white thug
လေ့လာစအရွယ်
ရေးသားချက်ပေါင်း : 1
ရမှတ်ပေါင်းမှာ : 3
ရေးသားချက် သဘောကျခံရမှု : 0
ဖိုရမ် ပြိုင်ပွဲများမှ ဆုရရှိမှုများ :
မှတ်ပုံတင်သည့်နေ့ : 2010-12-07
|
Subject: Thinking Like A Cloud 7th December 2010, 8:18 am |
|
|
ငါ့အသားက အဖြူရောင်။ ငါက အမြဲတမ်း ပျံသန်းနေတယ်။ ဘယ်သူနဲ့မှလည်း ၀င်မတိုက်မိဘူး။ ၀င်တိုက်လည်းကိစ္စမရှိပါဘူးလေ။ သူမနာ ကိုယ်မနာပဲ။ ငါ့ကြောင့်သူများထိခိုက်မှာကိုလည်းစိုးရိမ်စရာမလိုဘူး။ ဟိုးအောက်က မာနတွေ ဂုဏ်သိက္ခာတွေနဲ့ လူတွေကို ငါအပေါ်စီးကနေ အသာစီးမျက်လုံးနဲ့ကြည့်ရတာ အားရလိုက်တာ။ လူ့ဘ၀ရဲ့ ဒုက္ခ၊ သုခ၊ ၀မ်းနည်းခြင်း၊ ၀မ်းသာခြင်း၊ ချမ်းသာခြင်း၊ ပျော်ရွှင်ခြင်းတွေ ပါဝင်တဲ့ လောကဓံခုနှစ်ပါးလုံးကို ငါ မြင်နေရတယ်။ သေသွားရင် ဘာမှရသွားမှာ မဟုတ်ပဲနဲ့ကို အချင်းချင်းလုနေကြတဲ့လူတွေကို ငါတွေ့နေရတယ်။ မွေးကတည်းက ဘာမှပါမလာဘူး သေသွားလည်း ပါသွားမှာမဟုတ်ဘူးဆိုပြီး ဘ၀ကို ပျင်းရိငြီးငွေ့နေတဲ့လူတွေလည်း ငါတွေ့တယ်။ ဘ၀မှာ လိုက်လျောညီထွေ ဖြစ်အောင်နေမယ်ဆိုပြီး ကြိုးစားနေတဲ့လူတွေ ငါတွေ့တယ်။ သစ်ပင်အစိမ်းရောင်တွေ ဗလာ သစ်ရွက်နဲ့ သစ်ကိုင်းတွေ ချောင်းကလေးတွေ မြင့်မားတဲ့တောင်ကြီးတွေ နက်ရှိုင်းတဲ့သမုဒ္ဒရာကြီးတွေ အကုန်လုံးပေါ်က ငါပျံသန်းဖူးတယ်။ ငါ့မှာ ဘာမှ ပေးဆပ်ဖို့မရှိသလို စွန့်လွှတ်ဖို့လည်းမရှိဘူး။ တစ်ခုပဲ ဆုတောင်းဖူးပါတယ်။ (လူတွေလိုပဲ အတ္တနဲ့ပေါ့) ငါ့ကို ဘယ်တော့မှ ကမ္ဘာမြေပြင်ပေါ်ကို ပြန်မလွှတ်ဖို့။
|
|