ဇေလေး
ရင့်ကျက်စအရွယ်
လိင်(ကျား/မ) :
ရေးသားချက်ပေါင်း : 131
ရမှတ်ပေါင်းမှာ : 194
ရေးသားချက် သဘောကျခံရမှု : 2
ဖိုရမ် ပြိုင်ပွဲများမှ ဆုရရှိမှုများ :
မှတ်ပုံတင်သည့်နေ့ : 2009-05-12
အသက် : 38
တည်နေရာ : တစ်နေရာရာပေါ့
အလုပ်အကိုင်/၀ါသနာ : ကွန်ပျူတာနဲ့ နပန်းလုံးနေရခြင်း...
|
Subject: တကယ်လို့ ဖြစ်နိုင်ရင် 12th May 2009, 11:42 pm |
|
|
တကယ်လို့ ငါသာ... ဘာကိုမှ မမြင်တွေ့နိုင်ခဲ့ရင်... ဒီလောကကြီးရဲ့ သူစိမ်းဆန်မှုတွေ အကျည်းတန်မှုတွေကို... တွေ့မိမှာ မဟုတ်ဘူး... ဘယ်အရာမဆိုအကောင်းအတိုင်း လှပနေမှာပဲလို့ ထင်နေမိဦးမှာ... တကယ်လို့ ငါသာ... ဘာကိုမှ မကြားသိနိုင်ခဲ့ရင်... ဒီလူတွေရဲ့ ဟန်ဆောင်ချိုသာတဲ့ စကားလုံးအတုတွေ... နောက်ကွယ်က ထိုးနှက်ပုတ်ခတ်နေတဲ့ ဒီစကားသံတွေကိုလဲ... ကြားမိမှာမဟုတ်ဘူး... သူတို့တွေ ပြောသမျှ အဟုတ်ကြီးပဲ ထင်နေမိဦးမှာ... တကယ်လို့ ငါသာ... ဘာကိုမှ မခံစားတတ်ခဲ့ရင်... ဒီချစ်ခြင်းတွေ မုန်းခြင်းတွေ နားလည်ရခက်တဲ့... ဒီလိုခံစားချက်တွေနဲ့ ဝေဒနာတွေကို... ခံစားမိမှာ မဟုတ်ဘူး... နှလုံးသားကို ဒါဏ်ရာတွေမပေး... အရောင်တွေလဲ မဆိုးပဲ... ပဂတိအဖြူထည်လေးအတိုင်း ထားထားမိဦးမှာ...
ဖြစ်နိုင်ရင် ငါလေ... မျက်မမြင်တယောက်အဖြစ်နဲ့ ဒီလောကကြီးကို ထိုင်ကြည့်ချင်တယ်... ဒါဆို အလင်းမဲ့တဲ့ ငါ့အာရုံတွေထဲမှာ... ဒီလောကကြီးက အရာတိုင်းပြည့်စုံလှပနေတယ်လို့... ကောက်ချက်ချမိမှာ... ဖြစ်နိုင်ရင် ငါလေ... နားပင်းနေတဲ့ လူတယောက်အဖြစ်နဲ့ ဒီလမ်းတွေကို ဆက်လျှောက်ချင်တယ်... ဒါဆို ငါ့နားရွက်တွေကို ဖြုတ်ထားလို့ ဒီလူလောကဆိုတာ ဆိတ်ငြိမ်အေးချမ်း လိုက်တာလို့ ရေရွတ်မိမှာ... ဖြစ်နိုင်ရင် ငါလေ... နှလုံးသားမပါတဲ့ လူသားတဦးအဖြစ် ဒီလူတွေကြားမှာ ဆက်ပြီး ရှင်သန်နေချင်တယ်... ဒါဆို ငါ့ဘ၀အပြုံးတွေမဲ့သွားနိုင်ပေမယ့်... မျက်ရည်တွေ မရှိနိုင်တော့လို့ ဒီလောကကြီး ဘယ်လောက်ကောင်းသလဲလို့... ချီးမွှမ်းနိုင်မှာ...
|
|