|
လူတိုင်းအတွက် ဗေဒင်လေးပါ.......... |
|
|
Author |
Message |
decembergirl
နားလည်စအရွယ်
လိင်(ကျား/မ) :
ရေးသားချက်ပေါင်း : 36
ရမှတ်ပေါင်းမှာ : 89
ရေးသားချက် သဘောကျခံရမှု : 1
ဖိုရမ် ပြိုင်ပွဲများမှ ဆုရရှိမှုများ :
မှတ်ပုံတင်သည့်နေ့ : 2009-05-03
အသက် : 32
တည်နေရာ : magway
အလုပ်အကိုင်/၀ါသနာ : ကျောင်းသူ ဓါတ်ပုံရိုက် listen the song
|
Subject: လူတိုင်းအတွက် ဗေဒင်လေးပါ.......... 21st May 2009, 7:50 pm |
|
|
ဥပမာ- ချစ်ရေးဆိုခံရသူအသက် - ၁၈ နှစ် ချစ်ရေးဆိုခံရသူ၏ မွေးနံသင်္ချာ - တနင်္ဂနွေ ၁ အသက် + မွေးနံသင်္ချာ - ၁၈ + ၁ = ၁၉ ချစ်ရေးဆိုသူ၏ အမည်ကို ဂဏန်းဖွဲ့ပေါင်းပါ။ ဥပမာ- မင်း သူ ၅ + ၆ = ၁၁ အသက် + မွေးနံသင်္ချာ + ချစ်ရေးဆိုသူ၏အမည် ၁၈ + ၁ + ၁၁ = ၃၀ “၃၀” ကို “၇” နှင့်စားပါက အကြွင်း “၂” ရသည်။
( ၀င်ရောက် တွက်ချက်သွားသူများ အကြွင်းဘယ်လောက်ရတယ်ဆိုတာ Comment ထားခဲ့ပါ။)
|
|
|
|
decembergirl
နားလည်စအရွယ်
လိင်(ကျား/မ) :
ရေးသားချက်ပေါင်း : 36
ရမှတ်ပေါင်းမှာ : 89
ရေးသားချက် သဘောကျခံရမှု : 1
ဖိုရမ် ပြိုင်ပွဲများမှ ဆုရရှိမှုများ :
မှတ်ပုံတင်သည့်နေ့ : 2009-05-03
အသက် : 32
တည်နေရာ : magway
အလုပ်အကိုင်/၀ါသနာ : ကျောင်းသူ ဓါတ်ပုံရိုက် listen the song
|
Subject: အကြွင်း ( ၁ ) ရသူများ 23rd May 2009, 8:18 pm |
|
|
အကြွင်း ( ၁ ) ရပါက သူ့စကားကတော့ မှန်ပါတယ် ။ တကယ်ချစ်နေတာပါ ။ ဒါပေမယ့် လက်ထပ်ဖို့ အထိတော့ ကိုယ့်အပေါ် မစဉ်းစားသေးဘူးနော် ။ လက်ထပ်မယ်လို့ ပြောရင်လည်း အပေါ်ယံပြောတာပါ ။ တကယ်လက်ထပ်နိုင်တဲ့ အခြေအနေ လတ်တလော သူ့မှာ မရှိသေးပါဘူး ။ သူ့မှာ ဖြေရှင်းစရာ ၊ ရင်ဆိုင်စရာ မိဘအသိုင်းအ၀ိုင်းကြားက ချစ်နေရတာ ။ ချစ်သူဘ၀ တွဲသွားတွဲလာအဖော် အနေနဲ့တော့ ကောင်းပါတယ် ။ ဒါပေမယ့် အိမ်ထောင်ဘက်တော့ ဖြစ်လာမှာ မဟုတ်ဘူး ဆိုတာ သေချာပေါက်ပါပဲ ။ ချစ်တိုင်းလည်း မညားဘူးဆိုတဲ့ စကားကို သတိရပါ ။
|
|
|
|
decembergirl
နားလည်စအရွယ်
လိင်(ကျား/မ) :
ရေးသားချက်ပေါင်း : 36
ရမှတ်ပေါင်းမှာ : 89
ရေးသားချက် သဘောကျခံရမှု : 1
ဖိုရမ် ပြိုင်ပွဲများမှ ဆုရရှိမှုများ :
မှတ်ပုံတင်သည့်နေ့ : 2009-05-03
အသက် : 32
တည်နေရာ : magway
အလုပ်အကိုင်/၀ါသနာ : ကျောင်းသူ ဓါတ်ပုံရိုက် listen the song
