မြှားနတ်မောင်
မြှားနတ်မောင် (အချစ်နှင့် ခံစားမှုသီးသန့်) ဖိုရမ်အား လာရောက်လည်ပတ်ပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်။ ဖိုရမ်တွင်းဝင်ရောက်လိုပါက log in ကို click နှိပ်ပေးခြင်းဖြင့်လည်းကောင်း၊ အသင်းသားအဖြစ် မှတ်ပုံတင်လိုပါက Register ကို click နှိပ်ခြင်းဖြင့် လည်းကောင်း၊ ဧည့်သည်တော်အနေဖြင့် အသုံးပြုလိုပါက Do not display again ကိုနှိပ်၍ လည်းကောင်းအသုံးပြုနိုင်ပါသည်။

Would you like to react to this message? Create an account in a few clicks or log in to continue.
မြှားနတ်မောင်

email အသုံးပြုရန်email အသုံးပြုရန်  HomeHome  Portal*Portal*  GalleryGallery  Latest imagesLatest images  RegisterRegister  Log in  email အသုံးပြုရန်email အသုံးပြုရန်  
"မြှားနတ်မောင်(အချစ်နှင့် ခံစားမှုသီးသန့်) ဖိုရမ်အား လာရောက်လည်ပတ်ပေးတဲ့ Guest တစ်ယောက် ကိုယ် စိတ် နှလုံး သုံးပါးလုံး ရွှင်လန်းချမ်းမြေ့ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးပါတယ်ခင်ဗျာ။"
Log in
Username:
Password:
Log in automatically: 
:: I forgot my password
ဧည်သည်တော်အတွက်လမ်းညွှန်
ဖိုရမ်စာမျက်နှာများ
ဖိုရမ်ရေးသားချက်များသို့ ၀င်ရန်

ရေးသားချက်အသစ်များ
» နဲနဲလေးတွေးရအောင် .....
မောင်စိန်ဝင်း(ပုတီးကုန်း) ၏ ကဗျာများ - Page 2 Empty2nd August 2013, 10:23 pm by

» မင်းအတွက်....
မောင်စိန်ဝင်း(ပုတီးကုန်း) ၏ ကဗျာများ - Page 2 Empty2nd August 2013, 10:15 pm by

» ကျွန်မကတော့
မောင်စိန်ဝင်း(ပုတီးကုန်း) ၏ ကဗျာများ - Page 2 Empty31st July 2013, 11:49 pm by

» အချစ်ဟာတစ်ခါတစ်လေ ပူလောင်တတ်လား?
မောင်စိန်ဝင်း(ပုတီးကုန်း) ၏ ကဗျာများ - Page 2 Empty25th May 2013, 4:44 pm by

» အချစ်ကိုခံစားဖူးသူတွေအတွက်..
မောင်စိန်ဝင်း(ပုတီးကုန်း) ၏ ကဗျာများ - Page 2 Empty25th May 2013, 4:36 pm by

» စရိုက်များတဲ့ ဘဝစာမျက်နှာ
မောင်စိန်ဝင်း(ပုတီးကုန်း) ၏ ကဗျာများ - Page 2 Empty23rd December 2012, 1:20 am by

» ရှားတော့မယ်ထင်ပါရဲ့
မောင်စိန်ဝင်း(ပုတီးကုန်း) ၏ ကဗျာများ - Page 2 Empty30th July 2012, 12:28 am by

» အချစ်ဆိုတာ
မောင်စိန်ဝင်း(ပုတီးကုန်း) ၏ ကဗျာများ - Page 2 Empty27th May 2012, 4:41 pm by

» သူငယ်ချင်းအားလုံးဘဲ မင်္ဂလာပါ
မောင်စိန်ဝင်း(ပုတီးကုန်း) ၏ ကဗျာများ - Page 2 Empty27th May 2012, 3:44 pm by

မောင်စိန်ဝင်း(ပုတီးကုန်း) ၏ ကဗျာများ

View previous topic View next topic Go down 
Author Message
ဇေလေး
ရင့်ကျက်စအရွယ်
ရင့်ကျက်စအရွယ်

