မြှားနတ်မောင်
မြှားနတ်မောင် (အချစ်နှင့် ခံစားမှုသီးသန့်) ဖိုရမ်အား လာရောက်လည်ပတ်ပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်။ ဖိုရမ်တွင်းဝင်ရောက်လိုပါက log in ကို click နှိပ်ပေးခြင်းဖြင့်လည်းကောင်း၊ အသင်းသားအဖြစ် မှတ်ပုံတင်လိုပါက Register ကို click နှိပ်ခြင်းဖြင့် လည်းကောင်း၊ ဧည့်သည်တော်အနေဖြင့် အသုံးပြုလိုပါက Do not display again ကိုနှိပ်၍ လည်းကောင်းအသုံးပြုနိုင်ပါသည်။
မြှားနတ်မောင်
မြှားနတ်မောင် (အချစ်နှင့် ခံစားမှုသီးသန့်) ဖိုရမ်အား လာရောက်လည်ပတ်ပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်။ ဖိုရမ်တွင်းဝင်ရောက်လိုပါက log in ကို click နှိပ်ပေးခြင်းဖြင့်လည်းကောင်း၊ အသင်းသားအဖြစ် မှတ်ပုံတင်လိုပါက Register ကို click နှိပ်ခြင်းဖြင့် လည်းကောင်း၊ ဧည့်သည်တော်အနေဖြင့် အသုံးပြုလိုပါက Do not display again ကိုနှိပ်၍ လည်းကောင်းအသုံးပြုနိုင်ပါသည်။
မြှားနတ်မောင်
Would you like to react to this message? Create an account in a few clicks or log in to continue.
မြှားနတ်မောင်


 
email အသုံးပြုရန်email အသုံးပြုရန်  HomeHome  Portal*Portal*  GalleryGallery  Latest imagesLatest images  RegisterRegister  Log in  email အသုံးပြုရန်email အသုံးပြုရန်  
"မြှားနတ်မောင်(အချစ်နှင့် ခံစားမှုသီးသန့်) ဖိုရမ်အား လာရောက်လည်ပတ်ပေးတဲ့ Guest တစ်ယောက် ကိုယ် စိတ် နှလုံး သုံးပါးလုံး ရွှင်လန်းချမ်းမြေ့ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးပါတယ်ခင်ဗျာ။"
Log in
Username:
Password:
Log in automatically: 
:: I forgot my password
ဧည်သည်တော်အတွက်လမ်းညွှန်
ဖိုရမ်စာမျက်နှာများ
ဖိုရမ်ရေးသားချက်များသို့ ၀င်ရန်




ရေးသားချက်အသစ်များ
» နဲနဲလေးတွေးရအောင် .....
နံနက်ခင်းတစ်ခုအကြောင်း Empty2nd August 2013, 10:23 pm by

» မင်းအတွက်....
နံနက်ခင်းတစ်ခုအကြောင်း Empty2nd August 2013, 10:15 pm by

» ကျွန်မကတော့
နံနက်ခင်းတစ်ခုအကြောင်း Empty31st July 2013, 11:49 pm by

» အချစ်ဟာတစ်ခါတစ်လေ ပူလောင်တတ်လား?
နံနက်ခင်းတစ်ခုအကြောင်း Empty25th May 2013, 4:44 pm by

» အချစ်ကိုခံစားဖူးသူတွေအတွက်..
နံနက်ခင်းတစ်ခုအကြောင်း Empty25th May 2013, 4:36 pm by

» စရိုက်များတဲ့ ဘဝစာမျက်နှာ
နံနက်ခင်းတစ်ခုအကြောင်း Empty23rd December 2012, 1:20 am by

» ရှားတော့မယ်ထင်ပါရဲ့
နံနက်ခင်းတစ်ခုအကြောင်း Empty30th July 2012, 12:28 am by

» အချစ်ဆိုတာ
နံနက်ခင်းတစ်ခုအကြောင်း Empty27th May 2012, 4:41 pm by

» သူငယ်ချင်းအားလုံးဘဲ မင်္ဂလာပါ
နံနက်ခင်းတစ်ခုအကြောင်း Empty27th May 2012, 3:44 pm by


