kyawaung
လေ့လာစအရွယ်
လိင်(ကျား/မ) :
ရေးသားချက်ပေါင်း : 3
ရမှတ်ပေါင်းမှာ : 9
ရေးသားချက် သဘောကျခံရမှု : 0
ဖိုရမ် ပြိုင်ပွဲများမှ ဆုရရှိမှုများ :
မှတ်ပုံတင်သည့်နေ့ : 2013-07-31
အသက် : 32
|
Subject: နဲနဲလေးတွေးရအောင် ..... 2nd August 2013, 10:23 pm |
|
|
အလှမွေးငါးကန်ထဲကငါးလေးတွေ ၊ အလှပန်းအိုးထဲက ပန်းလေးတွေ ၊ ချစ်လို့မွေးထားတဲ့ တိရိစ္ဆာန်လေးတွေကိုမြင်မိတိုင်း စိတ်ထဲမှာအကြောင်းအရာတစ်ခုကိုအမြဲတွေးမိတယ် … လူတွေချစ်တယ်ဆိုတာချုပ်ချယ်ချင်တာပဲဆိုတာကိုပေါ့ …. တကယ်ချစ်ခြင်းမေတ္တာဆိုတာ အပြစ်ကင်းစင်ပါတယ် … အေးချမ်းတယ် … ဧည့်ခန်းထဲကပန်းအိုးမှာအလှထိုးထားတဲ့ ပန်းလေးကိုကြည့်နေရတဲ့အရသာနဲ့ အလေ့ကျပေါက်နေတဲ့ ပန်းပင်လေးကိုနေ့တိုင်သွားကြည့်နေရတဲ့အရသာဟာတော်တော်ကွာမှာပါ ။ ပိုင်ဆိုင်လိုစိတ်မရှိဘူး ၊ အတ္တတွေကင်းတယ် ၊ သူနဲ့သဟဇာတဖြစ်တဲ့ပတ်ဝန်းကျင်ကနေဆွဲထုတ်မသွားဘူး ၊ သူ့ဘာသာသဘာဝအတိုင်း လန်းဆန်း ရှင်သန်နေတာလေးကိုပဲကြည့်နေရတာကြည်နူးဖို့ကောင်းပါတယ် ။နေ့တိုင်းကြည့်ရဖို့အတွက် ပန်းကိုခူးယူသွားခြင်းမရှိဘူး တစ်နည်းအားဖြင့် ကိုယ့်ရဲ့လိုအင်တစ်ခုအတွက်နဲ့ ကိုယ်ချစ်တဲ့သူအပေါ်ဒုက္ခပေးခြင်းမရှိဘူးပေါ့ ။ ကိုယ်ပဲအပင်ပန်းခံတယ် ။ ဒါပေမယ့်လည်း ပင်ပန်းသမျှက ပန်းလေးရဲ့ သဘာဝအလှကိုတွေ့လိုက်ရတာနဲ့ ပင်ပန်းတယ်လို့တောင်မဆိုနိုင်တော့ပါဘူး …. စိတ်ချမ်းသာဖို့တော်တော်ကောင်းပါတယ် … ကျွန်တော်တို့ကော ကျွန်တော်တို့ချစ်တဲ့သူတွေကို ဘယ်လိုမျိုးနဲ့ချစ်ကြမှာလဲ ????????????????
|
|