ပါသည်။

Would you like to react to this message? Create an account in a few clicks or log in to continue.
မြှားနတ်မောင်

email အသုံးပြုရန်email အသုံးပြုရန်  HomeHome  Portal*Portal*  GalleryGallery  Latest imagesLatest images  RegisterRegister  Log in  email အသုံးပြုရန်email အသုံးပြုရန်  
"မြှားနတ်မောင်(အချစ်နှင့် ခံစားမှုသီးသန့်) ဖိုရမ်အား လာရောက်လည်ပတ်ပေးတဲ့ Guest တစ်ယောက် ကိုယ် စိတ် နှလုံး သုံးပါးလုံး ရွှင်လန်းချမ်းမြေ့ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးပါတယ်ခင်ဗျာ။"
Log in
Username:
Password:
Log in automatically: 
:: I forgot my password
ဧည်သည်တော်အတွက်လမ်းညွှန်
ဖိုရမ်စာမျက်နှာများ
ဖိုရမ်ရေးသားချက်များသို့ ၀င်ရန်

ရေးသားချက်အသစ်များ
» နဲနဲလေးတွေးရအောင် .....
ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Empty2nd August 2013, 10:23 pm by

» မင်းအတွက်....
ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Empty2nd August 2013, 10:15 pm by

» ကျွန်မကတော့
ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Empty31st July 2013, 11:49 pm by

» အချစ်ဟာတစ်ခါတစ်လေ ပူလောင်တတ်လား?
ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Empty25th May 2013, 4:44 pm by

» အချစ်ကိုခံစားဖူးသူတွေအတွက်..
ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Empty25th May 2013, 4:36 pm by

» စရိုက်များတဲ့ ဘဝစာမျက်နှာ
ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Empty23rd December 2012, 1:20 am by

» ရှားတော့မယ်ထင်ပါရဲ့
ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Empty30th July 2012, 12:28 am by

» အချစ်ဆိုတာ
ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Empty27th May 2012, 4:41 pm by

» သူငယ်ချင်းအားလုံးဘဲ မင်္ဂလာပါ
ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Empty27th May 2012, 3:44 pm by

ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ...

View previous topic View next topic Go down 
Author Message
ဇေလေး
ရင့်ကျက်စအရွယ်
ရင့်ကျက်စအရွယ်

လိင်(ကျား/မ) : Male Taurus ရေးသားချက်ပေါင်း : 131
ရမှတ်ပေါင်းမှာ : 194
ရေးသားချက် သဘောကျခံရမှု : 2
ဖိုရမ် ပြိုင်ပွဲများမှ ဆုရရှိမှုများ : ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Empbar10
မှတ်ပုံတင်သည့်နေ့ : 2009-05-12
အသက် : 37
တည်နေရာ : တစ်နေရာရာပေါ့
အလုပ်အကိုင်/၀ါသနာ : ကွန်ပျူတာနဲ့ နပန်းလုံးနေရခြင်း...

ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Vide
PostSubject: ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ...   ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Empty16th May 2009, 5:45 pm

အသက်သည် အိပ်မက်

အသက်သည် အိပ်မက်
အိပ်မက်သည် သူ
သူသည် အသက်ဖြစ်စေ။
ဆောင်းနှောင်းလျှင် နွေဦး၏
နွေဦး၌ နှင်းကြွင်းသည်
နှင်းကြွင်းပြယ်သော်လည်း
သစ္စာကြွင်းစေ
မြတ်နိုးခြင်းကြွင်းစေ ... ။ ။

သျှပ်မှူးကျော် (ထူးအိမ်သင်)
Back to top Go down
http://www.zaylayworld.blogspot.com
ဇေလေး
ရင့်ကျက်စအရွယ်
ရင့်ကျက်စအရွယ်

လိင်(ကျား/မ) : Male Taurus ရေးသားချက်ပေါင်း : 131
ရမှတ်ပေါင်းမှာ : 194
ရေးသားချက် သဘောကျခံရမှု : 2
ဖိုရမ် ပြိုင်ပွဲများမှ ဆုရရှိမှုများ : ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Empbar10
မှတ်ပုံတင်သည့်နေ့ : 2009-05-12
အသက် : 37
တည်နေရာ : တစ်နေရာရာပေါ့
အလုပ်အကိုင်/၀ါသနာ : ကွန်ပျူတာနဲ့ နပန်းလုံးနေရခြင်း...

ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Vide
PostSubject: Re: ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ...   ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Empty16th May 2009, 5:46 pm

ပါပီလွန်

သမုဒ္ဒရာကြီးထဲမှာ
မပြောပလောက်တဲ့ ကျွန်းကလေးတစ်ကျွန်း

အဲဒီ ကျွန်းကလေးတစ်ကျွန်းပေါ်မှာ
အပ်ဖျားတစ်ထောက်စာ အစက်ကလေးတစ်စက်

အဲဒီအစက်လေးထဲမှာတော့
စကြ၀ဠာထက်ကြီးတဲ့
အလျှံရဲရဲ လွတ်မြောက်လိုစိတ်တွေ။ ။

နွယ်စိမ်းဝေ
နွယ်နီမဂ္ဂဇင်း
Back to top Go down
http://www.zaylayworld.blogspot.com
ဇေလေး
ရင့်ကျက်စအရွယ်
ရင့်ကျက်စအရွယ်

လိင်(ကျား/မ) : Male Taurus ရေးသားချက်ပေါင်း : 131
ရမှတ်ပေါင်းမှာ : 194
ရေးသားချက် သဘောကျခံရမှု : 2
ဖိုရမ် ပြိုင်ပွဲများမှ ဆုရရှိမှုများ : ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Empbar10
မှတ်ပုံတင်သည့်နေ့ : 2009-05-12
အသက် : 37
တည်နေရာ : တစ်နေရာရာပေါ့
အလုပ်အကိုင်/၀ါသနာ : ကွန်ပျူတာနဲ့ နပန်းလုံးနေရခြင်း...

ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Vide
PostSubject: Re: ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ...   ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Empty16th May 2009, 5:46 pm

လေကိုရှုရှိုက်ခြင်း ဒုတိယပုံစံ

အဲသလိုနဲ့ ...
သန်းပေါင်းလေးထောင်ထဲမှာ
ခင်ဗျားဟာ နံပါတ်ဘယ်လောက်ဖြစ်ခဲ့ပါသလဲ။

လောကမှာ ...
လူတွေများတယ်
ဖိနပ်တွေများတယ်
ကာဘွန်ဒိုင်အောက်ဆိုဒ်ဓါတ်တွေများတယ်။

လူဆိုတာ ...
ဘောင်းဘီဝတ်တယ်
အမဲသားစားတယ်
အိမ်ထောင်ပြုတယ်
စီးကရက်သောက်တယ်
(ကိုယ်မလုပ်တဲ့ အလုပ်တစ်ချို့ပေါ့)

လူဆိုတာ ...
သတင်းစာဖတ်တယ်
ပိရမစ်ဆောက်တယ်
စပါးစိုက်တယ်
အာကာသထဲမှာ လမ်းလျှောက်တယ်
(ကိုယ်မလုပ်တဲ့ အလုပ်တစ်ချို့ပေါ့)

လူဆိုတာ ...
အကုသိုလ်ကို အကြွေးဝယ်နိုင်တယ်
လေခွန်မဆောင်ရဘူး
သေရင် သင်္ချိုင်းရှိတယ်။

သင်ဟာ ...
အောက်စီဂျင်နဲ့ ထိုက်တန်ပါရဲ့လား။ ။

သစ္စာနီ
Back to top Go down
http://www.zaylayworld.blogspot.com
ဇေလေး
ရင့်ကျက်စအရွယ်
ရင့်ကျက်စအရွယ်

လိင်(ကျား/မ) : Male Taurus ရေးသားချက်ပေါင်း : 131
ရမှတ်ပေါင်းမှာ : 194
ရေးသားချက် သဘောကျခံရမှု : 2
ဖိုရမ် ပြိုင်ပွဲများမှ ဆုရရှိမှုများ : ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Empbar10
မှတ်ပုံတင်သည့်နေ့ : 2009-05-12
အသက် : 37
တည်နေရာ : တစ်နေရာရာပေါ့
အလုပ်အကိုင်/၀ါသနာ : ကွန်ပျူတာနဲ့ နပန်းလုံးနေရခြင်း...

ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Vide
PostSubject: Re: ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ...   ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Empty16th May 2009, 5:47 pm

နှစ်ဆန်း(၂)ရက်

မနှစ်ကလိုပဲ
ဘာစလုပ်ရမှန်း မသိလို့
ရေအရင်ချိုးထားလိုက်တယ်။
ကိုယ့်စာသားများ
စိုင်းထီးဆိုင် သီချင်းအလိုက်နဲ့
လေချွန်နေမိ။
နှစ်သစ်စိတ်ကူးလိပ်ပြာလေး
သီချင်းအဆုံးမှာ
ဖျပ်ခနဲ ထိုးကျသွားပြီ။
မှိတ်ထားတဲ့ မျက်ဝန်းလေး
ပြန်ပွင့်ပြီ။
လွှင့်ထားတဲ့ လေတံခွန်လေး
ပြန်ကျသွားပြီ
ဒီနှစ်
ဒုက္ခက ဒီကစတယ်
ယာဉ်စီးခနှစ်ဆနဲ့။

ကိုရွေး
(စတိုင်သစ်၊ ဇွန်လ၊ ၂၀၀၇)
Back to top Go down
http://www.zaylayworld.blogspot.com
ဇေလေး
ရင့်ကျက်စအရွယ်
ရင့်ကျက်စအရွယ်

လိင်(ကျား/မ) : Male Taurus ရေးသားချက်ပေါင်း : 131
ရမှတ်ပေါင်းမှာ : 194
ရေးသားချက် သဘောကျခံရမှု : 2
ဖိုရမ် ပြိုင်ပွဲများမှ ဆုရရှိမှုများ : ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Empbar10
မှတ်ပုံတင်သည့်နေ့ : 2009-05-12
အသက် : 37
တည်နေရာ : တစ်နေရာရာပေါ့
အလုပ်အကိုင်/၀ါသနာ : ကွန်ပျူတာနဲ့ နပန်းလုံးနေရခြင်း...

ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Vide
PostSubject: Re: ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ...   ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Empty16th May 2009, 5:47 pm

အိမ်ကွင်း

အခန်းထဲမှာ
ခြေရည်တူ အထီးကျန်မှု
အပြင်မှာ
ဒန်ဝယ်တယ်
ကြေးဝယ်တယ်၊ သတ္တုဝယ်တယ်
ဗလာစာအုပ်ဝယ်တယ်
ကဗျာစာအုပ်မ၀ယ်ဘူး။
ဒီလောက်ထိ ဟောင်းနေရအောင်
အရင်ညက အကြောင်းလည်းမဟုတ်ခဲ့
တစ်နေ့ခင်းလုံး
ဂိုးသမားမရှိတာတောင်
ငါ့ဆီမှာ ဘောလုံးလည်းမရှိဘူး။

အောင်ခိုင်မြတ်

ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... User_offline

ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Reputation
vbrep_register("62763")

ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Report

ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Quote
Back to top Go down
http://www.zaylayworld.blogspot.com
ဇေလေး
ရင့်ကျက်စအရွယ်
ရင့်ကျက်စအရွယ်

လိင်(ကျား/မ) : Male Taurus ရေးသားချက်ပေါင်း : 131
ရမှတ်ပေါင်းမှာ : 194
ရေးသားချက် သဘောကျခံရမှု : 2
ဖိုရမ် ပြိုင်ပွဲများမှ ဆုရရှိမှုများ : ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Empbar10
မှတ်ပုံတင်သည့်နေ့ : 2009-05-12
အသက် : 37
တည်နေရာ : တစ်နေရာရာပေါ့
အလုပ်အကိုင်/၀ါသနာ : ကွန်ပျူတာနဲ့ နပန်းလုံးနေရခြင်း...

ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Vide
PostSubject: Re: ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ...   ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Empty16th May 2009, 5:48 pm

မိသားစု

ဘီယာဆိုင်က
ဆူညံနေတဲ့ ကောင်းကင်ဘုံဆို
ငါ့မိသားစုက
တိတ်ဆိတ်နေတဲ့ ငရဲဘုံပေါ့။
တဒီးဒီး သစ်စက်က
လွှသွားနဲ့ မျက်နှာသစ်ရသလို
နေ့တစ်နေ့ကို မျက်နှာသစ်ရမှာကို လန့်တယ်။
မိုးလင်းတာနဲ့
ငါ့ကို ၀င်တိုက်တာ
ငါ့မိန်းမရဲ့အသံပဲ
သံတုံးသံခဲလို
အလင်းရောင်ကို မျိုချ
မသေချာခြင်းကို
အသေအချာစီးပြီးထွက်ခဲ့
အနာအဆာမလွတ်တဲ့ဘဝ
ဘယ်ဂြိုဟ်တုက စိတ်ဝင်စားမှာလဲကိုယ့်လူ
လင်းဆွဲလို
အဝေးက ကောင်းကင်ပြိုမှာထက်
အနီးက
မြေပြိုမှာကို ကြောက်နေရတဲ့နေ့တွေ
များလှပေါ့။ ။

ခရမ်းပြာထက်လူ
Back to top Go down
http://www.zaylayworld.blogspot.com
ဇေလေး
ရင့်ကျက်စအရွယ်
ရင့်ကျက်စအရွယ်

လိင်(ကျား/မ) : Male Taurus ရေးသားချက်ပေါင်း : 131
ရမှတ်ပေါင်းမှာ : 194
ရေးသားချက် သဘောကျခံရမှု : 2
ဖိုရမ် ပြိုင်ပွဲများမှ ဆုရရှိမှုများ : ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Empbar10
မှတ်ပုံတင်သည့်နေ့ : 2009-05-12
အသက် : 37
တည်နေရာ : တစ်နေရာရာပေါ့
အလုပ်အကိုင်/၀ါသနာ : ကွန်ပျူတာနဲ့ နပန်းလုံးနေရခြင်း...

ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Vide
PostSubject: Re: ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ...   ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Empty16th May 2009, 5:48 pm

ဆာမူရိုင်းသီချင်း

ငါ့မှာ အမိုးမရှိတုန်းက
ရဲတင်းခြင်းကို ငါ အမိုးလုပ်ခဲ့တယ်။
ငါ့မှာ ညဥ့်နက်စာမရှိခဲ့တုန်းက
ငါ့မျက်လုံးတွေဟာ ညစာစားသောက်ခဲ့ကြတယ်။

ငါ့မှာ မျက်စိ မရှိခဲ့တုန်းက
ငါ နားစွင့်ခဲ့တယ်။
ငါ့မှာ နားမရှိခဲ့တုန်းက
ငါ စဉ်းစားတွေးခေါ်ခဲ့တယ်။
ငါ့မှာ စဉ်းစားတွေးခေါ်မှု မရှိခဲ့တုန်းက
ငါ စောင့်နေခဲ့တယ်။

ငါ့မှာ အဖေမရှိခဲ့တုန်းက
စောင့်ရှောက်ခြင်းက ငါ့အဖေလုပ်ခဲ့တယ်။
ငါ့မှာ အမေမရှိခဲ့တုန်းက
စည်းစနစ်ရှိခြင်းကို ငါ ထွေးပွေ့ ခဲ့တယ်။

ငါ့မှာ မိတ်ဆွေ မရှိခဲ့တုန်းက
တိတ်ဆိတ်မှုဟာ ငါ့မိတ်ဆွေ။
ငါ့မှာ ရန်သူ မရှိတုန်းက
ငါ့ကိုယ်ခန္ဓာ ငါ ပြန်ဆန့်ကျင်ခဲ့တယ်။

ငါ့မှာ ၀တ်ပြုကျောင်း မရှိခဲ့တုန်းက
ငါ့စကားသံဟာ ငါ ၀တ်ပြုရာကျောင်း။
ငါ့မှာ ဘုန်းတော်ကြီးမရှိ
ငါ့လျှာဟာ ဓမ္မတေးသံစုံအဖွဲ့ ။

ငါ့မှာ ငွေကြေး မရှိခဲ့တုန်းက
ကံကြမ္မာဟာ ငါ့ငွေကြေး။
ငါ့မှာ ဘာတစ်ခုမှ မရှိခဲ့တုန်းက
သေခြင်းတရားဟာ ငါ့ကြွယ်ဝမှု။

လိုအပ်ချက်ဟာ ငါ့နည်းဗျူဟာ
သံယောဇဉ်ကင်းခြင်းဟာ ငါ့ မဟာဗျူဟာ။
ချစ်သူရည်းစား မရှိခဲ့တုန်းက
ငါ့အိပ်စက်ခြင်းကိုပဲ ငါပိုးပန်းခဲ့တယ်။

[Samurai song....ရောဘတ် ပင်စကီး (Robert Pinsky)]

ဇေယျာလင်းဘာသာပြန်ဆိုသည်
Back to top Go down
http://www.zaylayworld.blogspot.com
ဇေလေး
ရင့်ကျက်စအရွယ်
ရင့်ကျက်စအရွယ်

လိင်(ကျား/မ) : Male Taurus ရေးသားချက်ပေါင်း : 131
ရမှတ်ပေါင်းမှာ : 194
ရေးသားချက် သဘောကျခံရမှု : 2
ဖိုရမ် ပြိုင်ပွဲများမှ ဆုရရှိမှုများ : ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Empbar10
မှတ်ပုံတင်သည့်နေ့ : 2009-05-12
အသက် : 37
တည်နေရာ : တစ်နေရာရာပေါ့
အလုပ်အကိုင်/၀ါသနာ : ကွန်ပျူတာနဲ့ နပန်းလုံးနေရခြင်း...

ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Vide
PostSubject: Re: ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ...   ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Empty16th May 2009, 5:49 pm

ဟိုယွန်မီကို သနားတယ်

အမြဲတမ်း တွန့်ကြေနေတဲ့ စိတ်ရယ်
ဘရိတ်ဓါးလို ပါးပါးလျားလျားရှိသလောက်
ပိပိရိရိ ဖြတ်တောက်နိုင်စွမ်းတဲ့ နှုတ်ခမ်းရယ်
လမ်းမကြီးကို ငေးကြည့်နေတုန်းမှာပဲ
ဧည့်ခန်းထဲက တစ်ယောက်ယောက်ထံ
အကောက်ကြံဖို့
ခလောက်ဆန်နေတဲ့ မျက်ဝန်းရယ်
ရယ်ရွှန်းဖတ်ရွှန်းတွေ ပြောနေရင်းမှာပဲ
မျောက်မင်းအူသံ တီးလုံးကို ဖျတ်ခနဲပြောင်း
ပြီးတော့ ရင်ဘတ်စည်တီး လွမ်းပြ
သည်လိုနဲ့ ဇာတ်ခေါင်းကွဲခဲ့ကြပေါင်း များပြီ။

သူမရဲ့ ကြန်အင်အသီးသီးဟာ
ဂန္တ၀င် ဟစ်စတီးရီးယားစရိုတ်လား
ဆိုက်ကိုနျူရိုးဆစ်ဝေဒနာမျိုးလား
လိင်စိတ် နိုးကြွလွန်းတာပဲလား
စိတ်ခွဲပညာရှင် 'ဖရွိုက်' တောင်မှ
သူမရဲ့ အမှောင်စိတ် (အနီး) မှာ
ချောင်ပိတ်ပြီး အငိုက်မိသွားနိုင်တယ်။
စိတ်အရောင် ခဏခဏ ပြောင်းနေတဲ့
ခုနှစ်ထွေအက ဆန်းဆန်းမှာတော့
ပထမတန်းစား သရုပ်ဆောင်တစ်ယောက်ပေါ့
သူမရဲ့ အမှောင်ချောက်ထဲက
ပြောင်မြောက်တဲ့ ထိုးဇာတ်အခင်းအကျင်းကို
မိုးနတ်မင်းကြီး ငုံ့ကြည့်နေတယ်လေ

မောင်ခိုင်မာ
Back to top Go down
http://www.zaylayworld.blogspot.com
ဇေလေး
ရင့်ကျက်စအရွယ်
ရင့်ကျက်စအရွယ်

လိင်(ကျား/မ) : Male Taurus ရေးသားချက်ပေါင်း : 131
ရမှတ်ပေါင်းမှာ : 194
ရေးသားချက် သဘောကျခံရမှု : 2
ဖိုရမ် ပြိုင်ပွဲများမှ ဆုရရှိမှုများ : ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Empbar10
မှတ်ပုံတင်သည့်နေ့ : 2009-05-12
အသက် : 37
တည်နေရာ : တစ်နေရာရာပေါ့
အလုပ်အကိုင်/၀ါသနာ : ကွန်ပျူတာနဲ့ နပန်းလုံးနေရခြင်း...

ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Vide
PostSubject: Re: ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ...   ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Empty16th May 2009, 5:49 pm

သက်တံ့မြစ်

ညနေခင်းတစ်ခု
မိုးစဲလင်းပွင့် ကောင်းကင်မှာ
ဟာ ....
လှလိုက်တဲ့ သက်တံ့ကြီးတစ်စင်း
စီးဆင်းနေတာတွေ့တယ်။

ရုတ်တရက်ပဲ
ငါကြေကွဲခဲ့ရပေါ့။

ဘဝဆိုတာ
သက်တံ့လိုပါလား ...

ရှိတော့ရှိရဲ့
ဒါပေမယ့်
အရှိမဲ့ ။ ။

ထူးအိမ်သင်
Back to top Go down
http://www.zaylayworld.blogspot.com
ဇေလေး
ရင့်ကျက်စအရွယ်
ရင့်ကျက်စအရွယ်

လိင်(ကျား/မ) : Male Taurus ရေးသားချက်ပေါင်း : 131
ရမှတ်ပေါင်းမှာ : 194
ရေးသားချက် သဘောကျခံရမှု : 2
ဖိုရမ် ပြိုင်ပွဲများမှ ဆုရရှိမှုများ : ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Empbar10
မှတ်ပုံတင်သည့်နေ့ : 2009-05-12
အသက် : 37
တည်နေရာ : တစ်နေရာရာပေါ့
အလုပ်အကိုင်/၀ါသနာ : ကွန်ပျူတာနဲ့ နပန်းလုံးနေရခြင်း...

ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Vide
PostSubject: Re: ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ...   ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Empty16th May 2009, 5:50 pm

ကိုင်းခြောက်

လေးနဲ့မြှားဟာ
ခြောင်းမြောင်းပစ်ခတ်ဖို့ တီထွင်ခဲ့တာပဲ
လူတွေရဲ့ မျက်လုံးများက လေးလိုမြှားလို။

ကျွန်တော် ဆိုနေကျသီချင်းက
အချစ်ရေး အဆင်မပြေခဲ့ဘူး
ထွေးထုတ်ခဲ့သော တံထွေးများ အဆင်ပြေနေ
ဒိုင်ယာရီထဲ ကြေမွခဲ့အိပ်မက်များနဲ့
နှလုံးသားရဲ့ အကြည်ဓါတ်တစ်ခု
ဟင်္သာမလေး မရှိတော့တဲ့အခါ
တံခါးရွက်က ပတ္တာတွေဖြုတ်ပစ်မယ်။

မေမေ…
ပြောင်းဖူးစေ့ လက်တစ်ဆုပ် ပက်ကျဲချလိုက်တာနဲ့
ခိုတွေ အုပ်ဖွဲ့ပြိုကျလာတာ
ကျွန်တော် ၀မ်းနည်းတယ်
ဘ၀ဆိုတာ အဲဒီလိုကြီးလို့
ထင်မှ မထားခဲ့တာ။ ။

ရိုးသက်
(Heart - အောက်တိုဘာ၊၂၀၀၃)
Back to top Go down
http://www.zaylayworld.blogspot.com
ဇေလေး
ရင့်ကျက်စအရွယ်
ရင့်ကျက်စအရွယ်

လိင်(ကျား/မ) : Male Taurus ရေးသားချက်ပေါင်း : 131
ရမှတ်ပေါင်းမှာ : 194
ရေးသားချက် သဘောကျခံရမှု : 2
ဖိုရမ် ပြိုင်ပွဲများမှ ဆုရရှိမှုများ : ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Empbar10
မှတ်ပုံတင်သည့်နေ့ : 2009-05-12
အသက် : 37
တည်နေရာ : တစ်နေရာရာပေါ့
အလုပ်အကိုင်/၀ါသနာ : ကွန်ပျူတာနဲ့ နပန်းလုံးနေရခြင်း...

ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Vide
PostSubject: Re: ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ...   ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Empty16th May 2009, 5:50 pm

မင်းတို့ငါတို့ရဲ့ အနုပညာ

အချိုမကြိုက်တဲ့ ငါ့ဦးခေါင်းက
လာသမျှအနံ့အသက်ကို တောက်ထုတ်ပစ်တယ်
အတိတ်ဆိုတာ
သောက်လက်စ အရက်ခွက်ရဲ့ တစ်ဝက်ကုန်ခမ်းနေမှုပဲ
ဒီသီချင်းနဲ့ လျှပ်စစ်ကိုဖြတ်ပြီး မစီးဆင်းစေနဲ့တော့
လေထုထဲက ရေခိုးရေငွေ့လိုပဲ
မမြင်ရတဲ့ဒုက္ခဟာ ငွေ့ရည်ဖွဲ့ပြီး ငါတို့ဆီလာမယ်
စိတ်ကိုအမိုးဖွင့်ထားတဲ့ ကားလို
လေတဖြူးဖြူး အတိုက်ခံလို့
အကိုင်းအခက်အသစ်ဆီ ချိုးကွေ့မယ်
ဘာကြောင့် ယောက်ယက်ခတ်စရာလိုမလဲ
အနုပညာဆိုတာ
အမဲလိုက်ခွေးရှေ့က သားကောင်လို
ဗြောင်းဆန်အောင် ရွေ့လျားနေဖို့မှ မဟုတ်တာ
မင်းခါချလိုက်တဲ့ချွေးတစ်စက်တည်းပဲ ဖြစ်ပစေ
အသံမြည်စေရမယ်
ဒီသီချင်းနဲ့ လျှပ်စစ်ကိုဖြတ်ပြီး စီးဆင်းပစေတော့
ကုက္ကိုပင်ပေါ်က ကုက္ကိုသီးတွေလို
အလဟဿ သီးပွင့်မှုမှာ
မင်းနာမည် မပါပါစေနဲ့။ ။

မောင်ဖီလာ
ရုပ်ရှင်အမြုတေ၊ ၂၀၀၃ ခုနှစ်၊ သြဂုတ်လ
Back to top Go down
http://www.zaylayworld.blogspot.com
ဇေလေး
ရင့်ကျက်စအရွယ်
ရင့်ကျက်စအရွယ်

လိင်(ကျား/မ) : Male Taurus ရေးသားချက်ပေါင်း : 131
ရမှတ်ပေါင်းမှာ : 194
ရေးသားချက် သဘောကျခံရမှု : 2
ဖိုရမ် ပြိုင်ပွဲများမှ ဆုရရှိမှုများ : ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Empbar10
မှတ်ပုံတင်သည့်နေ့ : 2009-05-12
အသက် : 37
တည်နေရာ : တစ်နေရာရာပေါ့
အလုပ်အကိုင်/၀ါသနာ : ကွန်ပျူတာနဲ့ နပန်းလုံးနေရခြင်း...

ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Vide
PostSubject: Re: ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ...   ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Empty16th May 2009, 5:51 pm

လှေခါးထောင့်ကျဉ်း

လရောင်မြှားတဲ့ ညအတုလို အမှောင်ထဲမှ ခံစားချက်များ
အရိပ်မထွက်ရ
ညစ်ပတ်နံစော်နေသောဝါကျများ မထွေးရ။
သံယောဇဉ် မငြိမ်းသော ဆေးလိပ်တို မပစ်ရ။
ခွေးလေခွေးလွင့်များနှင့် အမူးလွန်သူများ
တွားတက်မလာရ။ မအိပ်ရ၊ မအန်ရ။
ခါးပိုက်နှိုက်များ. . .ပိုက်ဆံအိတ်နှင့် မှတ်ပုံတင်ကဒ်တွေ
လာမပစ်ရ။
အိပ်မက်နှင့်မတော်သောဦးထုပ်များ မဆောင်းရ။
ရှုခင်းမလှဘဲ အတွဲများများ မချိန်းရ။
မြို့ကြီးပြကြီးဆန်စွာ
မီးစက်သံနှင့် ဥပေက္ခာတရားများ ပဲ့တင်မထပ်ရ။
ငွေကြေးခ၀ါချထားသော ကုတ်အင်္ကျီအဟောင်းကြီး
မ၀တ်ရ။
အထက်တက်မှာလား . . .။အောက်ဆင်းမှာလား. . .။
အထက်မရောက်အောင် မရောက်စိတ်ကူးများ မွေးစား
မထားရ။
မူးယစ်ဆေးဝါးမသုံးစွဲရ။
တခါသုံးအပ်နှင့် တစ်ခါသုံးအတွေးအခေါ်များ ပစ်ချမထားရ။
လယ်ကွင်းနှင့်ကျေးငှက်များကို မလွမ်းရ။
ကျောက်စီဓားနှင့်မိုးကောင်းကင်ကို မတမ်းတရ။
ပင်လယ်နှင့်ဒီရေကို မငတ်မွတ်ရ။
အဓိကအားဖြင့်
ခုနှစ်လွှာထပ် လှေခါးထောင့်ကျဉ်းသည်
ကျိန်စာအလိုနှင့်ဆန့်ကျင်ပြီး
ဦးထုပ်ဆောင်းပြီး
ကုတ်အင်္ကျီနှင့် ဂျင်းဘောင်းဘီဝတ်ပြီး
ပလက်ဖောင်းပေါ် ဆင်းမသွားရ။ ။

