aprilkaunglay
နားလည်စအရွယ်
ရေးသားချက်ပေါင်း : 13
ရမှတ်ပေါင်းမှာ : 38
ရေးသားချက် သဘောကျခံရမှု : 1
ဖိုရမ် ပြိုင်ပွဲများမှ ဆုရရှိမှုများ :
မှတ်ပုံတင်သည့်နေ့ : 2009-03-13
အသက် : 33
တည်နေရာ : လားရှိုး
အလုပ်အကိုင်/၀ါသနာ : ကျောင်းသား
|
Subject: မာယာကစားပွဲ 12th May 2009, 10:38 pm |
|
|
သူက“လိမ်” ကိုယ်က“ညာ”နဲ့ မာယာကစားပွဲတစ်ခု မမောပဲ တို့ဆော့နေကြတယ်။
ပန်းတိုင်နှင့် ဦးတည်ရာများ လွဲမှားလို့နေကာ ကြင်နာသူချင်းလွဲ နှလုံးသားများကွဲကြေ စုတ်ပြတ်၍နေလည်း ကြေကွဲမှုဟာ မျက်နှာမှာမပေါ်စေရ ဘ၀တစ်ခုလောင်းကြေးနဲ့ပဲ အလဲထိုးနေကြရတယ်။
အနိုင်မှာပြုံး အရှုံးမှာငို မျက်ရည်တွေအကြိမ်ကြိမ်စိုခဲ့ပြီ။ ဒုက္ခနဲ့မာယာ အတ္တပါရောစပ် တတ်သမျှပညာကုန်သုံးလျက် မိုက်တွင်းတွေနက်နေကြတယ်။
ကြေကွဲလျက်နဲ့ မျက်နှာမှာပြုံး နှလုံးသားမှာဒဏ်ရာထပ် အားတင်းလျက်သာ ရင်နာနာနဲ့ အခါခါပန်း သေလုနွမ်းလည်း ရဲစွမ်းမာန လူကိုဆွလို့ ဘ၀အဆုံး လမ်းအဆုံးထိ အားလုံးကစားနေကြတယ်။
ဧပရယ်ကောင်လေး
|
|