 

နံနက်ခင်းတစ်ခုအကြောင်း

View previous topic View next topic Go down 
Author Message
ဘာကိုမှမသိချင်သူ
နားလည်စအရွယ်
နားလည်စအရွယ်


လိင်(ကျား/မ) : Female Cancer ရေးသားချက်ပေါင်း : 23
ရမှတ်ပေါင်းမှာ : 69
ရေးသားချက် သဘောကျခံရမှု : 0
ဖိုရမ် ပြိုင်ပွဲများမှ ဆုရရှိမှုများ : နံနက်ခင်းတစ်ခုအကြောင်း Empbar10
မှတ်ပုံတင်သည့်နေ့ : 2011-08-18
အသက် : 37
တည်နေရာ : Yangon
အလုပ်အကိုင်/၀ါသနာ : writting & Internet

နံနက်ခင်းတစ်ခုအကြောင်း Vide
PostSubject: နံနက်ခင်းတစ်ခုအကြောင်း   နံနက်ခင်းတစ်ခုအကြောင်း Empty21st August 2011, 1:54 pm

အလုပ်သွားဖို့ အိမ်က ထွက်လာကတည်းက… မထော်မနန်း အဖြစ်အပျက်များစွာနဲ့……………………. ဒီနေ့အဖို့ ဇာတာကောင်းဟန်မတူ………….ဟုတွေးလိုက်မိသည်.။

လမ်းတစ်ဝက်ရောက်တော့ စူပါရုဖ်ဗင်ကားနောက်ခန်းက ကျွန်တော့ကို ခပ်တည်တည်ကြည့်သွားတဲ့ အမွှေးစုတ်ဖွားနဲ့ သကောင့်သားကို စိတ်ထဲကနေ ခဲနဲ့ အချက်ပေါင်းများစွာပစ်ပစ်လိုက်တယ်။ ဒီကောင်ကြီးကတော့ သောက်ဂရုတောင်စိုတ်ဟန်မတူပါဘူး။ လျှာကြီးတစ်လစ်ထုတ်ရင်း တစ်ခြားအရာတွေဖက် ခေါင်းလှည့်သွားလေရဲ့။ အဒေါ်ကြီးတစ်ယောက်က တစ်ညောင်ညောင်အော်တဲ့အကောင်ကို သမီးလေး..သမီးလေးနဲ့ တစ်ဖွဖွသပ်ရင်းခေါ်နေတာတွေ့မိတော့ ကျွန်တော့လည်ပင်းလေးကျွန်တော် ပြန်စမ်းမိပြန်ရော။ ဟုက်တယ်လေ..သူ့သမီးလေး လည်ပတ်ကို ကျွန်တော်တစ်ခါမှ မပိုင်ဘူးတဲ့ အ၀ါရောင်ရှိတဲ့ ရွှေဆိုတာကြီးနဲ့ လုပ်ထားတာကိုး။ အစစ်မှန်းသေချာအောင် လက်လက်ကိုထလို့။

ဆေးလိပ်နံ့ ရလာလို့လားမသိ။ ကိုယ်ပါခံတွင်းချဉ်လာသည်။ ဘေးဘီလှည့်ကြည့်လိုက်တော့ ခြောက်တန်းကျောင်းသားအရွယ်သာရှိသော ကလေးနှစ်ယောက် စကားတပြောပြောနဲ့ ဆေးလိပ်ဖွာရင်းလျှောက်လာသည်ကိုတွေ့ရပြန်သည်။ အော် ကျွန်တော်တို့ခောတ်တုန်းကတော့ အဲဒီအရွယ်တုန်းက ဒါတွေလုပ်ရမှန်း မသိခဲ့။ ခံတွင်းချဉ်ချက်က တော်တော်ဆိုးလာသည်မို့ တွေ့သည့်ကွမ်းယာဆိုင်မှာ ဆေးလိပ်ဝယ်ရင်း မီးညှိနေသည့်အခိုက်……….

……………………………………………..