နိုင်မွန်အောင်သွင်
Beauty ၊ ၂၀၀၇၊ ဒီဇင်ဘာ
Back to top Go down
http://www.zaylayworld.blogspot.com
ဇေလေး
ရင့်ကျက်စအရွယ်
ရင့်ကျက်စအရွယ်

လိင်(ကျား/မ) : Male Taurus ရေးသားချက်ပေါင်း : 131
ရမှတ်ပေါင်းမှာ : 194
ရေးသားချက် သဘောကျခံရမှု : 2
ဖိုရမ် ပြိုင်ပွဲများမှ ဆုရရှိမှုများ : ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Empbar10
မှတ်ပုံတင်သည့်နေ့ : 2009-05-12
အသက် : 37
တည်နေရာ : တစ်နေရာရာပေါ့
အလုပ်အကိုင်/၀ါသနာ : ကွန်ပျူတာနဲ့ နပန်းလုံးနေရခြင်း...

ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Vide
PostSubject: Re: ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ...   ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Empty16th May 2009, 5:51 pm

တလွဲဖတ်ခြင်းများ

"အေး၊ မင်းတို့ဟာ မျိုးဆက်တုံးလမ်းပဲ"
ဂါးထရုဒ်စတိုင်းန်က ဟဲမင်းဝေးကို အဲသလိုပြောခဲ့တယ်
တကယ်ပြောခဲ့တာက
"You are the lost generation"
[မင်း(တို့)ဟာ လမ်းပျောက်မျိုးဆက်ပဲ]
ဒါတောင် ထပ်မှားဖတ်သေးတယ်
"You are the last generation"
မင်းတို့ဟာ နောက်ဆုံးမျိုးဆက်ပဲ
မဟုတ်သေးပါဘူး ... ဆိုပြီး
ရောဘတ်ဖရော့စ်တ်ကို ပြောင်းဖတ်တယ်
"Poetry is what is lost in translation"
ဘာသာပြန်ဆိုတာ ကဗျာထဲပျောက်သွားတဲ့အရာပေါ့
တကယ်က
[ကဗျာဆိုတာ ဘာသာပြန်ထဲ ပျောက်သွားတဲ့အရာ]
ပြီးတော့ရှိသေးတယ်၊ အာနက်စ်ဟဲမင်းဝေးပြောခဲ့တာ
"Man can be destroy, but not defated"
လုပ်ချလိုက်တာ ဟောသလို
"လူကို အနိုင်ပိုင်းလို့ရမယ့်၊ ချေမှုန်းလို့တော့ မရဘူး"
ဘယ်လိုလုပ်ကြမလဲ၊ ဘယ်လိုလုပ်ကြတော့မှာလဲ
အဲသလို အဲသလိုတွေ တလွဲဖတ်နေတာ
(ဆရာနိုးတော့ ဆဲရော့လိမ့်)
ပြီး ... ဟိုဘယ်သူလဲ ... ရူးဆိုးလား
ဟို ပြင်သစ်က ဟိုဟာကောင်ကွာ
"Man is born free, but every where
He is in chains"
"လူဟာ မွေးကတည်းက လစ်လပ်တယ်၊ ဒါပေမယ့်
ကြည့်စမ်း၊ သူ့မှာ ဟန်းချိန်းတွေ ဘာတွေနဲ့ " တဲ့ ... ။

ဇေယျာလင်း
Back to top Go down
http://www.zaylayworld.blogspot.com
ဇေလေး
ရင့်ကျက်စအရွယ်
ရင့်ကျက်စအရွယ်

လိင်(ကျား/မ) : Male Taurus ရေးသားချက်ပေါင်း : 131
ရမှတ်ပေါင်းမှာ : 194
ရေးသားချက် သဘောကျခံရမှု : 2
ဖိုရမ် ပြိုင်ပွဲများမှ ဆုရရှိမှုများ : ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Empbar10
မှတ်ပုံတင်သည့်နေ့ : 2009-05-12
အသက် : 37
တည်နေရာ : တစ်နေရာရာပေါ့
အလုပ်အကိုင်/၀ါသနာ : ကွန်ပျူတာနဲ့ နပန်းလုံးနေရခြင်း...

ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Vide
PostSubject: Re: ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ...   ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Empty16th May 2009, 5:52 pm

ငါး

ငါးအသေကောင် လိုချင်ရင်
ဈေးမှာဝယ်ပါ

ကြောက်လန့်နေတဲ့ ငါးတစ်ကောင်လိုချင်ရင်
ပိုက်ကွန်တွေနဲ့ ဖမ်းပါ

ဒဏ်ရာရနေတဲ့ ငါးတစ်ကောင်လိုချင်ရင်
ငါမျှားချိတ်မှာ အစာတပ်ပြီး မျှားပါ

အရုပ်နဲ့တူတဲ့ ငါးတစ်ကောင်လိုချင်ရင်
မှန်တွေနဲ့ လုပ်ထားတဲ့ ရေကန်အတုထဲမှာ မွေးပါ

ငါးအစစ်တစ်ကောင် လိုချင်ရင်တော့
ကျောက်ဆောင်တစ်ခုလို ရပ်နေပါ

ရင်ဘတ်ကို ဖွင့်ထားပါ
လမ်းမှားလာတဲ့ ငါးအစစ်တစ်ကောင်က
မင်းရဲ့ နှလုံးသားကိုတောင်
ဝင်ပြီး တိုးခွေ့သွားလိမ့်မှာ

အသက်ရှုသံတွေနဲ့
ရေလှိုင်းတွေကို ဖန်ဆင်လိုက်တဲ့အခါ
ပျော်ရွှင်စွာ ကစားနေမယ့်
ငါးအစစ်တစ်ကောင်ကို ရရှိမှာ

မင်းရဲ့လက်ချောင်းတွေနဲ့ သူု့ကို
ဖမ်းဖို့ မကြိုးစားတဲ့အထိသာ ။ ။

မြင့်မိုးအောင်
Back to top Go down
http://www.zaylayworld.blogspot.com
ဇေလေး
ရင့်ကျက်စအရွယ်
ရင့်ကျက်စအရွယ်

လိင်(ကျား/မ) : Male Taurus ရေးသားချက်ပေါင်း : 131
ရမှတ်ပေါင်းမှာ : 194
ရေးသားချက် သဘောကျခံရမှု : 2
ဖိုရမ် ပြိုင်ပွဲများမှ ဆုရရှိမှုများ : ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Empbar10
မှတ်ပုံတင်သည့်နေ့ : 2009-05-12
အသက် : 37
တည်နေရာ : တစ်နေရာရာပေါ့
အလုပ်အကိုင်/၀ါသနာ : ကွန်ပျူတာနဲ့ နပန်းလုံးနေရခြင်း...

ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Vide
PostSubject: Re: ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ...   ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Empty16th May 2009, 5:52 pm

.. စင်သီယာ ၅ ...