|
Subject: အကြွင်း ( ၂ ) ရသူများ 24th May 2009, 4:07 pm |
|
|
အကြွင်း ( ၂ ) ရပါက ဟန်ကျတာပဲ ။ သူ့အချစ်က တကယ်ကို စာတင်ရမှာပါ ။ သူတကယ် ကိုယ့်ကို ချစ်နေတာပါ ။ သနားဖို့ကောင်းပါတယ် ။ သူ့အချစ် ၊ သူ့မေတ္တာ ၊ သူ့သဘာဝ ၊ သူ့သစ္စာ အားလုံး ကိုယ့်ကို ပုံပေးပြီး အဖြေတုံ့ပြန်မှုကို မျှော်လင့်နေတာ ။ သဘောကျလောက်တဲ့ အနေအထား ၊ ကိုယ်လိုလားတဲ့ အခြေအနေမျိုး ရှိရင် လက်ခံသင့်တဲ့သူပါ ။ တစ်ခုတော့ရှိတယ်နော် ။ သူကကိုယ့်ကို တကယ်ချစ် ၊ တကယ်မြတ်နိုး၊ တကယ်လက်ထပ်မှာပဲလို့ ပြောတာ ။ ကိုယ်က ပြန်မချစ်ရင်လည်း ရပါတယ် ။ ကိုယ်ကမစဉ်းစားဘူး ဆိုရင်လည်း နောက်ဆုတ်သွားမှာပါ ။ နှောက်အယှက် မပေးပါဘူး ။
|
|
|
|
decembergirl
နားလည်စအရွယ်
လိင်(ကျား/မ) :
ရေးသားချက်ပေါင်း : 36
ရမှတ်ပေါင်းမှာ : 89
ရေးသားချက် သဘောကျခံရမှု : 1
ဖိုရမ် ပြိုင်ပွဲများမှ ဆုရရှိမှုများ :
မှတ်ပုံတင်သည့်နေ့ : 2009-05-03
အသက် : 32
တည်နေရာ : magway
အလုပ်အကိုင်/၀ါသနာ : ကျောင်းသူ ဓါတ်ပုံရိုက် listen the song
|
Subject: အကြွင်း ( ၃ ) ရသူများ 24th May 2009, 4:19 pm |
|
|
အကြွင်း ( ၃ ) ရခဲ့ရတော့ “ ဒီစကားမျိုး ရှင်ပြောခဲ့တာ များပြီထင်ရဲ့ ။ ကျွန်မက နံပါတ် ဘယ်လောက်လဲဟင် ” လို့သာမေးလိုက်ပါတော့ ။ မျက်နှာများတဲ့ ကိုယ့်ကို သဘောကျတွဲချင်တာပဲ ရှိတယ် ။ လေးလေးနက်နက် ချစ်တဲ့ အနေအထားတော့ မဟုတ်ဘူးနော် ။ လက်ထပ်ပေါင်းသင်းဖို့ နေနေသာသာ ရေရှည်ချစ်ပါ့မလားတောင်မသိ ။ ကိုယ်ကလက်ခံရင် ၊ ကိုယ့်အပြင် သူနောက်တစ်ယောက်နဲ့ တွဲနေတာတို့ ၊ ကိုယ်ကို ပစ်ထားလိုက် ၊ ပြန်လာလိုက်နဲ့ ။ ချစ်တမ်းကစားတာတို့ လုပ်ဦးမှာ ။ သူ့ကို ချစ်နေမိရင်တောင် အသည်းမှာ အသည်းကာကွယ်ဆေးထိုးပြီးမှ ချစ်ပေါ့ ။ ဒါပေမယ့် ကမ္ဘာမှာ အသည်းကာကွယ်ဆေး မပေါ်သေးဘူး ။ မစဉ်းစားတာပဲ ကောင်းတယ် ။ သူငယ်ချင်း အဆင့်လောက်နဲ့ မိတ်ဆွေ အနေအထားလောက်နဲ့ပဲ တန်ပါတယ်လေ ။
|
|
|
|
decembergirl
နားလည်စအရွယ်
လိင်(ကျား/မ) :
ရေးသားချက်ပေါင်း : 36
ရမှတ်ပေါင်းမှာ : 89
ရေးသားချက် သဘောကျခံရမှု : 1
ဖိုရမ် ပြိုင်ပွဲများမှ ဆုရရှိမှုများ :
မှတ်ပုံတင်သည့်နေ့ : 2009-05-03
အသက် : 32
တည်နေရာ : magway
အလုပ်အကိုင်/၀ါသနာ : ကျောင်းသူ ဓါတ်ပုံရိုက် listen the song
|
