ဇေလေး
ရင့်ကျက်စအရွယ်
လိင်(ကျား/မ) :
ရေးသားချက်ပေါင်း : 131
ရမှတ်ပေါင်းမှာ : 194
ရေးသားချက် သဘောကျခံရမှု : 2
ဖိုရမ် ပြိုင်ပွဲများမှ ဆုရရှိမှုများ :
မှတ်ပုံတင်သည့်နေ့ : 2009-05-12
အသက် : 38
တည်နေရာ : တစ်နေရာရာပေါ့
အလုပ်အကိုင်/၀ါသနာ : ကွန်ပျူတာနဲ့ နပန်းလုံးနေရခြင်း...
|
Subject: ဝေမှူးသွင်၏ ကဗျာများ 16th May 2009, 5:41 pm |
|
|
နောက်ဆက်တွဲ
အခါးသက်ဆုံးနောင်တမှာ မင်းသတင်းတွေက မွှေးပျံလွန်းရဲ့။ ၀ိုင်းစက်သောအချိန်ကာလ၌ လူပြိန်းကြိုက်နေထိုင်ရင်း ငါ .... အဘိဓမ္မာကျမ်းပေါ် ခေါင်းအုံးအိပ်တယ်။ ဗေဒင်မေးပြီး အချစ်ရေးကို စူးစမ်းတယ်။ ဖြစ်လွယ်၊ ပျက်လွယ် အမှန်တရားကို မင်းခံစားမှုလို့ နာမည်ပေးမယ်။ နားလည်ဖို့လွယ်မှာပါ အမှတ်တမဲ့တိုင်းအတွက်တော့ ငါရယ်မပြနိုင်ခဲ့ဘူး။ ကံတရားဟာ အသားအရောင်ခွဲခြားတတ်သလား။ သူမှာ ဖိနပ်တွေ အများကြီးရှိသလား။ ငါတစ်ယောက်တည်းအတွက်တော့ အချစ်ဟာ တန်ဖိုးရှိတဲ့ အမှိုက်ပဲ။ မင်းကိုလွမ်းတိုင်း သတင်းစာတွေထဲမှာ လက်ထပ်ပြီးစီးကြောင်းတွေလျှောက်ဖတ်။ ၀င်ထိုင်မိတဲ့ကဖေးထဲလည်း ၀င်တော့မည့်နေရောင်ခြည်ယဲ့ယဲ့။ ။
ဝေမှူးသွင်
| နေရောင်ခြည်၏အရိုးစု
ငါ့ဟင်းလင်းပြင်ထဲ မောဟတွေ ဒုန်းစိုင်းဝင်လာပြီ။
ပြီးခဲ့တဲ့သီချင်းများအတွက် တစ်ယောက်မျက်လုံးကို တစ်ယောက် ချောင်းကြည့်ကာ အံ့သြမိရဲ့။ လက်ဖ၀ါးပေါ်က အရေးအကြောင်းများကို ယုံကြည်ရင်ခုန်ဖို့ မသေချာမှုတွေထင်ရှားဖို့ စာရိတ္တအဟောင်းကို လဲလှယ်ပစ်ဖို့ ကိုယ့်ကိုယ်ကို တာဝန်သိခဲ့၊ မမြင်နိုင်တဲ့ အမှားအယွင်းများကြောင့် ရခဲ့ဖူးတဲ့ နောင်တတွေကို တမင် မေ့လျော့ပစ်ခဲ့၊ လူ့အဖြစ်ရဲ့ ဟာသတချို့မှာ လွှတ်ခနဲ အသိဉာဏ်တွေရှိတယ်။
စနစ်တကျ. . .ဟုတ်လား ငါတို့ရဲ့ ဆင်ခြေဟာ စည်းကမ်းမဲ့ခဲ့ပြီ။
ဟိုးရှေ့ဆီက စိမ်းစိုမှုအရောင်များ ပညာရှိတစ်ယောက်ရဲ့ စာမျက်နှာ သင်တို့လည်း ဒုက္ခနဲ့ပျော်ရွှင်ဖူးမယ်။
ဟေ့. . .သူစိမ်း ဒီအရပ်မှာ အလင်းရောင်များလှချည့်လား။ ။ ဝေမှူးသွင် (လူပြိန်းရဲ့ အချစ်ဖြစ်ပွားရာကဗျာစာအုပ်မှ)
ကြေးစား
ကံကြမ္မာဟာ ဘီးလို လည်နေသမျှ ငါက စမုတ်ချောင်းတွေလို ကျင့်ရမှာပဲ။