မင်းကို ငါချစ်တယ်
ရာစုနှစ်ပေါင်များစွာမှာ
လူတွေဒါပဲ ပြောကြတယ်
ငါ့အတွက်စကား (၅) လုံး
မင်းအပြုံးက ၀ါးမြိုခဲ့
သရော်တဲ့ နှုတ်ခမ်းတွေ
“ချွင်” “ချွင်” မြည်နေတယ်
မြေကြီးသားဘ၀မှာ
အဇ္ဈတ္တိကမီးပုံကြောင့်
ငါ့ရင်အုံလူသတ်ကွင်းထဲ
သားရဲတွေအစာတောင်းပြီး
အသက်နဲ့အညီအမျှ ကျိန်ဆို
မိုးပြိုတယ် စင်သီယာ
မင်းကို ငါချစ်တယ်

သျှပ်မှူးကျော်
Back to top Go down
http://www.zaylayworld.blogspot.com
ဇေလေး
ရင့်ကျက်စအရွယ်
ရင့်ကျက်စအရွယ်

လိင်(ကျား/မ) : Male Taurus ရေးသားချက်ပေါင်း : 131
ရမှတ်ပေါင်းမှာ : 194
ရေးသားချက် သဘောကျခံရမှု : 2
ဖိုရမ် ပြိုင်ပွဲများမှ ဆုရရှိမှုများ : ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Empbar10
မှတ်ပုံတင်သည့်နေ့ : 2009-05-12
အသက် : 37
တည်နေရာ : တစ်နေရာရာပေါ့
အလုပ်အကိုင်/၀ါသနာ : ကွန်ပျူတာနဲ့ နပန်းလုံးနေရခြင်း...

ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Vide
PostSubject: Re: ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ...   ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Empty16th May 2009, 5:53 pm

အို အမေ

ငယ်ငယ်တုန်းက
မူလတန်းကျောင်းသားဘဝ
သာဓကပဲအမေ ...
အတန်းထဲမှာ
ပန်းချီဆွဲတဲ့အခါ
စိတ်ကူးတွေလွဲ
ဘုရားပုံတူမဆွဲနဲ့တဲ့
ဘုရားနဲ့မတူ နူတတ်သတဲ့
ဒီလိုပါပဲအမေ
အမေနဲ့မတူ နူမှာမကြောက်
မတူမှာ ကြောက်လှချည့်ရဲ့ ။ ။

အောင်ဘညို
Back to top Go down
http://www.zaylayworld.blogspot.com
ဇေလေး
ရင့်ကျက်စအရွယ်
ရင့်ကျက်စအရွယ်

လိင်(ကျား/မ) : Male Taurus ရေးသားချက်ပေါင်း : 131
ရမှတ်ပေါင်းမှာ : 194
ရေးသားချက် သဘောကျခံရမှု : 2
ဖိုရမ် ပြိုင်ပွဲများမှ ဆုရရှိမှုများ : ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Empbar10
မှတ်ပုံတင်သည့်နေ့ : 2009-05-12
အသက် : 37
တည်နေရာ : တစ်နေရာရာပေါ့
အလုပ်အကိုင်/၀ါသနာ : ကွန်ပျူတာနဲ့ နပန်းလုံးနေရခြင်း...

ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Vide
PostSubject: Re: ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ...   ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Empty16th May 2009, 5:53 pm

ဝမ်းနည်းဖွယ်ရာ စီးကရက်တွေမသောက်ချင်ဘူး

တစ်ယောက်ဟာ တစ်ယောက်အတွက်
အချိန်ပိုင်းကစားစရာ
ကစားစရာနှစ်ယောက် ကစားတမ်းဆော့ကြတယ်
အလေးအနက်ကိစ္စတွေကို
ဖင်ခုထိုင်ပြီး ကစားကြတယ်
ကစားတမ်းက
ကစားစရာနှစ်ယောက်ကို
ပြန်ကစားတယ်
ပျော်စရာကြီးပါပဲလို့တော့
ဘာကမှ ယောင်လို့တောင် မဟကြဘူး
ကြည့် သူကစားနေတယ်
ကြည့် သူမ ကစားနေတယ်
ကြည့် ကစားတမ်းကြီး ကစားနေတယ် ...

ဇေယျာလင်း
(ပထမဆုံးလိပ်စာ ကဗျာစာအုပ်မှ)
Back to top Go down
http://www.zaylayworld.blogspot.com
ဇေလေး
ရင့်ကျက်စအရွယ်
ရင့်ကျက်စအရွယ်

လိင်(ကျား/မ) : Male Taurus ရေးသားချက်ပေါင်း : 131
ရမှတ်ပေါင်းမှာ : 194
ရေးသားချက် သဘောကျခံရမှု : 2
ဖိုရမ် ပြိုင်ပွဲများမှ ဆုရရှိမှုများ : ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Empbar10
မှတ်ပုံတင်သည့်နေ့ : 2009-05-12
အသက် : 37
တည်နေရာ : တစ်နေရာရာပေါ့
အလုပ်အကိုင်/၀ါသနာ : ကွန်ပျူတာနဲ့ နပန်းလုံးနေရခြင်း...

ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Vide
PostSubject: Re: ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ...   ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Empty16th May 2009, 5:53 pm

ကိုယ့်အကြောင်းနဲ့ကိုယ်

တံခါးကို ခေါက်လိုက်တော့
တံခါးခေါက်သံပဲ အဖတ်တင်တယ်
အခန်းက ပွင့်မလာဘူး။

မီးမှိတ်လိုက်တော့
ခလုတ်နှိပ်သံပဲ အဖက်တင်တယ်
အမှောင်က ကျမလာဘူး။

နေ့လယ်နေ့ခင်း
လမ်းထဲမှာ လူသူရှင်းနေတယ်
စိုထိုင်းထိုင်း အကြည့်တစ်ချက်
လေပူတွေ ဖောက်ထွက်ပြီး
ကင်းဗတ်စပေါ် ပက်ချလိုက်တော့
ကျွန်တော် ပန်းချီကားဆွဲတာပဲ အဖတ်တင်တယ်
လူရုပ်မပေါ်ဘူး။

သို့သော်
ကျွန်တော် ဒီလို စိတ်ကူးထားတယ်။

ဝင်းမြင့်
(သရဖူမဂ္ဂဇင်း ၂၀၀၀)
Back to top Go down
http://www.zaylayworld.blogspot.com
ဇေလေး
ရင့်ကျက်စအရွယ်
ရင့်ကျက်စအရွယ်

လိင်(ကျား/မ) : Male Taurus ရေးသားချက်ပေါင်း : 131
ရမှတ်ပေါင်းမှာ : 194
ရေးသားချက် သဘောကျခံရမှု : 2
ဖိုရမ် ပြိုင်ပွဲများမှ ဆုရရှိမှုများ : ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Empbar10
မှတ်ပုံတင်သည့်နေ့ : 2009-05-12
အသက် : 37
တည်နေရာ : တစ်နေရာရာပေါ့
အလုပ်အကိုင်/၀ါသနာ : ကွန်ပျူတာနဲ့ နပန်းလုံးနေရခြင်း...

ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Vide
PostSubject: Re: ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ...   ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Empty16th May 2009, 5:54 pm

လူတစ်ယောက်နဲ့ ဘ၀ရှင်သန်မှုအခြေခံ ဆွေးနွေးခန်း

လူအဖြစ်နေထိုင်ခြင်းမှာ
နေရောင်အောက် ပန်းတွေပွင့်တာ ဘာကြောင့်လဲ
လိပ်ပြာတွေ ၀တ်မှုန်ကူးတာ ဘာကြောင့်လဲ
တစ်ပါးသူမမြင်တာ ကြိုတင်တွေးတောရလိမ့်မယ်။
လူအဖြစ်နေထိုင်ခြင်းမှာ
ကျေးငှက်သာရကာရဲ့
သဘာဝအသံကြည်နူးရုံနဲ့ မလုံလောက်တော့
ကိုယ်ဖန်တီးတဲ့အသံဟာ ကိုယ်လိုတဲ့သံစဉ် ဖြစ်ဖို့နဲ့
ကိုယ့်သံစဉ်နဲ့ ကိုယ့်သမိုင်းကို ကိုယ်တိုင်ကြိုးညှိတတ်ဖို့။
လူအဖြစ်နေထိုင်ခြင်းမှာ
ကာလအနိမ့်အမြင့် ရေချိန်မှတ်နဲ့ ချိန်ခွင်လျှာတို့လားရာ
နဖားကြိုးဆွဲလှည့်သလို
မောင်းထုသံကို လက်ခုပ်တီး ယောင်ယမ်းချိန်မဟုတ်တော့
ကိုယ်ပိုင်အာငွေ့ကလည်း ခန္ဓာကိုယ်ပူနွေးစေတာပါပဲ
မုတ်သုန်အားမကောင်းဘဲ မိုးထစ်ချုန်းရွာခြင်းကို
သတိပြု သုံးသပ်တတ်ဖို့။
လူအဖြစ်နေထိုင်ခြင်းမှာ
အိမ်နောက်ဖေး ဈေးဆိုင်တည်တာလည်း အာဟာရပါပဲ
အသက်ရှင်လျှက်ရှိကြောင်း ကိုယ့်နှလုံးခုန်သံ ယဉ်ပါးတတ်ဖို့။
ဆက်လက်ပြီး စေတသိတ်ဥာဏ်ကွန့်မြူးရာ
တစ်ယောက်အိပ်မက် တစ်ယောက်ကိုင်းကူးရင်း
တစ်ယောက်သဘောထား တစ်ယောက်နို့ချိုတိုက်ကျွေးရင်း
တစ်ယောက်ရာဇ၀င် တစ်ယောက်မုဒိတာပွားတတ်ဖို့။
လူအဖြစ်နေထိုင်ခြင်းမှာ
မှန်ရှေ့ရပ် မျက်နှာအကြောလျှော့လေ့ကျင့်ခန်း မပါဘူး
သွားတိုက်ဆေးညှစ်နိုင်ရုံခွန်အားနဲ့
ရွှေခါးပတ်ချန်ပီယံ မျှော်မှန်းလို့ မဖြစ်ဘူး
ဘီသိုဗင်အားကျလို့ ဗုံတွေထုနှက်ကြရုံနဲ့ မပြီးဘူး။
လူအဖြစ်နေထိုင်ခြင်းမှာ
မော်ဒယ်လ်ရှိုးငေးရင်း သွားရည်ကျရုံနဲ့
စက္ကုအာရုံ ပြည့်စုံပြီလား
နိုက်ကလပ်ညချမ်းရဲ့ အမှောင်ချဂီတ နားဆင်ရုံနဲ့
သောတအာရုံ ပြည့်စုံပြီလား
မီနူးရ်ကတ်ပေါ်က ၀က်စတူးတစ်ပွဲ မှာစားရုံနဲ့
ရသာအာရုံ ပြည့်စုံပြီလား
ချောင်းသာသွားပြီး ပင်လယ်ရနဲ့ရှူရှိုက်ရုံနဲ့
ဂန္ဓာအာရုံ ပြည့်စုံပြီလား
တူနှစ်ကိုယ် နှစ်ကိုယ်ကြား နားလည်မှုမီးနီဖြတ်မောင်းရုံနဲ့
ဖောဌဗ္ဗအာရုံ ပြည့်စုံပြီလား။
လူအဖြစ်နေထိုင်ခြင်းမှာ
ဗန်ဂိုးရဲ့ နေကြာပန်းနားထိုင်ပြီး
ကြက်တူရွေးချောက်လှန့်ပေးနေရုံနဲ့
ယောင်္ကျားတို့ တတ်အပ်တဲ့
အဌာရသ ပြည့်လာမှာ မဟုတ်ဘူး။
အမှန်တကယ်
လူအဖြစ်နေထိုင်ခြင်းဟာ
ယုံကြည်ချက်သွေးခုန်နှုန်းနဲ့ ပုံမှန်လည်ပတ်နေတဲ့
နာရီတစ်လုံး ပိုင်ဆိုင်ဖို့ပဲ လိုပါတယ်။

လူဇော်သစ်
Back to top Go down
http://www.zaylayworld.blogspot.com
ဇေလေး
ရင့်ကျက်စအရွယ်
ရင့်ကျက်စအရွယ်

လိင်(ကျား/မ) : Male Taurus ရေးသားချက်ပေါင်း : 131
ရမှတ်ပေါင်းမှာ : 194
ရေးသားချက် သဘောကျခံရမှု : 2
ဖိုရမ် ပြိုင်ပွဲများမှ ဆုရရှိမှုများ : ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Empbar10
မှတ်ပုံတင်သည့်နေ့ : 2009-05-12
အသက် : 37
တည်နေရာ : တစ်နေရာရာပေါ့
အလုပ်အကိုင်/၀ါသနာ : ကွန်ပျူတာနဲ့ နပန်းလုံးနေရခြင်း...

ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Vide
PostSubject: Re: ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ...   ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Empty16th May 2009, 5:54 pm

ပုံပြင်

တစ်ခါတုန်းက
မီးရထားသံလမ်းတစ်လမ်းနဲ့ လူတစ်ယောက်ကို
မီးရထားတစ်စင်းနဲ့လူတစ်ယောက်က
ခုတ်မောင်းသွားတယ်။

ဘ၀တစ်ခုလို အလွမ်းစိတ်က
ဘ၀တစ်ခုလို သံထည်ဘီးမှာ
ဘ၀နဲ့ဝေးရာ အတင်းတွယ်ကပ်
သွေးသံတရဲရဲ လိုက်ပါသွားတယ်။

စင်းစင်းသေကျန်ရစ်ခဲ့တဲ့ သံလမ်းသေဘေး
လူဝင်စားခွေးလေးတစ်ကောင်ပေါ့
ည ... ည ...
ရထားခုတ်မောင်းလာပြီဆိုတာနဲ့
အပူတပြင်း ဆွဲဆွဲငင်ငင်
အူသံရှည် ပေးပေးနေရတာ
သံသရာတစ်ဆုံး တုန်လှုပ်ချောက်ချားလို့
မဆုံးတော့တယ်။ ။

စိုင်းဝင်းမြင့်
(ချယ်ရီမဂ္ဂဇင်း)
Back to top Go down
http://www.zaylayworld.blogspot.com
ဇေလေး
ရင့်ကျက်စအရွယ်
ရင့်ကျက်စအရွယ်

လိင်(ကျား/မ) : Male Taurus ရေးသားချက်ပေါင်း : 131
ရမှတ်ပေါင်းမှာ : 194
ရေးသားချက် သဘောကျခံရမှု : 2
ဖိုရမ် ပြိုင်ပွဲများမှ ဆုရရှိမှုများ : ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Empbar10
မှတ်ပုံတင်သည့်နေ့ : 2009-05-12
အသက် : 37
တည်နေရာ : တစ်နေရာရာပေါ့
အလုပ်အကိုင်/၀ါသနာ : ကွန်ပျူတာနဲ့ နပန်းလုံးနေရခြင်း...

ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Vide
PostSubject: Re: ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ...   ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Empty16th May 2009, 5:55 pm

ဝိဒေဟရာဇ် ပုတ်သင်

ငါ့ အမှားအတွက်
ငါ့လက်သန်း တစ်ဆစ်ဆိုရင်
ငါ့ အမှန်တရားအတွက်လည်း
သင့်လက်သန်းတစ်ဆစ်တော့ လိုလိမ့်မယ်။

သားတကွဲမယားတကွဲ အလွမ်းတွေက
ငယ်ငယ်က စာသိုက်ဖျက်မိတဲ့ နောင်တလိုမျိုး
ဝေဒနာက ရင်ကိုဖောက်စူးတိုင်း
ငါ့ဖြစ်တည်မှုကို ရွံ့ရှာမှုအပြည့်နဲ့ ပဓါနခဲ့ရတယ်
တစ်လောကလုံးရဲ့ အကြောက်တရားကိုမှ
ငါက လှောင်ရယ်ချင်သူပေပဲ။

သားရေပြားတင်းနေတဲ့ 'ဒရမ်'လို
မျက်နှာတွေလည်း တင်းသထက်တင်းခဲ့
ငါ့ကို တီးတဲ့အခါ အသံမာမာတွေသာ ထွက်ခဲ့
နှုတ်ပိတ်ဖို့ ရေငုံထားခဲ့
မပြုပြင်ဘဲနေခဲ့ စိတ်ခန္ဓာလည်း အကျင့်ပါခဲ့
ရင်ခုန်သံချင်းညီမှ နှုတ်ခမ်းချင်းရိုက်ချင်ခဲ့
တံငါလုပ်မယ့်ကောင် ငါးဖမ်းနည်းသင်ခဲ့
ပုတ်သင်လို ရာသီပြောင်းပြီး ခေါင်းညိတ်ခဲ့
လူ့အဖြစ်ကို ငြီးငွေ့ကျွမ်းလောင်ခဲ့တာလည်း ကြာခဲ့။

တီကျူး
Back to top Go down
http://www.zaylayworld.blogspot.com
ဇေလေး
ရင့်ကျက်စအရွယ်
ရင့်ကျက်စအရွယ်

လိင်(ကျား/မ) : Male Taurus ရေးသားချက်ပေါင်း : 131
ရမှတ်ပေါင်းမှာ : 194
ရေးသားချက် သဘောကျခံရမှု : 2
ဖိုရမ် ပြိုင်ပွဲများမှ ဆုရရှိမှုများ : ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Empbar10
မှတ်ပုံတင်သည့်နေ့ : 2009-05-12
အသက် : 37
တည်နေရာ : တစ်နေရာရာပေါ့
အလုပ်အကိုင်/၀ါသနာ : ကွန်ပျူတာနဲ့ နပန်းလုံးနေရခြင်း...

ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Vide
PostSubject: Re: ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ...   ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Empty16th May 2009, 5:55 pm

အကြမ်းထည်

အတိတ်ကိုလွမ်းရတာထက်
ပစ္စုပန်ကို လွမ်းရတာဆိုတော့
အကျကလေးကလည်း ခပ်နာနာ
အနံ့လေးမပြယ့် တပြယ်နဲ့
ဂုဏ်တော်ကိုရွတ်ခဲ့ရ
လူအဖြစ်ကလည်း
သရဲပုံပြင်အပြောကောင်းပြီး
အိမ်ကိုတော့လိုက်မပို့ဘူး
တစ်ယောက်ကိုသစ္စာရှိဖို့
တစ်ယောက်ကိုသစ္စာမဲ့ခဲ့ရ
နဂိုရည်လေးကိုတော့
အားနာပါးနာ
အနုပညာကို ရဖို့အတွက်
အနုပညာကို သတ်ပစ်လိုက်ရ
ကာမအားပေးရုပ်ရုင်တွေကို
အချိန်ကုန်ဖို့သုံးလိုက်ရ
သက်တမ်းတစ်ဝက်စာရပ်တည်ဖို့
သက်တမ်းတစ်ဝက်ကို သင်ကြားပစ်လိုက်ရ
ဤခရီးနီးသလား
အိပ်ရာက အချိန်မှားထမိသလိုပဲ
ရောက်သွားတော့လည်း မလင်းသေးဘူး
ကိန်းကြီးခန်းကြီး နိုင်လွန်းသူများကို
စိတ်ပါလက်ပါ အလေးပြုပါတယ်
ခေါင်းခွေ့လို့ရတဲ့ နှစ်ချို့ဝိုင်တွေရယ်…
အတောင်အလက်မစုံခင်ကတည်းက
မွေးထားရတဲ့ ဥာဉ်ဆိုးကလေးကလည်း
နည်းနည်းတော့ အရေးကြီးပါတယ်ကွယ်
သွေးနဲ့ကိုယ်သားနဲ့ကိုယ်မို့
ကိုယ့်အတ္ထုပတ္တိလေးဟာလည်း
ဝင့်ကြွားနေပါလိမ့်မယ်
ခန္ဒာကိုချစ်တာလား
ခပ်ပျစ်ပျစ် ဆီဝေ့ဝေ့သိက္ခာကိုချစ်ရမလား
ငါလည်း အတွေးအခေါ်အရည်ကျဲခဲ့တယ်
ခရီးသွားဟန်လွှဲ တံတားလေးပေါ်က
မျက်စေ့လေးစုံမှိတ်ပြီး
နှုတ်ခမ်းလေးစူပြီး
ချစ်တယ် - ချစ်တယ်နဲ့
ဆောင့်ကြီးအောင့်ကြီးအော်တတ်တဲ့
အရွယ်ရောက်စ စနေသမီးလေးတွေကိုတော့
ဒီပွဲမှာမပါစေနဲ့ပေါ့
သူရဲကောင်းမလိုတဲ့ပွဲမို့
ခြွင်းချက်နဲ့လက်တွန့်လို့ရတယ်
မတော်တဆလေးတွေကို
တစ်ခုနဲ့တစ်ခုချိတ်ထားမယ်
ဒီလိုကွ- ညီလေးရဲ့
ဒိုင်ယာရီရေးတယ်ဆိုတာ
ခပ်ညံ့ညံ့ကိစ္စ..။…။

ဇွန်မိုးသစ်
(နာမည်ပျက်မရှိတဲ့ အရိုင်းအစိုင်းကဗျာစုမှ)
Back to top Go down
http://www.zaylayworld.blogspot.com
Sponsored content

ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Vide
PostSubject: Re: ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ...   ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ... Empty

Back to top Go down

ဖတ်ဖူးသမျှထဲမှ အကြိုက်ဆုံးလေးများ...

View previous topic View next topic Back to top 
Page 1 of 1
သတိပေးတားမြစ်ချက်
"ပုံကလေးများသာပါသော စာကြောင်းရေးသားခြင်းနှင့် forum နှင့် topic အတွက် အဓိပ္ပါယ်မရှိသော စာသားများ ရေးသားခြင်းကို ခွင့်မပြုပါ။"

Permissions in this forum: You cannot reply to topics in this forum
မြှားနတ်မောင် :: အချစ်နှင့် ရသစာပေများ(ကဗျာ၊ ၀တ္ထု၊ ဆောင်းပါး၊ ဟာသ၊ ဒဿန) :: ကဗျာ :: ဖတ်ဘူးသမျှ ကဗျာများ -
Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com