လိင်(ကျား/မ) : Male Taurus ရေးသားချက်ပေါင်း : 131
ရမှတ်ပေါင်းမှာ : 194
ရေးသားချက် သဘောကျခံရမှု : 2
ဖိုရမ် ပြိုင်ပွဲများမှ ဆုရရှိမှုများ : မောင်စိန်ဝင်း(ပုတီးကုန်း) ၏ ကဗျာများ - Page 2 Empbar10
မှတ်ပုံတင်သည့်နေ့ : 2009-05-12
အသက် : 37
တည်နေရာ : တစ်နေရာရာပေါ့
အလုပ်အကိုင်/၀ါသနာ : ကွန်ပျူတာနဲ့ နပန်းလုံးနေရခြင်း...

မောင်စိန်ဝင်း(ပုတီးကုန်း) ၏ ကဗျာများ - Page 2 Vide
PostSubject: Re: မောင်စိန်ဝင်း(ပုတီးကုန်း) ၏ ကဗျာများ   မောင်စိန်ဝင်း(ပုတီးကုန်း) ၏ ကဗျာများ - Page 2 Empty16th May 2009, 6:12 pm

ရင်ခွင်ရိုင်း

ခိုကိုးစရာ၊ရှာသော်မတွေ့
ရွေ့ ရွေ့ ဖြတ်သန်း၊သစ်တန်းမမြင်
လွင်ပြင်ခရီး၊ညည်းညူပန်းဟိုက်
ပျံသန်းလိုက်နှင့်၊အသိုက်မဲ့သော ငှက်ငယ်ပါ။
အထီးကျန်မို့၊သည်းထန်ညှိုးနွမ်း
အပန်းဖြေလို၊နေအညိုမှာ
ခိုဝင်စရာ၊အရိပ်ရှာစဉ်
သစ်တစ်ပင်တွေ့၊စိတ်ချမ်းမြေ့သည်
ကြည်မွေ့စရာ ဖြစ်မည်ထင်။။
သည်အပင်ထက်၊မှေးစက်နားခို
နေညိုမှောင်မိုက်၊အိပ်စက်ခိုက်တွင်
ကောင်းကင်ထစ်ကြိုး၊သန်ခေါင်မိုးသည်
အငြိုးကြီးစွာ၊ရွာသောခါမှ
အိပ်ရာနိုးထ၊မိုးရေစဖြင့်
မြရွက်မဝေ၊ပင်ခြေပြိုင်းပြိုင်း
အကိုင်းငေါက်ငေါက်၊ရိုးတံခြောက်မှာ
ကွန်းထောက်ကွယ်ရစ်၊သည်အဖြစ်ကို
စင်စစ်နားလည်လိုက်တကား။ ။

မောင်စိန်ဝင်း(ပုတီးကုန်း)။ ။
Back to top Go down
http://www.zaylayworld.blogspot.com
ဇေလေး
ရင့်ကျက်စအရွယ်
ရင့်ကျက်စအရွယ်

လိင်(ကျား/မ) : Male Taurus ရေးသားချက်ပေါင်း : 131
ရမှတ်ပေါင်းမှာ : 194
ရေးသားချက် သဘောကျခံရမှု : 2
ဖိုရမ် ပြိုင်ပွဲများမှ ဆုရရှိမှုများ : မောင်စိန်ဝင်း(ပုတီးကုန်း) ၏ ကဗျာများ - Page 2 Empbar10
မှတ်ပုံတင်သည့်နေ့ : 2009-05-12
အသက် : 37
တည်နေရာ : တစ်နေရာရာပေါ့
အလုပ်အကိုင်/၀ါသနာ : ကွန်ပျူတာနဲ့ နပန်းလုံးနေရခြင်း...