ငွေနဲ့ဝယ်ထားတဲ့ နှလုံးသား ဘယ်လိုအရေပြားအောက်မှာ ပူနွေးစေမလဲ။ အချိန်ကာလကို ဖျော်ဖြေဖို့ဆိုတာ ယဉ်ကျေးမှုကို လိမ်ထားဖို့ လိုလိမ့်မယ်။
ဒီနှစ် ဆောင်းမှာတော့ သစ်တော်သီးတွေ ရှားရဲ့။
ကွေ့ကောက်သောလူတွေအဖို့ မျဉ်းဖြောင့်ဟာ အမှားပဲပေါ့
တိရစ္ဆာန်တစ်ကောင်လို အစွဲအလန်းတွေနဲ့ ငါ့ခေတ်ကပဲ ငါ့မျက်လုံးတွေကို သင်ကြားတယ်။
အားလုံး ဉာဏ်နဲ့ဆိုပေမယ့် စဉ်းစားပုံခြင်းကတော့ ကွာရဲ့။ ။ ဝေမှူးသွင် (လူပြိန်းအချစ်ဖြစ်ပွားရာ ကဗျာစာအုပ်မှ) မတွေးမိသောဘဝ
(၁) ငါတို့ လွတ်ခဲ့တဲ့ ငါးတွေလို မိထားတဲ့ငါးတွေဟာလည်း ထွားပါတယ်။
အချစ်ကို ကြိုတင်လေ့ကျင့်ထားတဲ့ ဇာတ်ဝင်ခန်းအတိုင်း မျက်စိမှိတ်ပြမိရဲ့။ မင်းဆက်လျှောက်ဖို့လမ်းတွေဟာ အရင်လိုပဲ ခက်ခဲသေးလား။
သစ်ပင်တွေရဲ့ ရာဇ၀င် ဒီနေ့ မပြောဖြစ်တော့ပါ။ ကိုယ့်သီချင်းကိုယ် နားထောင်ရတဲ့အခါ လူဟာ စိတ်ကြီးဝင်မှာပဲ။ မင်းက ခံစားလွယ်သူမို့ တစ်ခုတော့ပြောမယ်။
“ငါ့အကြောင်း သိပ်မတွေးပါနဲ့. . .”
(၂) ကမ္ဘာပေါ်က နေရောင်မရှိတဲ့မြို့ကြီးတွေမှာ ပန်းမပွင့်တဲ့ ဥယျာဉ်တွေမှာ ၀မ်းနည်းစရာ လူသားများ ဘာကို ရှာဖွေနေကြသလဲ။ ဘာသာတရားလား သုံးမရတဲ့အတွေးအခေါ်လား ဒါမှ မဟုတ်. . . မြေကြီးလိုသစ္စာမျိုးလား။
ဘာပဲဖြစ်ဖြစ်ကွာ လာ. . .အချစ် ကမ္ဘာ့လူသားတွေဆီ ငါ့တို့မေတ္တာတရားကို ကိုင်းကူးပေးမယ်။
မင်းရှေ့ရေးအတွက် အလေ့အလာ၊ အမှတ်သညာအားလုံးဟာ ငါ့နှလုံးသားမှာ ပွင့်တယ်။ လူဆိုတာကလည်း လေတံခွန်လို အနေအထိုင် တစ်မျိုးပါပဲ။
အခု- ချောက်ထဲက ကိုယ့်ကျင့်တရားတွေဟာ ငါ့ခရမ်းရောင်ကို စိမ်ခေါ်နေကြပြီ။ ငွေကြေးဆိုတဲ့အသိများ မျိုးပွားနေကြပြီ။
ဒီမှာတော့. . . အဟောင်းတွေချည်းပဲ ပုစ္ဆာတွေချည်းပဲ ငါကလွဲလို့ အားလုံး တစ်ကိုယ်ကောင်းဆန်ကြတယ်။
(၃) မင်း ရယ်သံတွေနဲ့ ငါ မယဉ်ကျေးနိုင်သေးသရွေ့ ပထမဆိုကို ငြင်းမယ် အကောင်းဆုံးဆုကိုပဲ လက်ခံမယ်။
ပျော်ချင်ယောင်တော့ မဆောင်ပါနဲ့ အချစ်ရယ်. . . ဒီရုပ်၊ ဒီခန္ဓာမှာပဲ ဒီနေ့တွေကို မနေ့ကအတိုင်း မစဉ်းစားနိုင်ခဲ့ဘူး။
(၄) သာမန်လူများအတွက် မီးရထားကြီးတစ်စီးလောက် ပိုင်ချင်ပါတယ် ပျော်ရွှင်ခြင်းတွေ ခုတ်မောင်းဖို့. . .။ ။ ဝေမှူးသွင် (လူပြိန်းရဲ့အချစ်ဖြစ်ပွားရာ ကဗျာစာအုပ်မှ)
