ဇေလေး
ရင့်ကျက်စအရွယ်
လိင်(ကျား/မ) :
ရေးသားချက်ပေါင်း : 131
ရမှတ်ပေါင်းမှာ : 194
ရေးသားချက် သဘောကျခံရမှု : 2
ဖိုရမ် ပြိုင်ပွဲများမှ ဆုရရှိမှုများ :
မှတ်ပုံတင်သည့်နေ့ : 2009-05-12
အသက် : 38
တည်နေရာ : တစ်နေရာရာပေါ့
အလုပ်အကိုင်/၀ါသနာ : ကွန်ပျူတာနဲ့ နပန်းလုံးနေရခြင်း...
|
Subject: ဇေလေး................................ 12th May 2009, 11:37 pm |
|
|
ဇေလေးကို ဇေလေးလို့ခေါ်တယ်
်ဇေလေး ဟာ ဘယ်တော့မှ အိပ်ရာမသိမ်းဘူး
မနက်ဖြစ်ဖြစ် ညဖြစ်ဖြစ် အိပ်မိတဲ့ နေရာဟာ အိပ်ရာပဲ
ဇေလေး မှာ တိုး***တွဲလောင်း ဖြစ်နေတဲ့
တစ်စစီ ပြန့်ကျဲနေတဲ့ အိပ်ရာတွေရှိတယ် ။
ဇေလေး မှာ စားစရာမရှိဘူး
ဇေလေးကို ကျွေးချင်မွေးချင်တဲ့သူတွေပေါတယ်
ဇေလေးက ဘယ်သူလိုချင်ချင် မလိုချင်ချင်
လိုအပ်မယ် ထင်တဲ့ အကူအညီတိုင်းကို အိတ်စိုက်ပေးတတ်တယ် ။
ဇေလေးဟာ ထူးခြားတဲ့ လူတစ်ယောက်ဖြစ်နေတယ်
ဇေလေးစိတ်ဟာ သာမာန်မဟုတ်တာသေချာတယ်
ဇေလေး တစ်နေရာရာကို ငေးနေပြီလား
ဇေလေးတစ်ယောက်ထဲ စကားပြောနေလား
ဇေလေး စွန်လွှတ်နေပြီလား
ဇေလေး ဂွေလိမ့်နေပြီလား
ဇေလေး ရေထမ်းနေသေးလား
ဇေလေးအုန်းပင်တက်နေတုံးလား
ဇေလေး ဆိုက္ကားနင်းတုံးလား
ဇေလေး လ္ဘက်ရည်ဆိုင်မှာပန်ကန်ဆေးနေလား
ဇေလေး အရင်ကလို ကမ်းနားမှာပဲ အလုပ်ဖြစ်နေသေးလား ။
ဇေလေး က သံယောဇဉ်ကင်းတယ်
ဇေလေး မှာ အပူအပင်မရှိဘူး
ဇေလေးဟာ ဘ၀ကို ***နက်နက်ထိရောက်အောင်တူးခဲ့ဖူးတဲ့တွင်းတူးသမား
ဇေလေးဟာ ဂုန်နီအိတ်ထက်နွေးတဲ့ စောင်မျိုးနဲ့
ဆောင်းတွင်းတစ်တွင်းကိုဖြတ်သန်းချင်သူ
ဇေလေး ဟာ အုန်းသီးထဲကရေကို ဘယ်သူထည့်သွားလဲဆိုတာသိချင်တဲ့သူ ။
ဇေလေးဘယ်ကလာလဲ ဘယ်သူမှမသိဘူး
ဇေလေး ဘယ်ကိုသွားချင်နေလဲ ဘယ်သူမှမသိဘူး
အခုအချိန်ထိ ဒီရပ်ကွက်ထဲကလူတွေ
ဇေလေး ဆိုတာ ဘယ်သူဘယ်ဝါမှန်းမသိကြပေမယ့်
ဇေလေး မရှိရင် မဖြစ်ဘူးဆိုတာကိုတော့ သိနေကြပုံပဲ ။ ။
|
|