Admin
Administrator
လိင်(ကျား/မ) :
ရေးသားချက်ပေါင်း : 12
ရမှတ်ပေါင်းမှာ : 43
ရေးသားချက် သဘောကျခံရမှု : 0
ဖိုရမ် ပြိုင်ပွဲများမှ ဆုရရှိမှုများ :
မှတ်ပုံတင်သည့်နေ့ : 2009-03-13
အသက် : 33
တည်နေရာ : Lashio
အလုပ်အကိုင်/၀ါသနာ : Student
|
Subject: အစမ်းခန့် topic ထိန်းသိမ်းသူများ လိုက်နာရန်စည်းကမ်းများ။ 24th May 2009, 12:57 pm |
|
|
အစမ်းခန့် topic ထိန်းသိမ်းသူ ဆိုသည်မှာ ဖိုရမ် အုပ်ချုပ်ရေးမှုးမှ သင့်တော်မည်ထင်သည့် topic များတွင် ပြုပြင်ထိန်းသိမ်းနိုင်မည့်၊ ရေးသားချက်များကို ပြုလုပ်ပေးနိုင်မည့် သူများကို ခန့်အပ်ထားခြင်းကို ဆိုလိုခြင်းဖြစ်သည်။ အစမ်းခန့် topic ထိန်းသိမ်းသူများ လိုက်နာရမည့် စည်းကမ်းများမှာ ၁။ ။ ပေးအပ်ထားသော topic နှင့် ပတ်သတ်သည့် ကိစ္စအ၀၀ကို တာဝန်ယူဖြေရှင်းနိုင်ရမည်။ မဖြေရှင်းနိုင်သော ကိစ္စများရှိပါက admin သို့ PM ဖြင့်လည်းကောင်း၊ gtalk တွင်ရှိသော admin@myarnetmaung.co.cc သို့လည်းကောင်း အကြောင်းကြား တင်ပြနိုင်သည်။ ၂။ ။ မိမိတာဝန်ယူထားသော topic ကို ၀င်ရောက်ရေးသားသူများ၏ ရေးသားချက်များကို အကြောင်းတစ်စုံတစ်ရာ မရှိပဲ ဖျက်ပစ်ခြင်း၊ ပုဂ္ဂိုလ်ရေး မကျေလည်မှုများရှိ၍ ဖျက်ပစ်ခြင်းများကို ခွင့်မပြုပါ။ ဖိုရမ်စည်းကမ်းများနှင့် မကိုက်ညီသောစာများကို ပယ်ဖျက်လိုပါက admin သို့ အကြောင်းကြားပြီးမှ ပယ်ဖျက်ခွင့်ပြုပါမည်။ ၃။ ။ မိမိထိန်းသိမ်းထားသော topic ကို ဖြစ်နိုင်ပါက တစ်ရက်တစ်ကြိမ်၊ အနည်းဆုံး သုံးရက်တစ်ကြိမ် ၀င်ရောက် ကြည့်ရှု ထိန်းသိမ်းပေးရမည်။ ခရီးဝေးသွားခြင်းများ၊ အကြောင်းကြောင်းကြောင့် အဆင်မပြေမှုများရှိပါက admin သို့ ကြိုတင်အကြောင်းကြားပေးရမည်ဖြစ်ပါသည်။ ၄။ ။ မိမိတာဝန်ယူထားသော topic ကို တစ်လတိတိ မ၀င်ရောက်ပဲ ထိန်းသိမ်းမှု ပျက်ကွက်ခဲ့ပါက topic ထိန်းသိမ်းသူအဖြစ်မှ ပယ်ဖျက်မည် ဖြစ်သည်။ ၅။ ။ မိမိတာဝန်ယူထားသော topic ကို ထိန်းသိမ်းနိုင်မှုမရှိတော့ပါက admin သို့ အကြောင်းကြား၍ နှုတ်ထွက်ခွင့် တောင်းခံရမည်။ အကြောင်းကြားမှုများမရှိပဲ မိမိသဘောအတိုင်း ၀င်ရောက် ထိန်းသိမ်းမှုများမရှိပါက နောင်တစ်ချိန်တွင် မည်သည့်တာဝန်မှ ပေးအပ်တော့မည်မဟုတ်ကြောင်းကို သတိပြုရပါမည်။
Admin မြှားနတ်မောင်(အချစ်နှင့် ခံစားမှုသီးသန့် ဖိုရမ်)
|
|