kyawaung
လေ့လာစအရွယ်
လိင်(ကျား/မ) :
ရေးသားချက်ပေါင်း : 3
ရမှတ်ပေါင်းမှာ : 9
ရေးသားချက် သဘောကျခံရမှု : 0
ဖိုရမ် ပြိုင်ပွဲများမှ ဆုရရှိမှုများ :
မှတ်ပုံတင်သည့်နေ့ : 2013-07-31
အသက် : 32
|
Subject: မင်းအတွက်.... 2nd August 2013, 10:15 pm |
|
|
ချစ်သူ ……….
မှောင်မိုက်သောညအခါမှာ အလင်းကိုတောင့်တမိသလို …
ပူပြင်းတဲ့နွေကာလလမ်းခရီးမှာ အေးမြတဲ့အရိပ်ကိုတောင့်တမိသလို …
စာနာမှု ၊ သာယာမှုသာယာမှုတွေခေါင်းပါးနေတဲ့ ငါ့ဘ၀မှာမင်းရဲ့ဖြူစင်တဲ့အချစ်ကိုတပ်မက်မိတယ် …..
ချစ်သူ ……….
နှင်းဆီပန်းကလေးတွေရဲ့အလှကို ပန်းအိုးလေးကတင့်တယ်စေသလို …
လပြည့်ညရဲ့အလှကို ကြယ်လေးတွေကပြည့်စုံစေသလို …
မင်းရဲ့ဘ၀လေးသာယာလှပစေဖို့ ဖြည့်ဆည်းပေးချင်တယ် …..
ချစ်သူ ……….
နောက်ဆုံးအချိန်ထိမွှေးပျံ့ နေမယ့် ရနံ့ မပြယ်တဲ့ပန်းလေးတစ်ပွင့်လို …
အမြဲတမ်းစီးဆင်းနေမယ့် မြစ်လေးတစ်စင်းလို …
မင်းအပေါ်သစ္စာရှိရှိ ချစ်သွားချင်တယ် …..
ချစ်သူ ……….
ငါ့အားမင်းရဲ့ချစ်ခြင်းတွေပေးအပ်ပါတော့ ……
|
|