chocolateprince
လေ့လာစအရွယ်
လိင်(ကျား/မ) :
ရေးသားချက်ပေါင်း : 7
ရမှတ်ပေါင်းမှာ : 23
ရေးသားချက် သဘောကျခံရမှု : 1
ဖိုရမ် ပြိုင်ပွဲများမှ ဆုရရှိမှုများ :
မှတ်ပုံတင်သည့်နေ့ : 2009-05-21
တည်နေရာ : at cyber
အလုပ်အကိုင်/၀ါသနာ : ကျောင်းသား၊ networking
|
Subject: ကောင်မလေးသို့ ...တမ်းတခြင်း 25th May 2009, 8:20 pm |
|
|
သတိရတယ်ဆိုတာထက်...အရမ်းလွမ်းတာကပိုမှန်ပါတယ်..။ဒီနေ့ နဲ့ ရေ ရင်..ကောင်မလေး ငါ့ရင်ထဲ က.. ထွက်သွားတာ..တစ်နှစ်တင်းတင်းရှိခဲ့ ပါပြီ.။ ကောင်မလေးရေ..နေကောင်းရဲ့လား..။ဘာတွေလုပ်နေလဲ။ထမင်းကောမှန်မှန်စားရဲ့လား..။ပျော်ပျော်ရွင်ရွင်ကော ရှိရဲ့ လား.။အချစ်ဆိုတာ..ရှိနေခဲ့ရင်..တန်ဖိုးထားရကောင်းမှန်းမသိပေမဲ့..။အနားမှာမရှိတော့ရင်..တမ်းတမ်းတတ ကြီးဖြစ်နေခဲ့ တာ..ငါသိခဲ့ ပါပြီ.။ ကောင်မလေးရေ...အချစ်ဆိုတာအနိုင်ပိုင်လို့ ရတဲ့ ..ကစားပွဲတစ်ခုဆိုရင်..ဒီပွဲ မှာ.နင်ငါ့ကို အနိုင်ပိုင်းခဲ့တာလား.. အမုန်းတွေနဲ့ငါ့ကိုပစ်သွားတာဆိုရင်လည်း..ငါဖြေသာပါသေးတယ်.။အခု..နင်ငါ့ကိုချစ်တယ်လဲမပြော...မုန်းတယ် လဲမဆို..ဘာဆိုဘာမှရေရေရာရာမသိရသေးခင်..။နင်ကအဝေးတစ်နေရာကို..ထွက်သွားပြီလေ.။ ဘာကြောင့် မှန်းမသိပေမဲ့ ...နင့် ကိုငါလွမ်းတယ်..။နင့် ကို တမ်းတတယ်...။နင့် ကိုလွမ်းဆွတ်မိပါတယ်..။ ပြီးတော့..ငါ ၀န်ခံပါတယ်..။နင့် ကို ချစ်တယ်.။ 25.5.2009 8.50 pm
|
|