ညနက်
လေ့လာစအရွယ်
လိင်(ကျား/မ) :
ရေးသားချက်ပေါင်း : 3
ရမှတ်ပေါင်းမှာ : 9
ရေးသားချက် သဘောကျခံရမှု : 0
ဖိုရမ် ပြိုင်ပွဲများမှ ဆုရရှိမှုများ :
မှတ်ပုံတင်သည့်နေ့ : 2011-01-16
အသက် : 32
တည်နေရာ : ရန်ကုန်
အလုပ်အကိုင်/၀ါသနာ : ရေကြောင်းသိပ်ပံ 2nd year
|
Subject: ကောက်ရဖူးတဲ့ သူငယ်ချင်းလမင်းလေး 16th January 2011, 12:53 pm |
|
|
မိုးသားထက်ကတိမ်တိုက်နဲ့ မိုးသားအောက်က ကျွန်တော် လမ်းလျှောက်ရင်း လမင်းတစ်စင်းကောက်ရ ဖူးတယ် အဲလိုနဲ့သူငယ်ချင်း မလေးရဲ့ အကြည့်မှာ အောင်မြင်စွာကျရှုံးခဲ့တာ ပိတောက်တွေတောင် သုံးကြိမ်မြောက်ပွင့်ခဲ့ရပြီ သူနဲ့ကျွန်တော်ကြားကသံယောဇဉ် ဖဲကြိုးဖြူ အသည်းပုံ ခေါက်ရင်မလှလောက်ဘူးတဲ့ မိုးလင်းကနေ မိုးချုပ် ချစ်သူတွေနဲ့ကျားကွက်ကစားနေကျ အိပ်ခါနီးတောင် ဖုန်းနဲ့ chess ထိုးတာအကျင့် ဖြစ်နေတဲ့ သူလေး မပင်ပန်းဘူးလားလို့စိုးရိမ်ဖူးတယ် ဟုတ်မှာပေါ့ သူငယ်ချင်းရယ် မင်းကလမင်းတစ်စင်းပဲ ကြယ်တွေနဲ့ကစားတာပျော်ဖို့ကောင်းမှာပါ ငါ့အတွက်ကတော့ နွေရောက်လို့သစ်ရွက်ကြွေတာတောင် မလုံလောက်သေးဘူး လေရူးကပါပင့်တိုက်သွားတာ ဘယ်ကိုလွင့်? ဘယ်ကိုမျော? ဘယ်ဆီရောက်မှာပါလိမ့်? တစ်ဖတ်သက်ရူးတယ်မပြောနဲ့ ကိုယ်ချစ်တဲ့သူကိုယ့်ချစ်သူပဲ သူငယ်ချင်းမလေ်းချစ်သူ မင်းလျှောက်ချင်တဲ့ လမ်းအရိပ်မထိုးပေးနိုင်ပေမဲ့ ဒီလမ်းမှာမင်းနှင်းဖို့ မြက်ပင်တစ်ပင်အဖြစ်စိမ်းလမ်းခွင့်ပြုပါ ငါပိုင်ဆိုင်တာဆိုလို့ venus ပေးတဲ့ဆုလာဘ် အဖြစ် မျှော်လင့်ချက်ရေတစ်စက်ပဲ ရှိတယ် သူငယ်ချင်းမလေးရယ် မင်းရဲ့အချစ်မြစ်ဟာ ရေပေါလှတဲ့ ပင်လယ်ကြီးဆိစီးဝင်ဖို့ဆုံးဖြတ်ပြီးရင်ပေါ့.......... ရမက်မပါတဲ့ တပ်မက်မှု၊ တန်ဖိုးမရှိတဲ့ မြတ်နိုးမှု၊ အသိဥာဏ်မဲ့ စဉ်းစားခြင်းတွေ၊ သူ့အလိုလိုအဆုံးသတ်ပါလိမ့်မယ် မုတ်တိုင်းမှာလဲ oxygen ပါတယ်တဲ့ မင်းကို အေးမြစေဖို့ တိုက်ခတ်ခွင့်တောင်းနေတဲ့ လေပြေ တွေကိုတောင် ပင်ပန်းစေတဲ့ ဘုရင်မတစ်ပါးပဲလေ မုန်တိုင်း လိုငါ့ကိုနှင်လွတ်ခွင့် အာဏာမင်းမှာရှိပါတယ်။ ငါဟာတစ်ခါတစ်ခါ ကောင်းကင်ခြုံပြီး အိပ်ရသူပါ စိတ်ကူးမဟုတ် တဲ့မြေကြီးပေါ်မှာဘယ်လိုလုပ်ပြီး တိုက်ဆောက်နိုင်မှာလဲ ကြားဖူးသလိုဖျာလိုလိပ်ထိပ်ပေါ်တင်ချင်တာ.... ကော်ဇောမခင်းပေးနိုင်တာ အပြစ်တဲ့လား ? ငါဟာ နာရီတစ်လုံး ဓာတ်ခဲလဲ ပြီးရွေ့သလို ဆက်လျှောက်နေပေမယ့် မင်းနဲ့ ငါဝေး .... ဝေး....သွားတယ်။ မင်းအချစ် ရဖို့ဆုတောင်းချင်လို့ကြယ်ကြွေဖို့ဆုတောင်းတဲ့ ကောင်လေးတစ်ယောက်..... ကြယ်ကြွေတာမြင်တဲ့လူကြီးတစ်ယောက်ဖြစ်သွားရင်တော့ ..... တောင်ဝင်ရိုးစွန်းမှာနေကိုမြင်ရလောက်ပါရဲ့... ""မြတ်နိုးတယ် ဆိုတာ အသိဥာဏ်နဲ့ ချစ်တာ ချစ်တယ် ဆိုတာ နလုံးသားနဲ့ မြတ်နိုးတာ "" ငါဟာမင်းကို မြတ်မြတ်နိုးနိုး ချစ်ခဲ့ ဖူးသူ တစ်ယောက်ပါ "" သတိရတယ် ဆိုတာ တစ်ခါတစ်လေ လွမ်းမိတာ လွမ်းတယ်ဆိုတာ အချိန်တိုင်း လွမ်းတာ ငါိ့ကိုသတိတရတော့ လွမ်းခွင့်ပေးပါ သူငယ်ချင်းမလေးရယ် Blacknight(ညနက်)
|
|