Subject: အကြွင်း ( ၄ ) ရသူများ 28th May 2009, 5:52 pm |
|
|
အကြွင်း ( ၄ ) ရပါက တကယ်ချစ်တာပါ ။ အတည်ပြောနေတာ ။ ကိုယ့်ကို မြတ်နိုးနေတာမှ သဲသဲလှုပ်ပဲ ။ ကိုယ့်အတွက် ဆိုရင် ဘာကို ရင်ဆိုင်ရပါစေ ခိုင်မြဲတဲ့ အချစ်နဲ့ မြတ်မြတ်နိုးနိုး တစ်သက်တာ လက်တွဲမယ့်သူပါ ။ သူကစကားနည်းတယ် ။ ဒီမေတ္တာစကားကိုတောင် တော်တော် အရှိန်ယူရပုံပဲ ။ ကိုယ့်အပေါ် သူတတ်အားသလောက် တင့်တင့်တယ်တယ် ထားမှာအမှန်ပါပဲ ။ သဘောကျရင် စဉ်းစားဖို့ တကယ်ကောင်းတဲ့သူပါ ။ သူ့ဝန်းကျင်အသိုင်းအ၀ိုင်း ၊ သူ့အနေအထားတွေကို မိန်းကလေးပီပီ ထည့်တွက်ဦး ။ အချစ်ဘက်ကတော့ အမှတ်ပြည့်ပေးထားတယ် ။ ကိုယ့်သဘောကို ကိုယ်အလိုလိုက်ပြီး မျက်နှာအညှိုးမခံရအောင် သူ့ဘက်က ဆောင်ရွက်ဖြည့်ဆည်းပေးမှာပါ ။ သူ့အချစ်ကို လက်ခံလို့ရပါတယ် ။ သူ့ဘက်က လက်ထပ်ဖို့ သေချာပါတယ် ။ ကိုယ့်ဘက်ကတော့ အချိန်ယူပြီး စဉ်းစားဆုံးဖြတ်ပါ ။
|
|
|
|
decembergirl
နားလည်စအရွယ်
လိင်(ကျား/မ) :
ရေးသားချက်ပေါင်း : 36
ရမှတ်ပေါင်းမှာ : 89
ရေးသားချက် သဘောကျခံရမှု : 1
ဖိုရမ် ပြိုင်ပွဲများမှ ဆုရရှိမှုများ :
မှတ်ပုံတင်သည့်နေ့ : 2009-05-03
အသက် : 32
တည်နေရာ : magway
အလုပ်အကိုင်/၀ါသနာ : ကျောင်းသူ ဓါတ်ပုံရိုက် listen the song
|
Subject: အကြွင်း ( ၅ ) ရသူများ 28th May 2009, 6:03 pm |
|
|
အကြွင်း ( ၅ ) ရပါက သူကိုယ်တိုင်ဒီစကားပြောရတာ သေချာရဲ့လားဆိုတာတောင် သူ့ဘာသာသူမသိနိုင်ဘူး ။ တစ်ခါတစ်လေ ကိုယ့်ကိုချစ်လိုက် ၊ မေ့ထားလိုက်လုပ်မှာ ။ ရည်စားစကားပြော ချစ်ခွင့်ပန်ပြီး ဒီစကားပဲ သူ မပြောသလိုလို ၊ တစ်ခါလောက်ပြောပြီး ၊ ကိုယ်ကမှုပြီး အချိန်ဆွဲထားရင် ကြားထဲမှာ ထပ်အဖြေတောင်းမှာတောင် မဟုတ်ဘူး ။ သူတကယ်ချစ်တဲ့သူမှ ဟုတ်ရဲ့လား.....သူ့ရင်ထဲမှာ အသည်းနှလုံးရော ရှိရဲ့လာဆိုတာ လေ့လာစို့ ။ သူ့စိတ် ၊ သူ့ပတ်ဝန်းကျင်နဲ့ ကိုယ်အဆင်ပြေပါ့မလား တွေးကြည့်ပေါ့ ။ ငြင်းစရာ မရှိလောက်အောင် ပြည့်စုံလို့ လက်ခံမယ် ။ ကိုယ်ကသာ မဆွတ်ခင်က ညွတ်ချင်ချင်ဖြစ်ပြီး သူလာပြောတာနဲ့ အဖြေပေးခဲ့မိရင် လက်ထပ်ဖို့တော့ အချိန်လေးယူပါဦး ။
|
|
|
|
decembergirl
နားလည်စအရွယ်
လိင်(ကျား/မ) :
ရေးသားချက်ပေါင်း : 36
ရမှတ်ပေါင်းမှာ : 89
ရေးသားချက် သဘောကျခံရမှု : 1
ဖိုရမ် ပြိုင်ပွဲများမှ ဆုရရှိမှုများ :