မခိုင်……ဒီနေ့ဘာကောင်းလဲ ကျွန်မတော့ ငါးတစ်လုံးအပိုင်ရထားတယ်

ဟုက်လား ငါတော့ဘာမှမရဘူး ဒီနေ့…….နင်ပြောသလိုပဲ ငါးကို ပတ်လိုက်မယ်

ပေါက်ရင်တော့ ကျွန်မကို မုန့်ဖိုးပေးရမယ်နော်

အေးပါအေ ညည်းကလည်း

……………………………………………………

မကြားချင်တော့။ ဆေးလိပ်ငွေ့တစ်ချို့ ဖွာထုတ်ရင်းလှည့်ထွက်မိသည့်အခိုက် ချိုလွင်သောရယ်သံတစ်ချို့ ကြားမိပြန်သည်။ ရှေ့တည့်တည့်မှာ မြင်နေရသည်က အသက်ငါးဆယ်အရွယ်ဦးလေးကြီးကို ကိုကြီးဟု ချွဲနွဲ့နေသော နှစ်ဆယ်ကျော် မိန်းမငယ်တစ်ဦး။ကျွန်တော့ကို သာမန်အကြည့်နဲ့ တစ်ချက်ကြည့် ပြီးတော့ အပြုံးတုတစ်ခုနဲ့ ကိုကြီး ဆိုသူရဲ့ ပုခုံးပေါ်ခေါင်းလေးငဲ့လို့။ လူတွေရဲ့ ကျင့်ဝတ်ကို ချိုးဖောတ်ဖို့ အတင်းအကျပ်မဟုက်ပဲ အလွယ်တစ်ကူခိုင်းစေနိုင်သူကို တစ်ခါလောက်တော့ ကျိန်ဆဲလိုက်ချင်သည်။ လူတွေရဲ့လက်နဲ့လုပ်လို့ အသက်ရှင်လာမှ လူတွေကို စေရာခိုင်းနိုင်သူ……..ထိုသူကို တစ်ခါလောက်တော့ ကျိန်ဆဲလိုက်မိတယ်။…..သောက် ပိုတ်ဆံ…….လို့

အင်း……………………….သက်ပြင်းတစ်ချက်ခိုးချ အဆုတ်ထိ အဆိပ်ငွေ့ကို ရှုရှိုက်လိုက်…………………

ကျွန်တော့လိုပဲဒီအဆိပ်ငွေ့တွေထဲမှာ ပျော်ပိုက်နေသူတွေ ဘယ်လောက်များနေမလဲ……………..ဒီအဆိပ်ထဲ ကျွံကျလုလု သူတွေ ဘယ်လောက်များနေမလဲ…

အတွေးတစ်ချို့နဲ့ လမ်းလျှောက်လာရင်း လက်ကြားထဲက ဆေးလိပ်တောင် သုံးချိုးတစ်ချိုးရောက်လို့ ကုန်လုနီးပါး။ လိုရာ မှတ်တိုင်တောင် ရောက်လာပြီ။ ဟော….ဟိုမှာ ကျွန်တော် စီးရမဲ့ ကား…

အတွေးနဲ့အတူ ဆေးလိပ်ကိုပါ လက်စသတ်………..ရောက်လာတဲ့၃၉ဘီအမ်ကို လက်တစ်ဖက်နဲ့ တွဲချိတ်ရင်း……..

ဆွဲ………ဆရာရေ့………….….လို့
Back to top Go down
http://www.htayhsu.multiply.com

နံနက်ခင်းတစ်ခုအကြောင်း

View previous topic View next topic Back to top 
Page 1 of 1
သတိပေးတားမြစ်ချက်
"ပုံကလေးများသာပါသော စာကြောင်းရေးသားခြင်းနှင့် forum နှင့် topic အတွက် အဓိပ္ပါယ်မရှိသော စာသားများ ရေးသားခြင်းကို ခွင့်မပြုပါ။"

Permissions in this forum: You cannot reply to topics in this forum
မြှားနတ်မောင် :: အချစ်နှင့် ရသစာပေများ(ကဗျာ၊ ၀တ္ထု၊ ဆောင်းပါး၊ ဟာသ၊ ဒဿန) :: ၀တ္ထု :: ကိုယ်တိုင်ရေး ၀တ္ထုများ။ -
Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com