ဇေလေး
ရင့်ကျက်စအရွယ်
လိင်(ကျား/မ) :
ရေးသားချက်ပေါင်း : 131
ရမှတ်ပေါင်းမှာ : 194
ရေးသားချက် သဘောကျခံရမှု : 2
ဖိုရမ် ပြိုင်ပွဲများမှ ဆုရရှိမှုများ :
မှတ်ပုံတင်သည့်နေ့ : 2009-05-12
အသက် : 38
တည်နေရာ : တစ်နေရာရာပေါ့
အလုပ်အကိုင်/၀ါသနာ : ကွန်ပျူတာနဲ့ နပန်းလုံးနေရခြင်း...
|
Subject: ထာဝစဉ်...... 12th May 2009, 11:46 pm |
|
|
အကြင်နာတွေ ချိုခဲ့ပေမယ့် မင်းမျက်နှာလေး ညိုနေတာ ဘာကြောင့်လဲ မင်းအပြုံးလေးတစ်ခုအတွက် ရူးရူးမိုက်မိုက်နဲ့ တစ်ဘ၀လုံးကို အလိုက်ပေးဖို့ ရဲဝံ့ခဲ့သူက ငါပါ အသည်းနင့်အောင် ချစ်ခဲ့ပေမယ့် မင်းအပြုံးလေးတစ်ခု အတွက်ပဲ ရင်နင့်အောင် လွမ်းနေရမယ့် သူကလည်း ငါပါပဲဟာ ..... တစ်ကယ်ဆို ငါဟာ တောင်ပံတစ်စုံရဲ့ အားကို ဘယ်လိုမှ မယှဉ်နိုင်တဲ့ လမ်းမလျှောက်နိုင်တဲ့ သစ်ပင်ငယ်ပါ .... ပျံသန်းသွားတော့ ငှက်ငယ်ရေ မင်းပေးခဲ့တဲ့ ဒီဒဏ်ရာနဲ့ ငါ စာ တတ်ခဲ့ပါပြီ သစ်ရွက်ကြွေကို ရွက်လှေလို စီးပြီး မင်းနောက်ကို လိုက်ဖို့ ငါစိတ်ကူး မယဉ်ချင်တော့ပါဘူး လေအဝေ့မှာပဲ ဖြစ်ဖြစ် မိုးသည်းသည်းမှာပဲ ဖြစ်ဖြစ် ငှက်ငယ်လေးတစ်ကောင် လွင့်လာဦးမယ်ဆိုရင်လည်း အကြင်နာချိုတွေ ဖူးပွင့်ပေးဖို့ ဒီရင်ဘတ်ကြီး လန်းဆန်းနေသင့်တယ်လေ ..
|
|