ကတ္တီပါများ
ဘာကိုမှ မလေးနက်ဘဲ ဘယ်ဝါကျကိုမှ ချမရေးဘူး။
ငါ့သစ္စာတရားက ပန်းပွင့်လို အသံမြည်ပြီး ဆင်တစ်ကောင်လို နှာမောင်းသန်တယ်။ သေးငယ်တဲ့ထွန်ကြောင်းတွေ ဇရာ၏ အမှတ်အသားများ ဘ၀ကို စိတ်ရှည်ရန် ဆေးပြားတွေနဲ့ ရော့ခ်ဂီတဟာလည်း အရေးကြီးကြရဲ့။
လမ်းတိုင်းမှာ ပလက်ဖောင်းမလိုပေမယ့် မိုးကြိုးကတော့ အသံထွက် ကျယ်ဖို့လိုတယ်။
လေထဲက ဖုန်မှုန့်တွေက သံသရာအတိုင်းပဲ. . . မိုက်တယ်။
အတက်တုန်းက ဆင်းခဲ့တာတွေအတွက် အဆင်းမှာ တက်ကြရပြီ။ လက်အားနေလို့ ရန်သူကို လက်ဆွဲဂုဏ်ပြုလိုက်ပြီ။
ဒါ ကစားနည်းသစ်ပေါ့။ ငါ့ရှေ့မှာ မီးဆိုက်မရတဲ့ ထင်းလှည်းများစွာ. . . ဘာသာပြန်ထားတဲ့ ရမ္မက်များစွာ. . .
ဖိတ်စင်ခဲ့သော အခြေအနေတွေအတွက် ဖိနပ်တွေကို ပြင်ထားမယ်။ သို့သော်. . . လမ်းများကိုတော့ ငြင်းကြစို့။ ။ ဝေမှုးသွင် (လူပြိန်းရဲ့ အချစ်ဖြစ်ပွားရာ ကဗျာစာအုပ်မှ)
အချစ်အကြောင်း-၃
စိတ်ကူးနဲ့ အလွမ်းကိုသင်ကြားရန် စက္ကန့်လေးတွေကိုငေးကြည့်နေမိတယ်။
ငါ့ရှေ့ကရာစုနှစ်ကြီးတစ်ခုလုံး။ ငါ့နောက်က လူပြိန်းတို့၏ပျော်စရာနေ့များ၊ ဘေးမှာက အဖျားဝင်နေတဲ့မင်းရဲ့နှုတ်ခမ်းနီတွေ....... ဒါနဲ့ပဲ လူတွေပြောစရာဖြစ်ခဲ့ ပြီပေါ့။
တကယ်ဆို လျှာတစ်ချို့အယားပြေစေရုံပါ။ မင်းနဲ့အထိအတွေ့ တွေမှာ စိတ်ကြီးဝင်ဖို့ ဘယ်လိုလောင်ကျွမ်းရမလဲ ဘယ်လိုမှောက်မှားရမလဲ အခု ငါသိပြီ။
ဒီနေ့ရဲ့နောက်ဆုံးအကြောင်းအရာက သတ္တုသစ်ပင်စိုက်ပျိုးရေး၊ ဒီနှစ်အတွက် ပထမဆုံးရောဂါဟာ မင်းပဲ။
သံစဉ်များ ၊ မေ့ဆေးများ၊ စီးကရက်များ၊ ကော်ဖီခွက်များ၊ မတောက်ပသော ကြယ်ပွင့်များသည်လည်း ဝမ်းနည်းဖွယ်ပင်။
နေ့စဉ်ရုပ်ရှင်ဟာ တို့နှစ်ယောက်ကြားမှာ ဆက်ရန်ရှိဆဲ၊ ဒီရေအတက်အကျဟာလည်း လမ်းဘေးဖက်ရှင်တစ်ခုလိုခေတ်စားနေဆဲ။
သွေးမတိတ်သေးတဲ့ အောင်မြင်ကြော်ကြားမှုအကြောင်းပြောရန် ကျွန်တော်တို့ ပျင်းခဲ့ပါပြီ။
စာရွက်ပေါ်မှာ အချစ်ကိုမောင်းနှင်ခဲ့သူပါ။ အခုတော့ ငါ့နှလုံးသားသီချင်းတွေက ဖွယ်ဖွယ်ရာရာပျံ့လွင့်လို့.......................။ (ဝေမှူးသွင် ၏ နောက်ဆုံးထွက် အချစ်အကြောင်းကဗျာစာအုပ်မှ)
အားလုံးကိုကျေးဇူးတင်ပါတယ်.......
| |
|
|