saiassonar
လေ့လာစအရွယ်
လိင်(ကျား/မ) :
ရေးသားချက်ပေါင်း : 2
ရမှတ်ပေါင်းမှာ : 6
ရေးသားချက် သဘောကျခံရမှု : 0
ဖိုရမ် ပြိုင်ပွဲများမှ ဆုရရှိမှုများ :
မှတ်ပုံတင်သည့်နေ့ : 2011-11-29
အသက် : 36
တည်နေရာ : တောင်ကြီး
အလုပ်အကိုင်/၀ါသနာ : မရှိ ။ ကဗျာရေး၊ စာဖတ်၊
|
Subject: အနှိုင်းမဲ့ပုခတ်လွှဲသောလက် 4th December 2011, 5:45 pm |
|
|
နှိုင်းယှဉ်လို့ကို မရခဲ့တာပါ...
အဝေးကအဆွေးနဲ့အပြန် နွေးထွေးစွာ ပြေးကြိုတတ်တဲ့.....
အဆင်မပြေမှုတိုင်းကို ဝေငှခွင့်အစဉ်အမြဲပေးတတ်တဲ့ ......
နားလည်မှု အထွေထွေနဲ့ အမေ.....
ငွေမရှိလည်း အခမဲ့ဝင်ထွက် တည်းခိုခ မလို စားစရိတ်မပေးရတဲ့ အမေ့ရဲ့သုခစုံတဲ့ နန်းတစ်ဆောင်.....
နာကျင်ချိန်တိုင်း အမေ့ရဲ့အနား တဖ၀ါးမခွာခဲ့ချင်ပေမယ့် .....
ပျော်ရွှင်ချိန်တိုင်းမှာတော့ ကျွှန်တော့်ရဲ့စိတ်တွေ အိပ်ငိုက်လို့ ......
ကိုငှက်ကြီးက ကျွေးဟောင်းဆပ်ခွင့်တောင်းခဲ့ပေမယ့် ကျွန်တော် ကတော့ ကျွေးသစ်တွေ ထပ်ထပ်ပြီးပေးမိနေဆဲပါ...
အမေ ပုခတ်လွှဲကတည်းက ညှောင်းခဲ့တဲ့လက် အခုချိန်ထိလည်း အပူတွေငြိမ်းရလို့နာကျင်နေလည်း အနှိုင်းမဲ့သော ကြင်နာမှုတွေနဲ့ ....
အမေ ဆိုတာ သစ်မြစ်ဆုံကိုလှပအောင် ထုဆစ်မဲ့ ပန်းပုပညာရှင်ဆိုလည်းဟုတ်ရဲ့.....
အမေဆိုတာ အပူမီးတွေငြိမ်းအေးပေးမယ့် စိမ့်စမ်းရေကြည်တစ်ပေါက်လည်းဟုတ်ရဲ့....
အမေဆိုတာ တစိမ့်စိမ့်တွေးလေ ကျေးဇူးတရားတွေ ဆပ်မကုန်လေပါပဲ.... (စိုင်းအယ်ပြည့်)
|
|