မောင်စိန်ဝင်း(ပုတီးကုန်း) ၏ ကဗျာများ - Page 2 Vide
PostSubject: Re: မောင်စိန်ဝင်း(ပုတီးကုန်း) ၏ ကဗျာများ   မောင်စိန်ဝင်း(ပုတီးကုန်း) ၏ ကဗျာများ - Page 2 Empty16th May 2009, 6:12 pm

လူ

ပန်းတစ်ဖူးကို ၊ ခူး၍ကျေနပ်
လောဘသတ်ခိုက်.........
ရှေ့မှာတပွင့် ၊ လွယ်လင့်တကူ
ယူ၍ရခိုက် ၊ ခူးလိုက်မိပြန်................

ပြန်မှပြန်မှ ၊ သတိရနေ
ခြေကမလှည့် ၊ တည့်တည့်စိုက်စိုက်
လိုက်နေမိပြန် ၊ ပန်းမှာတစ်ဖူး
ခူးပြီးတစ်ရာ ၊ အခွင့်သာခိုက်
ရရာအားလုံးဆွတ်ချင်သူ....

လက်ထဲခြင်းထဲ ၊ ပြန့်ကျဲပြည့်သိပ်
စိတ်မတင်းတိမ် ၊ အိမ်မပြန်သေး
ခပ်ဝေးဝေးက ၊ ဖွေးဖွေးပန်းတွေ
မက်မောနေပြန် ၊ လှည့်မပြန်မိ....
ပင်လယ်ရေနောက် ၊ မခန်းခြောက်လည်း
တစ်ယောက်ထဲသာ သောက်ချင်သည်.........
မောင်စိန်ဝင်း(ပုတီးကုန်း)
Back to top Go down
http://www.zaylayworld.blogspot.com
ဇေလေး
ရင့်ကျက်စအရွယ်
ရင့်ကျက်စအရွယ်

လိင်(ကျား/မ) : Male Taurus ရေးသားချက်ပေါင်း : 131
ရမှတ်ပေါင်းမှာ : 194
ရေးသားချက် သဘောကျခံရမှု : 2
ဖိုရမ် ပြိုင်ပွဲများမှ ဆုရရှိမှုများ : မောင်စိန်ဝင်း(ပုတီးကုန်း) ၏ ကဗျာများ - Page 2 Empbar10
မှတ်ပုံတင်သည့်နေ့ : 2009-05-12
အသက် : 37
တည်နေရာ : တစ်နေရာရာပေါ့
အလုပ်အကိုင်/၀ါသနာ : ကွန်ပျူတာနဲ့ နပန်းလုံးနေရခြင်း...

မောင်စိန်ဝင်း(ပုတီးကုန်း) ၏ ကဗျာများ - Page 2 Vide
PostSubject: Re: မောင်စိန်ဝင်း(ပုတီးကုန်း) ၏ ကဗျာများ   မောင်စိန်ဝင်း(ပုတီးကုန်း) ၏ ကဗျာများ - Page 2 Empty16th May 2009, 6:12 pm

ကျီးတို့အလယ်မှ ဒေါင်း

အလှမွေး၍ ၊ ကျွေးတာနဲ့စား
လူယဉ်ပါးနေ... ၊ ဒေါင်းအိုးဝေ
ဧည့်သည်လာတိုင်း ၊ သခင်ခိုင်းသော်
ခေါင်းမော်လည်ဖွ ၊ ခြေကိုကြွ၍
ဟိုမှ သည်မှ ၊ ခုန်ဆွဆွနှင့်
က, တတ်လိုက်လေ ၊ ဒေါင်းအိုးဝေ......

အစာအသင့် ၊ ရေအသင့်နှင့်
သခင့်အလို ၊ တေးသံချိုမြ
က,ဒေါင်းအိုးဝေ ၊ အမျိုးဆွေမေ့
ငယ်ဓလေ့ပျောက် ၊ လူနားရောက်နေ
ဒေါင်းအိုးဝေ......
တစ်ကောင်ထိ၍ ၊ မချိအောင်နာ
စာစာအော်ပြီး ၊ ကျီးငှက်ထောင်သောင်း
ခေါင်းပေါ်မှာဝဲ ၊ မြင်ရလည်း လေ...
က,ဆဲ....က,နေ ၊ ဒေါင်းအိုးဝေ.....