မှတ်ပုံတင်သည့်နေ့ : 2009-05-03
အသက် : 32
တည်နေရာ : magway
အလုပ်အကိုင်/၀ါသနာ : ကျောင်းသူ ဓါတ်ပုံရိုက် listen the song
|
Subject: အကြွင်း ( ၆ ) ရသူများ 31st May 2009, 5:58 pm |
|
|
အကြွင်း ( ၆ ) ရပြီဆိုရင်တော့ တကယ်ကောင်းတဲ့သူဆိုတာ သတ်မှတ်လိုက်ပါ ။ သူ့မေတ္တာက တကယ်တည်ငြိမ်ပါတယ် ။ ကိုယ်မှတစ်ပါး နောက်တစ်ယောက် ထားမှာ မဟုတ်ပါဘူး ။ ပြီးခဲ့တဲ့ အတိတ်မှာ ဘယ်လောက်ပဲရှုပ်ရှုပ် ကိုယ်နဲ့ကျမှ တည်တည်ငြိမ်ငြိမ် ဖြစ်မှာ ။ အသက်အနေအထား ၊ ဖြတ်သန်းရတဲ့ ပတ်ဝန်းကျင်အနေအထားခြင်း မတူညီမှုတွေကြားထဲကမှ ပေါက်ဖွားလာတတဲ့ အချစ်စစ် တကယ်လက်ထပ်သင့်တဲ့ သူပေါ့ ။ သူကသိပ်ချစ်တတ်တဲ့သူပါ ။ ကိုယ့်အလိုကို တကယ်လိုက်မှာ ။ ရေရှည်တည်မြဲ ပါတယ် ။ TRUE LOVE ဆိုတဲ့ အနောက်တိုင်းမှာ ဆိုတဲ့ အချစ်မျိုးပေါ့ ။ ကိုယ့်မိဘ ၊ ကိုယ့်အသိုင်းအ၀ိုင်းနဲ့ သူ့အသိုင်းအ၀ိုင်းပါ ဖပ်ဟက်လို့ ရရင်တော့ ကောင်းပြီသာ အောက်မေ့ပေတော့ ။
|
|
|
|
decembergirl
နားလည်စအရွယ်
လိင်(ကျား/မ) :
ရေးသားချက်ပေါင်း : 36
ရမှတ်ပေါင်းမှာ : 89
ရေးသားချက် သဘောကျခံရမှု : 1
ဖိုရမ် ပြိုင်ပွဲများမှ ဆုရရှိမှုများ :
မှတ်ပုံတင်သည့်နေ့ : 2009-05-03
အသက် : 32
တည်နေရာ : magway
အလုပ်အကိုင်/၀ါသနာ : ကျောင်းသူ ဓါတ်ပုံရိုက် listen the song
|
Subject: အကြွင်း ( ၀ ) ရသူများ 31st May 2009, 6:08 pm |
|
|
အကြွင်း ( ၀ ) ရခဲ့ရင် မဟန်ပါဘူး ။ ကန်တော့ဆွမ်းလို့သာ ပြောလိုက်ပါတော့ ။ သူ့အချစ်နဲ့ ကိုယ်နဲ့ မထိုက်တန်ပါဘူး ။ ဟိုမရှင်း ၊ ဒီမရှင်းနဲ့ အရှုပ်ထုပ်ထဲ ကိုယ့်ပါဆွဲထည့် နေတာ ။ သူ့ကို သွားကြိုက်မိလို့ကတော့ ငါးပါးကိုမှောက်ပြီသာမှတ် ။ ရှေးစကား ပြောတာ မှတ်မိသေးတယ် “ဒူးနဲ့ မျက်ရည်သုတ်နေရမယ်” ဆိုပဲ ။ သူ့ချစ်စကားကလည်း မဟန် ၊ ချစ်ရေးဆိုပုံကလည်း တစ်မျိုးနဲ့ မလည်မ၀ယ် မိန်ကလေးများ ဆိုရင်တော့ ကျားရှေ့ ရောက်တဲ့ သမင်ပျိုလေး ဖြစ်သွားမယ် ။ ပညာပါပါနဲ့သာ ဖယ်ထုတ်လိုက်ပါ ။ ယောင်လို့များ မတွဲလေနဲ့ ။ ယူလို့လည်း မကောင်း ၊ မယူမိပြန်ရင်လည်း လိုက်နှောက်ယှက် ဒုက္ခပေးပြီး အရှက်ခွဲမယ့် သူပေပဲ ။ အလိမ်မ္မာလေးနဲ့ ငြင်းလိုက်ပါ ။
|
|
|
|
Sponsored content
|
Subject: Re: လူတိုင်းအတွက် ဗေဒင်လေးပါ.......... |
|
|
|
|
|
|
|
လူတိုင်းအတွက် ဗေဒင်လေးပါ.......... |
|
|