တက္ကသိုလ်မြတ်မင်း
ချစ်တက်စအရွယ်
လိင်(ကျား/မ) :
ရေးသားချက်ပေါင်း : 89
ရမှတ်ပေါင်းမှာ : 267
ရေးသားချက် သဘောကျခံရမှု : 2
ဖိုရမ် ပြိုင်ပွဲများမှ ဆုရရှိမှုများ :
မှတ်ပုံတင်သည့်နေ့ : 2011-10-28
အသက် : 44
တည်နေရာ : Colombo
အလုပ်အကိုင်/၀ါသနာ : M.Phil Student
|
Subject: လမ်းခွဲခြင်း ဝမ်းနည်းခြင်း 5th December 2011, 6:54 pm |
|
|
တွေးလေတိုင်း မျက်ရည်ဝိုင်း ရင်လှိုင်းထက်က ကြင်သူရေ သူမကြင်နာ ချန်ထားရက်လို့ ရင်မှာလေ ခံစား..ပေါက်ကွဲရင်း ဗလောင်ဆူတဲ့ နှလုံးသားတခွင်မှာ အလွမ်းမိုးတွေ စွေခဲ့ပြီလေ...။
တသက်တာ မထိခိုက်ဖူးတဲ့ ဖြူစင်သော မေတ္တာတွေနဲ့ လွတ်လပ်စွာ နေထိုင်ရင်း ပန်းတစ်ပွင့်ကို နမ်းရှိုက်မိခဲ့တယ်.. အခုတော့.... မျှော်လေတိုင်း ဝေး... တွေးလေတိုင်း ဆွေး... ဒဏ်ရာတွေ ရင်မှာ ခစားရင်း ရင်လှိုင်းခတ်သံတွေ ဒီဇင်ဘာည ဆောင်းတစ်ညမှာ ရာသီမဟုတ်တဲ့ မျက်ရည်မိုးစက်တွေ ငိုချခဲ့ပြီလေ....။
ဆေးဆိုးထားတဲ့ ပန်းတစ်ပွင့်ကို နမ်းရှိုက်မိတဲ့ အမှားတစ်ခုက ကုစားမရတဲ့ ရောဂါတစ်ခုဖြစ်ခဲ့ အဆိပ်ရှိပါလျက် သိသိရက်နဲ့ ပြင်မရတဲ့ အနမ်းတစ်ပွင့်က ခုံမင်တက်မက်ရင်း ခရီးဆက် မျက်ရည်စက်နဲ့ ပူလောင်ရင်း နှင်းစက်တွေလည်း ပျောက်ကွယ်ခဲ့ပြီလေ..။
အဖြေသိတဲ့ ပုစ္ဆာက မျဉ်းပြိုင်နှစ်ခုကြား စည်းမျဉ်းတွေ ကာရံရင်း အမှတ်တစ် သင်္ခန်းစာတစ် ပြီးဆုံးသွားခြင်း အဓိပ္ပာယ်လား...။
စည်းဝိုင်းတွေ ကာရံထား မတူညီတဲ့ လမ်းနှစ်ခုကြား ရွေးချယ်ခြင်း ရလာဒ်က လမ်းခွဲခြင်းတဲ့လား...။
လမ်းခွဲခြင်း ဝမ်းနည်းခြင်း နံရံတွေခြားလို့ ကာရံတံတိုင်းတွေ စည်းချက်ချ..... မညီမျှတဲ့ ဘဝပေတံက မျဉ်းပြိုင်နှစ်ခုကြား သင်္ခန်းစာ အသစ်တစ်ခုအတွက် လမ်းခွဲခြင်း ရလာဒ်တဲ့လား...။
တက္ကသိုလ်မြတ်မင်း
http://www.myatminnpoem.blogspot.com
|
|