မောင်စိန်ဝင်း (ပုတီးကုန်း)
Back to top Go down
http://www.zaylayworld.blogspot.com
ဇေလေး
ရင့်ကျက်စအရွယ်
ရင့်ကျက်စအရွယ်

လိင်(ကျား/မ) : Male Taurus ရေးသားချက်ပေါင်း : 131
ရမှတ်ပေါင်းမှာ : 194
ရေးသားချက် သဘောကျခံရမှု : 2
ဖိုရမ် ပြိုင်ပွဲများမှ ဆုရရှိမှုများ : မောင်စိန်ဝင်း(ပုတီးကုန်း) ၏ ကဗျာများ - Page 2 Empbar10
မှတ်ပုံတင်သည့်နေ့ : 2009-05-12
အသက် : 37
တည်နေရာ : တစ်နေရာရာပေါ့
အလုပ်အကိုင်/၀ါသနာ : ကွန်ပျူတာနဲ့ နပန်းလုံးနေရခြင်း...

မောင်စိန်ဝင်း(ပုတီးကုန်း) ၏ ကဗျာများ - Page 2 Vide
PostSubject: Re: မောင်စိန်ဝင်း(ပုတီးကုန်း) ၏ ကဗျာများ   မောင်စိန်ဝင်း(ပုတီးကုန်း) ၏ ကဗျာများ - Page 2 Empty16th May 2009, 6:13 pm

“မျက်နှာသစ်ခြင်း”

ရင်ထဲမဟူရာ၊ နှုတ်မှာပုလဲ
မျက်ဝန်းထဲမှာ၊ နီရဲပတ္တမြား…။

သင်္ကန်းတစ်ဖက်၊ လွှတစ်ဖက်နှင့်
ရက်စက်နှုတ်ချို၊ သောနုတ္ထိုနှယ်
မုဆိုးလည်များ…။

နွယ်လိုမြက်လို၊ ပုတ်သင်ညိုသို့
တိမ်လိုလှိုင်းလို၊ မြေခွေးအိုသို့…

ဟိုသည်ပြောင်းနေ၊ ခုနစ်ထွေက တတ်
ဇာတ်ပျက်အချို့…။

သူတို့ချည်းလေ..
ရှိနေသလား၊ အားငယ်ချင်ခိုက်
“သံလိုက်တစ်ခုသည် မတူညီသောဝင်ရိုးစွန်းများရှိ၏”
နားလည်မိဆဲ၊ အနေရဲပြန်
လူထဲပြန်ဝင် တိုးလိုက်မိ…။ ။။။။။။။။။။။။။။။။။။။။။

မောင်စိန်ဝင်း ( ပုတီးကုန်း )
Back to top Go down
http://www.zaylayworld.blogspot.com
Sponsored content

မောင်စိန်ဝင်း(ပုတီးကုန်း) ၏ ကဗျာများ - Page 2 Vide
PostSubject: Re: မောင်စိန်ဝင်း(ပုတီးကုန်း) ၏ ကဗျာများ   မောင်စိန်ဝင်း(ပုတီးကုန်း) ၏ ကဗျာများ - Page 2 Empty

Back to top Go down

မောင်စိန်ဝင်း(ပုတီးကုန်း) ၏ ကဗျာများ

View previous topic View next topic Back to top 
Page 1 of 1
သတိပေးတားမြစ်ချက်
"ပုံကလေးများသာပါသော စာကြောင်းရေးသားခြင်းနှင့် forum နှင့် topic အတွက် အဓိပ္ပါယ်မရှိသော စာသားများ ရေးသားခြင်းကို ခွင့်မပြုပါ။"

Permissions in this forum: You cannot reply to topics in this forum
မြှားနတ်မောင် :: အချစ်နှင့် ရသစာပေများ(ကဗျာ၊ ၀တ္ထု၊ ဆောင်းပါး၊ ဟာသ၊ ဒဿန) :: ကဗျာ :: ဖတ်ဘူးသမျှ ကဗျာများ -
Create a forum | ©phpBB | Free forum support | Report an abuse | Forumotion.com